
မေမေလောင်းတို့ အသားကင်လေးတွေ စားလို့ ရပါတယ်။
မေမေလောင်းတို့ရေ အသားကင်မွှေးမွှေးလေးတွေ အနံ့ရရင် စားချင်ကြတယ်မလား။ အကင်တွေ စားရင် ကင်ဆာဖြစ်နိုင်တယ်လို့ ဆိုထားတော့ မေမေလောင်းတို့ သန္ဓေသားလေးအတွက် တည့်မတည့် သိချင်ကြမှာပါ။ မေမေလောင်းတို့ အသားကင်လေးတွေ စားလို့ ရပါတယ်။ ဒါပေမယ့် သေသေချာချာလေး ကျက်အောင် ကင်ထားမှသာ စားလို့ရမှာပါ။ အသားစုံနဲ့ ဘယ်ငါးမဆို ကျက်အောင် ကင်ပြီး စားသုံးမှ အန္တရာယ် ကင်းနိုင်မှာပါ။

ကိုယ်ဝန်ဆောင်နေချိန်မှာ မကျက်တဲ့ အသားကင်၊ ငါးကင်တွေကို စားမိမယ်ဆိုရင် Toxoplasmosis ဖြစ်နိုင်ပါတယ်။
ကျက်အောင် ကင်စားတာမျိုး မဟုတ်ဘူးဆိုရင်
ဘက်တီးရီးယားတွေ ဝင်နိုင်ပြီး အစာအဆိပ်သင့်တာမျိုး ဖြစ်နိုင်ပါတယ်။ မကျက်တာတွေကို စားမယ်ဆိုရင် မေမေလောင်းရော သန္ဓေသားလေးမှာပါ ထိခိုက်နိုင်ပါတယ်။ မေမေလောင်းတို့မှာ ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်းနဲ့ ဝမ်းလျှောခြင်းတွေ ဖြစ်နိုင်ပါတယ်။
အသား၊ ငါးတွေကို ကျက်အောင် မကင်ဘူးဆိုရင်တော့
ဗိုင်းရပ်နဲ့ ဘက်တီးရီးယားတွေ ဗိုက်ထဲကို ဝင်နိုင်ပါတယ်။ အခွံမာ ရေသတ္တဝါတွေ ကင်စားတာမျိုး ရှောင်နိုင်ရင် အကောင်းဆုံးပါ။ တချို့ ပင်လယ်စာတွေမှာ မာကျူရီများတာက မှတ်ဥာဏ်ကို ထိခိုက်စေနိုင်တာကြောင့်ပါ။
ကိုယ်ဝန်ဆောင်နေချိန်မှာ မကျက်တဲ့ အသားကင်၊ ငါးကင်တွေကို စားမိမယ်ဆိုရင် Toxoplasmosis ဖြစ်နိုင်ပါတယ်။ ဒါဟာ ကပ်ပါးကောင်ကြောင့် ဖြစ်နိုင်ပြီး မေမေလောင်းကို ဖျားနာစေနိုင်ပါတယ်။ ဒါ့အပြင် Toxoplasmosis ဟာ သန္ဓေသားလေးကိုပါ ထိခိုက်စေနိုင်ပါသေးတယ်။သန္ဓေသားလေးရဲ့ မျက်လုံးနဲ့ ဦးနှောက်ကို ထိခိုက်စေနိုင်တဲ့အပြင် ကိုယ်ဝန်ပျက်ကျတာနဲ့ ပေါင်မပြည့်ဘဲ မွေးတာတွေ ဖြစ်နိုင်ပါတယ်။
အသားကင်တွေကို အန္တရာယ် ကင်းကင်း စားစေချင်တယ်ဆိုရင်တော့
အသားတွေ၊ ငါးတွေ မကင်ခင်မှာ ရေခဲသေတ္တာထဲ သေချာထည့်ထားဖို့ လိုပါတယ်။ နေရောင်အောက်မှာ ထားတာမျိုး မလုပ်ဖို့လည်း သတိပြုရပါမယ်။ အသားငါးစိမ်းတွေမှာ ပါဝင်တဲ့ ဘက်တီးရီးယားတွေ သေစေနိုင်လောက်တဲ့အထိ မီးအပူပေးပြီးမှသာ စားလို့ ရမှာပါ။ သေသေချာချာလေး ကျင်အောင် ကင်စားရမှာပါ။ မေမေလောင်းတို့ အကင်တွေ စားလို့ရတယ်ဆိုပေမယ့် တန်ဆေးလွန်ဘေးဆိုတာကို သတိပြုပါ။
Comments