ကိုယ်ဝန်ဆောင်ချိန် ငါးစားခြင်းက သန္ဓေသားအပေါ်ဘာတွေသက်ရောက်မလဲ

by: Phyo Pyae Thu
 1 comments  41 love

ကိုယ်ဝန်ဆောင်ချိန်မှာ အစားအစာတွေ စားပေးရမယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ မေမေလောင်းတို့ စားသမျှ အစားအစာတွေဟာ သန္ဓေသားလေးဆီ ရောက်တာကြောင့်ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ အစားအစာတွေ ဂရုတစိုက် စားပေးရမယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ မေမေလောင်းတို့ စားသမျှ အစားအစာတွေဟာ သန္ဓေသားလေးဆီ ရောက်တာကြောင့်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ငါးစားလို့ ရပါတယ်။ များများလည်း စားပေးရပါမယ်။ မာကျူရီများတဲ့ ငါးတွေကလွဲရင် omega 3 fatty acid ပါဝင်တဲ့ ဘယ်လိုငါးမျိုးမဆို စားပေးလို့ ရပါတယ်နော်။

ငါးများများ စားသုံးခြင်းဟာ မေမေလောင်းရော ဗိုက်ထဲက သန္ဓေသားလေးအတွက်ပါ ကောင်းမွန်စေပါတယ်။ ငါးမှာ ပါဝင်တဲ့ အမိုင်နိုင်အက်ဆစ်နဲ့ ပရိုတင်းဓါတ်တွေဟာ သန္ဓေသားလေး ကြွက်သား၊ ဆံပင်၊ အရိုးတွေ သန်မာစေဖို့ လိုအပ်တဲ့ ဆဲလ်တွေ ဖြစ်ပေါ်စေပါတယ်။

အိုမီဂါ အက်ဆစ်ကတော့ သန္ဓေသားလေးရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးစေပါတယ်(photo: MomJunction)

ငါးထဲမှာ ပါဝင်တဲ့ အိုမီဂါ အက်ဆစ်ကတော့

သန္ဓေသားလေးရဲ့ ဦးနှော်က်ကို ဖွံ့ဖြိုးစေပါတယ်။ ကိုယ်ဝန်ဆောင် ကာလ နောက်ဆုံးပိုင်းတွေမှာ သန္ဓေသားလေးရဲ့ ဦးနှောက်က မြန်မြန်ဖွံ့ဖြိုးလာတာမို့ အိုမီဂါ အက်ဆစ်ကို လိုတာပါ။ မေမေလောင်းလေးတို့ ကိုယ်ဝန်ဆောင်ချိန်မှာ ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။ ဒီလို ဝေဒနာတွေကို သက်သာစေနိုင်မယ့် အစားအစာကတော့ ငါးပါ။ မေမေလောင်းတို့ ငါးစားပေးရင် အဆင်ပြေမှာပါ။

ငါးစားသုံးတဲ့အခါမှာလည်း ရေစင်အောင် ဆေးကြောဖို့နဲ့ ကျက်အောင် ချက်ပြုတ်ဖို့တော့ လိုတယ်နော်(photo:MomJunction)

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းကြောင့် စိတ်အပြောင်းအလဲတွေ ဖြစ်ပြီး စိတ်ဓါတ်ကျတာတွေ ဖြစ်နေတယ်ဆိုရင်တော့

ငါးစားဖို့ လိုပါတယ်။ ငါးထဲမှာ ပါဝင်တဲ့ DHA က စိတ်ဖိစီးမှုတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ နောက်တစ်ခုကတော့ နှလုံးရောဂါကို သက်သာစေတာပါ။ သွေးဖိအားတွေကို ထိန်းညှိပေးတာကြောင့် မေမေလောင်းတို့ ကျန်းမာစေမှာပါ။

နောက်ဆုံးအရေးကြီးတာကတော့ လမစေ့၊ ပေါင်မစေ့ မွေးဖွားခြင်းပါ။ မေမေလောင်းလေးတို့ ကိုယ်ဝန်ဆောင်ချိန်မှာ ငါးများများ စားပေးမယ်ဆိုရင် အိုမီဂါ အက်ဆစ်ရရှိတာကြောင့် သန္ဓေသားလေး ကျန်းမာပြီး လမစေ့၊ ပေါင်မစေ့ မွေးတာတွေ မဖြစ်စေတော့ပါဘူး။

မေမေလောင်းလေးတို့ ငါးစားသုံးတဲ့အခါမှာလည်း ရေစင်အောင် ဆေးကြောဖို့နဲ့ ကျက်အောင် ချက်ပြုတ်ဖို့တော့ လိုပါတယ်။ ဒါမှ အန္တရာယ် ကင်းမှာပါနော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles