ကိုယ်ဝန်ဆောင်ချိန်မှာ အသင့်စား အစားအစာတွေက စိုးရိမ်ရလား

by: Phyo Pyae Thu
 0 comments  0 love

ကိုယ်ဝန်ဆောင်ချိန်မှာတော့ သန္ဓေသားလေးအတွက်ရော၊ မေမေလောင်းအတွက်ပါ တွေးပြီးတော့ ဆင်ခြင်စားရမှာပါ။ အသင့်စားစားစရာတွေကရော ကျန်းမာစေရဲ့လား။

ကိုယ်ဝန်ဆောင်ချိန်မှာ အသင့်စား အစားအစာတွေကို စားသုံးတာတွေ နည်းနည်းတော့ လျှော့ချသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာတော့ သန္ဓေသားလေးအတွက်ရော၊ မေမေလောင်းအတွက်ပါ တွေးပြီးတော့ ဆင်ခြင်စားရမှာပါ။ မေမေတို့အာလူးကြော်၊ ဟမ်ဘာဂါတွေလိုမျိုး အသင့်စား အစားအစာတွေနဲ့ ဆက်စပ်တဲ့ ကျန်းမာရေးကို ဖော်ပြပေးလိုက်ပါတယ်။

မေမေလောင်းတို့ရေ အသင့်စား အစားအစာတွေမှာ သကြားဓါတ်များစွာ ပါဝင်ပြီး အလာ့ဂျစ်နဲ့ ပန်းနာရင်ကျပ် ဖြစ်ကောင်းဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ အဆီများတာတွေနဲ့ သကြားဓါတ်များတာတွေ စားမယ်ဆိုရင် အင်ဆူလင်ကို မြင့်တက်စေနိုင်ပါတယ်။

 အသင့်စား အစားအစာတွေ အများကြီးစားမယ်ဆိုရင်

အလေးချိန်တွေတိုးလာပြီး မွေးတဲ့အခါမှာလည်း ကလေးအရမ်းကြီးလို့ ရိုးရိုးမွေးရခက်ခြင်း၊ ဆီးချိုရောဂါ ရနိုင်ခြင်းနဲ့ ကိုယ်ဝန်ဆုံးရှုံးရခြင်းတွေတောင် ဖြစ်နိုင်ပါတယ်။ အမှန်တကယ်တော့ အသင့်စား အစားအစာတွေမှာ အဆီ၊ ဆား၊ ကိုလက်စထရော၊ သကြားတွေ အပြည့်ပါဝင်တာက ကိုယ်ဝန်ဆောင်ချိန်အတွင်း ရှောင်ရမယ့် အစားအစာတွေပါ။ သကြားများတာနဲ့ ဆားများတာတွေက ကိုယ်ဝန်ဆောင်အတွက် လုံးဝ မကောင်းပါဘူး။

မေမေလောင်းလေးတို့ရေ အသင့်စား အစားအစာတွေကို တကြိမ်တည်း အများကြီးစားတာက အစာအိမ်ကိုလည်း ထိခိုက်စေနိုင်ပြီး လေပွခြင်း၊ ဗိုက်အောင့်ခြင်းနဲ့ အစာမကြေတာတွေ ဖြစ်စေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်အောင့်တာတွေအတွက် ဆေးသောက်မယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုပါတယ်။ အရင်က သောက်နေကျဆေးတွေက သန္ဓေသားနဲ့ မတည့်မှာ စိုးတာကြောင့်ပါ။

 အသင့်စား အစားအစာတွေက ပုံမှန်အချိန်မှာတောင် ကျန်းမာရေးနဲ့ မညီညွတ်တာပါ

ကယ်လိုရီတွေများစေပြီး ကင်ဆာအထိတောင် ဖြစ်စေနိုင်တာပါ။ မေမေလောင်းလေးတို့ရေ ကိုယ်ဝန်ဆောင်ချိန်မှာတော့ အသင့်စား အစားအစာတွေကို ရှောင်ပါနော်။ အသင့်စား အစားအစာတွေအစား ဖျော်ရည်တွေ ပိုသောက်ပါ။ အသီးဖျော်ရည်လေးတွေက မေမေလောင်းနဲ့ သန္ဓေသားလေးအတွက် ကျန်းမာရေး ကောင်းမွန်စေမှာပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles