ကိုယ်ဝန်ဆောင်မေမေများနဲ့ နဂါးမောက်သီး

by: Khin Nyein Lwin
 1 comments  271 love

နဂါးမောက်သီးကို ကိုယ်ဝန်ဆောင်ချိန်အတွင်း စားသုံးပေးရင် ပေါင်မပြည့်၊ လမစေ့ပဲ ကလေးမွေးဖွားတာကို ကာကွယ်ပေးပါတယ်

မေမေတို့ရေ ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ မေမေတို့ကိုယ်တိုင်ကော၊ ဗိုက်ထဲက ကလေးလေးအတွက်ပါ အာဟာရဓါတ်များ ပြည့်စုံလုံလောက်အောင် စားပေးဖို့အရမ်းအရေးကြီးပါတယ်နော်။ စားရမယ့်အစားအစာများထဲကမှ အခု မေမေတို့အတွက် နဂါးမောက်သီးရဲ့ ပါဝင်တဲ့ အာဟာရဓါတ်တွေရဲ့အကြောင်းကို Kalay မှ ပြောပြပေးချင်ပါတယ်။

နဂါးမောက်သီးခွဲနေခြင်း

 

နဂါးမောက်သီးမှာ ကိုယ်ဝန်ဆောင်မေမေတို့ အဓိကလိုအပ်ချက်ဓါတ်ဖြစ်တဲ့ သံဓါတ်များစွာ ကြွယ်ဝစွာ ပါဝင်ပါတယ်။ နဂါးမောက်သီးရဲ့ တစ်ရာဂရမ်မှာ သံဓါတ် တစ်မီလီဂရမ် နီးပါး ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်အတွင်း တကယ့်ကို စားသုံးသင့်တဲ့ အသီးပါ။ သံဓါတ်ဆိုတာ ကိုယ်ဝန်ဆောင်ချိန်အတွင်း သွေးပမာဏကို တိုးပွားစေတဲ့အပြင် သွေးနီဥအတွက် လိုအပ်တဲ့ ဟေမိုဂလိုဘင် ဖြစ်ပေါ်စေတာကြောင့် ပေါင်မပြည့် လမစေ့တဲ့ ကလေးမွေးဖွားတာကို ကာကွယ်ပေးပါတယ်။

ကျန်းမာရေးနဲ့ အထူးသင့်တော်တဲ့ နဂါးမောက်သီး ဖြစ်ပါတယ်

ဒါ့အပြင် ကယ်လ်ဆီယမ်ပါဝင်တာကြောင့် ကလေးတွေရဲ့ သွားတွေနဲ့ အရိုးတွေကို ကြီးထွားဖို့အတွက် အထောက်အကူပေးပါတယ်။ ဒါကြောင့် နဂါးမောက်သီးက ကိုယ်ဝန်ဆောင်မိခင်တွေအတွက်သာမက ကလေးတွေအတွက်ပါ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အာဟာရဓါတ် အများကြီး ပါဝင်တာကြောင့် စားသုံးဖို့ အကြံပြုလိုက်ပါတယ်နော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x