ဗိုက်ဗိုက်တို့စားတဲ့ ဟင်းတွေထဲမှာ ပျဉ်းတော်သိမ်ရွက် ထည့်မယ်ဆိုရင်

by: Nang Htwe
 0 comments  0 love

ပျဉ်းတော်သိမ်ရွက်မှာ ဗီတာမင်နဲ့ အာဟာရဓါတ်တွေ ပါဝင်ပါတယ်။ သွေးအားနည်းရောဂါ၊ ရောဂါကူးစက်တာနဲ့ အချိန်မတန်ခင် ကလေးမွေးဖွားတဲ့ ပြဿနာကို ကာကွယ်ပေးပါတယ်

ပျဉ်းတော်သိမ်ရွက်ကို ဟင်းချက်တဲ့ အခါမျိုးမှာ ထည့်သွင်းအသုံးပြုလေ့ရှိပါတယ်။ အထူးသဖြင့် အသားဟင်းတွေချက်တဲ့အခါ အနံအရသာပိုရှိစေဖို့ အသုံးပြုကြပါတယ်။ ပျဉ်းတော်သိမ်ရွက်က ကိုယ်ဝန်ဆောင်မေမေတွေအတွက် အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ပျဉ်းတော်သိမ်ရွက်ကို ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ချလက်ချ စားလို့ရပါတယ်။

ပျဉ်းတော်သိမ်ရွက်ကို ဟင်းချက်တဲ့ အခါမျိုးမှာ ထည့်သွင်းအသုံးပြုလေ့ရှိပါတယ် (Photo by Down To Earth)

ပျဉ်းတော်သိမ်ရွက်မှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်များ

ပျဉ်းတော်သိမ်ရွက်မှာ ဗီတာမင်နဲ့ အာဟာရဓါတ်တွေ ပါဝင်ပါတယ်။ သွေးအားနည်းရောဂါ၊ ရောဂါကူးစက်တာနဲ့ အချိန်မတန်ခင် ကလေးမွေးဖွားတဲ့ ပြဿနာကို ကာကွယ်ပေးပါတယ်။ ပျဉ်းတော်သိမ်ရွက်ထဲမှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေကတော့

  • ကယ်ဆီယမ်
  • သံဓါတ်
  • ဗီတာမင် C၊ ဗီတာမင် A
  • အမျှင်ဓါတ်
  • ဖောလစ်အက်ဆစ်နဲ့
  • ကယ်လိုရီတို့ ပါဝင်ပါတယ်။

အထူးသဖြင့် အသားဟင်းတွေချက်တဲ့အခါ အနံအရသာပိုရှိစေဖို့ အသုံးပြုကြပါတယ် (Photo by SBS)

ပျဉ်းတော်သိမ်ရွက်ရဲ့ အကျိုးကျေးဇူးတွေကတော့

ပျဉ်းတော်သိမ်ရွက်က ကိုယ်ဝန်ဆောင်တွေအတွက် အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ နောက်ပြီး ခန္ဓာကိုယ်ထဲက  cholesterol levels  ကို ထိန်းပေးပါတယ်။ ကျန်းမာရေးကို ထိခိုက်စေတဲ့ ဘက်တီးရီးယားပိုးမွှားတွေကို ဆန့်ကျင်ပေးပါတယ်။ အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ ဘက်တိးရီးယားတွေရဲ့ အန္တရာယ်ကို ကာကွယ်ပေးပါတယ်။ သွေးလည်ပတ်မှုကောင်းစေပြီး အစာခြေစနစ်ကို ကာကွယ်ပေးပါတယ်။ အူလှုပ်ရှားမှုကောင်းစေပြီး ဝမ်းလျှောတာကို ကာကွယ်ပေးပါတယ်။ အမျှင်ဓါတ်နဲ့ ဗီတာမင်ဓါတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ကိုယ်ဝန်ဆောင်တွေအတွက် သင့်တော်ပါတယ်။ ဘေးထွက်ဆိုးကျိုး အလွန်နည်းပါတယ်။ ဒါကြောင့် ဗိုက်ဗိုက်တို့ စားမယ့် ဟင်းလျာတွေထဲမှာ စိတ်ချလက်ချ ထည့်သွင်းလို့ ရပါတယ်။

ပျဉ်းတော်သိမ်ရွက်ကို ဟင်းလျာတွေထဲမှာ ထည့်သွင်းပေးမယ်ဆိုရင် ဟင်းအရသာ ပိုမိုကောင်းမွန်စေပြီး အာဟာရဓါတ်တွေ ပိုစုံလင်လာစေပါတယ်။ အစာခြေစနစ်ကို ပိုကောင်းမွန်လာစေပါတယ်။ ဗိုက်ဗိုက်တို့ရဲ့ ဆံပင်နဲ့ အသားအရည်ကိုလည်း အထောက်အကူပြုပါတယ်။ ဆံပင်ကျွတ်တာကို ကာကွယ်ပေးပါတယ်။ ပျဉ်းတော်သိမ်ရွက် တစ်ရက်ကို (၈)ရွက်ကနေ (၁၀) ရွက် အထိ စားပေးနိုင်ပါတယ်။

ပျဉ်းတော်သိမ်ရွက်က ဗိုက်ဗိုက်တို့အတွက် အကျိုးကျေးဇူးတွေ အများကြီးရှိကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles
x