ကိုယ်ဝန်ဆောင်ချိန်မှာ သြဇာသီးစားခြင်းရဲ့အကျိုးကျေးဇူးများ

by: Nang Htwe
 1 comments  0 love

သြဇာသီးမှာ anti-oxidants ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ဖယ်ရှားပေးတဲ့အပြင် နာကျင်တဲ့ဝေဒနာတွေကို သက်သာပျောက်ကင်းစေပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ သြဇာသီး စားလိုတဲ့ မေမေလောင်းတို့အတွက်တော့ စိတ်ချလက်ချစားလို့ရပါတယ်။ ဘေးထွက်ဆိုးကျိုးအနည်းငယ်တော့ ရှိပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ သြဇာသီး စားလိုတဲ့ မေမေလောင်းတို့အတွက်တော့ စိတ်ချလက်ချစားလို့ရပါတယ် (Photo by MomJunction)

သြဇာသီး စားပေးခြင်းရဲ့ အကျိုးကျေးဇူးများ

၁။ ပျို့အန်ခြင်း

ဗီတာမင် B6 ပါဝင်တာကြောင့် ပျို့အန်တာတွေကို သက်သာစေပါတယ်။

သြဇာသီးက ကိုယ်ဝန်ဆောင်ချိန်မှာ ကြုံတွေ့နိုင်တဲ့ သွေးအားနည်းတာကို ကာကွယ်ပေးပါတယ် (Photo by parenting.firstcry)

၂။ သွေးအားနည်းခြင်း

သြဇာသီးက ကိုယ်ဝန်ဆောင်ချိန်မှာ ကြုံတွေ့နိုင်တဲ့ သွေးအားနည်းတာကို ကာကွယ်ပေးပါတယ်။

၃။ သွေးဖိအား

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးဖိအား မငြိမ်မသက်ဖြစ်လာပါတယ်။ သြဇာသီးက ကိုယ်ဝန်ဆောင်ချိန်မှာ သွေးဖိအား မငြိမ်တာကို ထိန်းချုပ်ပေးပါတယ်။

၎။ ဝမ်းမှန်ခြင်း

သြဇာသီးမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် အူလှုပ်ရှားမှုကို ထောက်ပံ့မှုပေးပြီး ဝမ်းချုပ်တာကို လျော့နည်းစေပါတယ်။

၅။ ကြွက်သား

သြဇာသီးမှာ မဂ္ဂနီဆီယမ်ပါဝင်တာကြောင့် ကြွက်သားတင်းမာတာတွေကို ပြေလျော့စေပါတယ်။ စိတ်ဖိစီးမှုတွေကို ကာကွယ်ပေးပြီး နှလုံးထိခိုက်တာကိုလည်း သက်သာစေပါတယ်။

၆။ ဖွံ့ဖြိုးတိုးတက်ခြင်း

သန္ဓေသားရဲ့ အရေပြား၊ အရွတ်နဲ့ သွေးကြောတွေဖွံ့ဖြိုးတိုးတက်ဖို့အတွက် အာဟာရတွေ ပို့ဆောင်ပေးပါတယ်။

၇။ အဆိပ်အတောက်

သြဇာသီးမှာ anti-oxidants ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ကိုယ်ခံစွမ်းအားစနစ်ကောင်းမွန်စေပြီး ကျောက်ကပ်အလုပ်လုပ်တာကိုလည်း အကူအညီပေးပါတယ်။

၈။ ကာကွယ်ပေးခြင်း

သြဇာသီးမှာ ကော်ပါး ပါဝင်တာကြောင့် ကိုယ်ဝန်ပျက်ကျနိုင်မယ့် အန္တရာယ်တွေကို တားဆီးပေးပါတယ်။ အချိန်မတိုင်မီ မွေးဖွားတာကိုလည်း လျော့နည်းစေပါတယ်။

၉။ သွားကျန်းမာရေး

သြဇာသီးက ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်ပေါ်လာနိုင်တဲ့ သွားဖုံးသွေးထွက်တဲ့ ပြဿနာကို ကာကွယ်ပေးပါတယ်။

၁၀။ နာကျင်မှု

ကိုယ်ဝန်ဆောင်ချိန်မှာ ကြုံတွေ့ရနိုင်တဲ့ နာကျင်တဲ့ဝေဒနာတွေကို သက်သာပျောက်ကင်းစေပါတယ်။

ဘေးထွက်ဆိုးကျိုး အနည်းငယ်

  • သြဇာသီး အစေ့ကို မတော်တဆ စားမိခဲ့ရင် အစာခြေစနစ်မှာ ပြဿနာဖြစ်လာနိုင်ပါတယ်။
  • မေမေလောင်းတို့ နေမကောင်းတဲ့အခါမှာ သြဇာသီးကို ရှောင်ရှားပေးပါ။
  • ဆီးချိုရောဂါဖြစ်နေတယ်ဆိုရင်တော့ သြဇာသီးကို မစားတာအကောင်းဆုံးပါ။
  • ကိုယ်အလေးချိန် မြင့်တက်နေတယ်ဆိုရင်လည်း သြဇာသီး မစားပါနဲ့။

မေမေလောင်းလေးတို့ရေ ကိုယ်ဝန်ဆောင်နေချိန်မှာ သန္ဓေသားလေး ကျန်းမာဖို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ ချက်ပြုတ်စားသောက်ဖို့ Kalay ကနေ အကြံပြုလိုက်ပါတယ်နော်။

 

 

 

 

 

 

 

 

 

 

 

 

From Kalay with


Comments

0 comments
Latest video