မေမေလောင်းလေးတို့ရေ မေမေတိုင်း ကိုယ့်ရဲ့ သားသားမီးမီးလေးတွေကို ကိုယ်လက်အင်္ဂါစုံလင်စေချင်ကြတာ အကြီးမားဆုံးနဲ့ အစိုးရိမ်ဆုံး အရာပါပဲ။ ဒါပေမယ့်လည်း တခါတလေမှာ သားသားမီးမီးလေးတွေ ကိုယ်လက်အင်္ဂါ မစုံလင်ဘဲ မွေးလာတာတွေ ရှိသလို နေ့မစေ့ လမစေ့ မွေးလာတာတွေလည်း ရှိတတ်ပြန်ပါတယ်။ ဒီလိုတွေ မဖြစ်ချင်ဘူးဆိုရင်တော့ မေမေလောင်းလေးတို့ ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားလေး ကျန်းမာဖို့ စားပေးဖို့ လိုပါတယ်။

မေမေလောင်းလေးတို့ ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားလေး ကျန်းမာဖို့ စားပေးဖို့ လိုပါတယ် (Photo:Netmums)
သန္ဓေသားလေး ကိုယ်လက်အင်္ဂါလေးတွေ စတင်ဖွံ့ဖြိုးနေချိန်မှာ လိုအပ်တဲ့ အာဟာရတွေ လုံလုံလောက်လောက် ရရှိဖို့ လိုပါတယ်။ ဒါမှ ဖွံ့ဖြိုးတိုးတက်မှုတွေ ရပ်မသွားမှာပါ။ မေမေလောင်းလေးတို့ ဗီတာမင် အစုံအလင်အပြင် သံဓါတ်များများ စားပေးဖို့ လိုပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ အသားကို သေချာကျက်အောင် ချက်ပြီး စားပါ(Photo:Netmums)
အသား
မေမေလောင်းလေးတို့ရေ ကိုယ်ဝန်ဆောင်ချိန်မှာ အသားကို သေချာကျက်အောင် ချက်ပြီး စားပါ။ မေမေလောင်းတို့ လိုအပ်တဲ့ သံဓါတ် ပမာဏ အများအပြားကို ပေးစွမ်းနိုင်ပါတယ်။ အသား(၁၀၀) ဂရမ်မှာ (၃.၅) အောင်စလောက်က သံဓါတ်ပါ။ သံဓါတ်ရရှိတာက မေမေလောင်းတို့မှာ သွေးအားနည်းတာတွေ မဖြစ်စေနိုင်သလို သန္ဓေသားလေးရဲ့ သွေးလည်ပတ်မှုကိုလည်း ကောင်းစေတာကြောင့် ဖွံ့ဖြိုးမှု နောက်ကျတာတွေ၊ ကိုယ်အင်္ဂါ ချို့ယွင်းတာတွေ မဖြစ်စေပါဘူး။
ဖရုံစေ့
ဖရုံစေ့ကတော့ မေမေလောင်းတို့ အပျင်းပြေ စားလို့ရတဲ့ အစေ့အဆံပါပဲ။ ဖရုံစေ့မှာ သံဓါတ် (၂၆%) ပါဝင်ပါတယ်။ ဒါအ့ပြင် မဂ္ဂနီဆီယမ်လည်း ပါဝင်တာမို့ မဖွံ့ဖြိုးမှာ စိတ်ပူစရာ မလိုပါဘူး။
Comments