ကိုယ်ဝန်ဆောင်ချိန်တွင်းမှာ သံပုရာသီး စားချင်စိတ်တွေ ဖြစ်ပေါ်မိလား

by: Nang Htwe
 0 comments  10 love

ကိုယ်ဝန်ဆောင်ချိန်မှာ သံပုရာသီးကို စားပေးတာက အစာခြေစနစ်ကို အထောက်အကူပြုတာမို့ အစာမကြေတာတွေနဲ့ ရင်ပူတာတွေကို လျော့နည်းစေပါတယ်။

သာမန်အချိန်တွေမှာ သံပုရာသီးစားချင်စိတ်က မကြာခဏ ဖြစ်ပေါ်လာပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာတော့ သံပုရာသီး အလွန်စားချင်တာ မေမေလောင်းတိုင်းနီးပါး ကြုံတွေ့ရမှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ သံပုရာသီးကို စိတ်ချလက်ချ စားလို့ရပါတယ်။ သံပုရာရည်သောက်တာပဲဖြစ်ဖြစ်၊ အစားအသောက်တွေထဲမှာ ထည့်သွင်းစားတာပဲဖြစ်ဖြစ်၊ သံပုရာသီးသုတ်စားတာဖြစ်စေ ကြိုက်နှစ်သက်သလို စားနိုင်ပါတယ်။ သံပုရာသီးက ကိုယ်ဝန်ဆောင်တွေအတွက် အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ သံပုရာသီးကို စိတ်ချလက်ချ စားလို့ရပါတယ် (Photo by naija)

သံပုရာသီးတစ်လုံးမှာ ပါဝင်တဲ့ အာဟာရဓာတ်များ

  • အမျှင်ဓာတ် – (၀.၇) ဂရမ်
  • သကြား – (၆.၂) ဂရမ်
  • အသားဓာတ် – (၀.၉) ဂရမ်
  • ကယ်လိုရီ – (၅၄)
  • ကာဗိုဟိုက်ဒရိုက် – (၁၆) ဂရမ်
  • အဆီ – (၀.၆) ဂရမ်
  • ဗီတာမင် A၊ B6၊ C၊ E
  • ပိုတက်ဆီယမ်
  • ဖရိုရိုက်
  • ကယ်ဆီယမ်
  • မဂ္ဂနီဆီယမ်
  • Riboflavin
  • ဇင့်နဲ့
  • သံဓာတ်တို့ပါဝင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ သံပုရာသီး စားပေးခြင်းရဲ့ အကျိုးကျေးဇူးများ

  • ကိုယ်ဝန်ဆောင်ချိန်မှာ ဗီတာမင် C  အလုံအလောက်ရရှိဖို့ အရေးကြီးပါတယ်။ သံပုရာသီးမှာ ဗီတာမင်C ကြွယ်ဝစွာပါဝင်ပါတယ်။ သံပုရာသီးကို နေ့စဉ်ပုံမှန်စားပေးမယ်ဆိုရင် ဗီတာမင် C လိုအပ်ချက်ပြည့်စုံစေပြီး ကိုယ်ခံစွမ်းအားကို တိုးတက်ကောင်းမွန်စေပါတယ်။
  • သာမန်အချိန်တွေမှာ မေမေလောင်းတို့ အစာမကြေခဲ့ရင် သံပုရာရည် သောက်ကြတယ်မို့လား။ ဒီလိုပါပဲ။ ကိုယ်ဝန်ဆောင်ချိန်မှာလည်း သံပုရာသီးက အစာခြေစနစ်ကို အထောက်အကူပြုတာမို့ အစာမကြေတာတွေနဲ့ ရင်ပူတာတွေကို လျော့နည်းစေပါတယ်။ သံပုရည်ဟာဆိုရင် ဝမ်းလျှောတာကို မဖြစ်ပွားအောင် တားဆီးပေးနိုင်ပါတယ်။
  • သံပုရာသီးက ကိုယ်ဝန်ဆောင်ချိန်မှာ အအေးမိ၊ နှာစေးနဲ့ တုပ်ကွေးဖြစ်တာကို တားဆီးပေးပါတယ်။
  • သံပုရာသီးမှာ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်တာမို့ သန္ဓေသားရဲ့ အရိုးတည်ဆောက်တာကို အထောက်အကူပြုပါတယ်။ သန္ဓေသားအတွက်လည်း အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။
  • ကိုယ်ဝန်ဆောင်ချိန်မှာ သွေးဖိအားမြင့်တက်တာက အန္တရာယ်များပါတယ်။ သံပုရာသီးကတော့ မေမေလောင်းတို့အတွက် သွေးဖိအားမြင့်တက်တာကို ကာကွယ်ပေးပါတယ်။
  • ရေတစ်ခွက်ထဲကို သံပုရာရည်တစ်ဇွန်းထည့်ကာ နေ့စဉ်သောက်ပေးတာက ခြေထောက်ရောင်ရမ်းတာကို သက်သာစေပါတယ်။

ရေတစ်ခွက်ထဲကို သံပုရာရည်တစ်ဇွန်းထည့်ကာ နေ့စဉ်သောက်ပေးတာက ခြေထောက်ရောင်ရမ်းတာကို သက်သာစေပါတယ် (Photo by Quora)

သံပုရာရည်မှာလည်း ကောင်းကျိုးတွေရှိသလို တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း ပမာဏ အများကြီးစားမိတယ်ဆိုရင် ဆိုးကျိုးအနည်းငယ် ကြုံတွေ့ရနိုင်ပါတယ်။

  • သံပုရာသီးမှာ အက်ဆစ်ဓာတ်အမြောက်အများပါဝင်တာမို့ အများကြီးစားမိတယ်ဆိုရင် အစာအိမ်ရောင်ရမ်းတာကို ကြုံတွေ့ရနိုင်ပါတယ်။
  • သံပုရာသီးမှာ အက်ဆစ်ဓာတ်ပါတာကြောင့် ပမာဏ အများကြီးစားတယ်ဆိုရင် သွားကို ထိခိုက်စေပါတယ်။

မေမေလောင်းတို့ရေ ကိုယ်ဝန်ဆောင်ချိန်မှာ သံပုရာသီးကို စိတ်ချလက်ချ စားပေးလို့ရကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x