ကိုယ်ဝန်ဆောင်ချိန်မှာ Donuts (ဒိုးနပ်) စားလို့ရလား

by: Nang Htwe
 0 comments  0 love

မနက်စာက မေမေလောင်းတို့အတွက်ကော သန္ဓေသားအတွက်ပါ အရေးကြီးလို့ အာဟာရရှိတဲ့ အစားအသောက်တွေကိုသာ စားပါ။ ကလေးအတွက် အာဟာရတွေ မဆုံးရှုံးစေပါနဲ့

Donuts (ဒိုးနပ်) က မေမေလောင်းတို့ ကြိုက်တဲ့ သရေစာ မုန့်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ Donuts (ဒိုးနပ်) စားလို့ရလား။ ကြာကြာမှ တစ်ခါ စားနိုင်ပါတယ်။ နေ့တိုင်းတော့ မစားသင့်ပါဘူး။ ဘာလို့လဲဆိုတော့ ဒိုးနပ်၊ ကိတ်မုန့်တွေမှာ အာဟာရနည်းပြီး သကြားပါဝင်နှုန်း မြင့်လို့ပါ။ ဒီသကြားမြင့်တဲ့ အစားအသောက်တွေက ဗိုက်ပြည့်စေတယ်။ ဒိုးနပ်တွေ ကိတ်မုန့်တွေစားပြီး ဗိုက်ပြည့်နေရင် တခြားအာဟာရရှိတဲ့ အသားငါး၊ ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေ စားတာ နည်းသွားနိုင်လို့ပါ။

နေ့တိုင်းသကြားပါတဲ့ အစားအသောက်တွေ၊ ကိတ်မုန့်၊ ဒိုးနပ်တွေ နေ့တိုင်းစားနေမယ်ဆိုရင် မေမေလောင်းတို့ ခန္ဓာကိုယ်ထဲ သကြားဓါတ်တွေများနေမယ် (Photo by Freepik)

သန္ဓေသားနဲ့ သကြားဓါတ်

ပြီးတော့ နေ့တိုင်းသကြားပါတဲ့ အစားအသောက်တွေ၊ ကိတ်မုန့်၊ ဒိုးနပ်တွေ နေ့တိုင်းစားနေမယ်ဆိုရင် မေမေလောင်းတို့ ခန္ဓာကိုယ်ထဲ သကြားဓါတ်တွေများနေမယ်။ အဲဒီသကြားဓါတ်က ကလေးပေါ် သွားသက်ရောက်မယ်။ သန္ဓေသားလေးက သကြားဓါတ်ကို ဖြိုဖျက်နိုင်စွမ်းမရှိသေးပါဘူး။ ကျန်းမာရေး ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ မနက်စာကို ကိတ်မုန့်၊ ဒိုးနပ်စားတာတွေ စားလေ့ရှိတယ်ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ ခဏရပ်ထားပါ။ မနက်စာက မေမေလောင်းတို့အတွက်ကော သန္ဓေသားအတွက်ပါ အရေးကြီးလို့ အာဟာရရှိတဲ့ အစားအသောက်တွေကိုသာ စားပါ။ ကလေးအတွက် အာဟာရတွေ မဆုံးရှုံးစေပါနဲ့။

မေမေလောင်းတို့ရေ ဒိုးနပ်တွေ၊ ကိတ်မုန့်တွေကို တစ်ပတ်တစ်ကြိမ်လောက်သာ စားပါ (Photo by MommaBe)

စွဲလန်းစေနိုင်

နောက်တစ်ခု သတိထားဖို့က ကိုယ်ဝန်ဆောင်ချိန်မှာ သကြားပါတဲ့ အစားအသောက်တွေ နေ့တိုင်းနီးပါးစားရင် သကြားကြိုက်တဲ့ အလေ့အထိ အချိုကြိုက်တာ စွဲလန်းသွားစေပါတယ်။ သကြားပါတဲ့ အစားအသောက်တွေ၊ ဒိုးနပ်တွေ ကိတ်မုန့်တွေကို တစ်ပတ် တစ်ကြိမ်ထက် ပိုမစားပါနဲ့။

မေမေလောင်းတို့ရေ ဒိုးနပ်တွေ၊ ကိတ်မုန့်တွေကို တစ်ပတ်တစ်ကြိမ်လောက်သာ စားပါ။ အစေ့အဆန်၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အသားငါး၊ နို့နဲ့နို့ထွက်ပစ္စည်းတွေကိုသာ များများစားပေးဖို့ တိုက်တွန်းပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: DONUTSpregnant


Comments

0 comments
Latest video
Refer to more useful articles