ကိုယ်ဝန်ဆောင်ချိန်တွင်း စိတ်လှုပ်ရှားတွေ တော်တော်များများကြုံရတယ်။ အဓိက စိတ်လှုပ်ရှားတာက စိုးရိမ်ပူပန်မှုတွေပါ။ အော့အန်တာ၊ ပျို့အန်တာတွေကို ကိုယ်ဝန်ပထမသုံးလမှာ နေ့တိုင်းနီးပါး ကြုံရပါတယ်။ ဒါက မေမေလောင်းတို့ကို မသက်မသာ ဖြစ်စေပါတယ်။ ကိုယ်ဝန်ဆောင်တိုင်း အန်လား။ မေမေလောင်းတိုင်းတော့ မအန်ပါဘူး။ အန်တဲ့သူ အရေအတွက် များတယ်။ ဘာကြောင့် မအန်တာလဲ။ မျိုးရိုးဗီဇ၊ လူနေမှုပုံစံ၊ မျိုးရိုးကျန်းမာရေး စတာတွေကြောင့်ပါ။

သကြားမထည့်နဲ့နော်။ ဆားနည်းနည်းထည့်သောက်ပေး (Photo by Healthline)
မေမေလောင်းတို့ ပျို့အန်တဲ့အခါ အစားအသောက် စားချင်စိတ်နည်းလာတယ်။ အခု kalay ကနေ ပြောပြမယ့်အစားအသောက်တွေက မေမေလောင်းတို့ ပျို့အန်ခြင်းကြောင့် အစားအသောက်စားလိုစိတ် နည်းပါးတာကို သက်သာစေတယ်။
Cookies ဒါမှမဟုတ် ခရက်ကာ
ကယ်လိုရီနည်းတဲ့ ကွက်ကီး ဒါမှမဟုတ် ခရက်ကာလေးတွေကို ရွေးချယ်စားပါ။ ဒီမုန့်လေးတွေက မေမေလောင်းတို့ ပျို့အန်တာကြောင့် ဘာမှ မစားချင်တဲ့စိတ်ကို သက်သာစေတယ်။
သံပုရာရည်
သူကတော့ မပါမဖြစ်ပေါ။ ပျို့အန်တာကို သက်သာစေတယ်။ သကြားမထည့်နဲ့နော်။ ဆားနည်းနည်းထည့်သောက်ပေး။ ကိုယ်ဝန်ဆောင်ချိန်ဆိုတော့ အိုင်အိုဒင်းအရေးကြီးလိုတယ်။ ဒီတော့ အိုင်အိုဒင်းဆားသုံးပေးနော်။
အသီးသုပ်
အသီးသုပ်ဆိုတာ ဖရဲသီး၊ စပျစ်သီး၊ ပန်းသီး၊ လိမ္မော်သီး စတဲ့ အသီးအနှံတွေကို ဒိန်ချဥ်နဲ့ သုပ်စားတာမျိုးပါ။ ရေဓါတ်ခမ်းခြောက်တာကို ကာကွယ်ပေးတယ်။ ပြီးတော့ probiotics အကျိုးကျေးဇူးတွေရမယ်။ ဒိန်ချဥ်မကြိုက်ရင် ချိစ့်နဲ့ သုတ်စားလို့ရတယ်။

ကယ်လိုရီနည်းတဲ့ ကွက်ကီး ဒါမှမဟုတ် ခရက်ကာလေးတွေကို ရွေးချယ်စားပါ (Photo by Happy Family Organics)
ငှက်ပျောသီး
ငှက်ပျောသီးက အစာကြေလွယ်တဲ့အပြင် အာဟာရလည်းရှိ အရသာလည်း အလွန်ကောင်းတယ်။
အာလူးကြော်
ကျန်းမာရေးနဲ့ မညီပေမယ့်လည်း အခုလို ပျို့အန်တဲ့အချိန်မျိုးမှာ အစာပြေအနေနဲ့စားလို့ရပါတယ်။ အများကြီးတော့ မစားသင့်ပါဘူး။
စီရီရယ်
အဆာပြေအနေနဲ့ စားလို့ အလွန်ကောင်းပါတယ်။ အာဟာရတွေလည်း ပါပါတယ်။ မေမေလောင်းတို့ ဝယ်ထားသင့်တယ်။
အရွက်ပြုတ်
အခုလို ပျို့အန်နေတဲ့အချိန် အရွက်ကို ဒီအတိုင်းမစားချင်ရင် ပြုတ်စားတာမျိုး ပြုလုပ်ပေးနိုင်တယ်။
ပန်းသီး၊ ငှက်ပျောသီး၊ စတော်ဘယ်ရီ၊ ရှောက်သီး စတဲ့အသီးတွေကလည်း ပျို့အန်တဲ့အချိန်မှာ စားပေးသင့်တဲ့ စူပါအသီးတွေပါ။
Comments