ဗိုက်ဗိုက်တို့ ကိုယ်ဝန်ဆောင်ချိန်တွင်း မုန်လာဥနီစားခြင်း

by: Nang Htwe
 0 comments  0 love

မုန်လာဥနီမှာ ကယ်ဆီယမ်ပါဝင်တာကြောင့် သန္ဓေသားဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုပါတယ်။ အရိုးနဲ့သွားကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်ပါတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးရပါမယ်။ ဒါကြောင့် မေမေတို့အနေနဲ့ နေ့စဉ်စားမယ့် အစားအသောက်တွေကို သေသေချာချာ စာရင်းပြုစုထားသင့်ပါတယ်။ မုန်လာဥနီက အရသာရှိပြီး စားရတာလွယ်ကူတဲ့အပြင် ဝယ်ယူရတာလည်း အဆင်ပြေပါတယ်။

မုန်လာဥနီမှာ ဗီတာမင် A ကြွယ်ဝစွာပါတာကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင်းမှာ မေမေလောင်းတို့ရဲ့ အမြင်အာရုံတွေ ကြည်လင်စေပါတယ် (Photo by hotpicimg.pw)

မုန်လာဥနီမှာပါဝင်တဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်များ

စွမ်းအင်၊ ကာဗိုဟိုက်ဒရိုက်၊ သကြား၊ ပရိုတိန်း၊ အဆီ၊ အမျှင်ဓါတ်၊ ဗီတာမင် C၊ ဗီတာမင် A၊ ဗီတာမင် B6၊ ဗီတာမင် K၊ ကယ်ဆီယမ်၊ ဆိုဒီယမ်၊ ဖော့စဖောရပ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကော်ပါး၊ သံဓါတ်၊ ဇင့်၊ မဂ္ဂနိစ့်နဲ့ ဆယ်လီနီယမ်တို့ ပါဝင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်တွင်း မုန်လာဥနီစားပေးခြင်းရဲ့ အကျိုးကျေးဇူးများ

အမြင်အာရုံ

မုန်လာဥနီမှာ ဗီတာမင် A ကြွယ်ဝစွာပါတာကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင်းမှာ မေမေလောင်းတို့ရဲ့ အမြင်အာရုံတွေ ကြည်လင်စေပါတယ်။ သန္ဓေသားရဲ့ အမြင်အာရုံကိုလည်း အထောက်အကူပြုပါတယ်။

ကိုယ်ခံစွမ်းအား

မုန်လာဥနီမှာ ဗီတာမင် C ပါတာကြောင့် ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်တွင်း ကိုယ်ခံစွမ်းအားနည်းတာကို ပြန်ပြီး ကောင်းမွန်လာအောင် အထောက်အကူပြုပါတယ်။

သန္ဓေသားဖွံ့ဖြိုးတိုးတက်မှု

မုန်လာဥနီမှာ ကယ်ဆီယမ်ပါဝင်တာကြောင့် သန္ဓေသားဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုပါတယ်။ အရိုးနဲ့သွားကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်ပါတယ်။

သွေးအားနည်းခြင်း

မုန်လာဥနီမှာ သံဓါတ်မပါဝင်ပေမယ့်လည်း ဗီတာမင် C ပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် သံဓါတ်စုပ်ယူမှုကို အထောက်အကူပြုပါတယ်။

ဝမ်းချုပ်ခြင်း

မုန်လာဥနီမှာ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် မေမေလောင်းတို့ ခံစာရတဲ့ ဝမ်းချုပ်တဲ့ ပြဿနာကို ကာကွယ်ပေးပါတယ်။

မုန်လာဥနီ အစားများတယ်ဆိုရင် အသားအရည် အရောင် ပြောင်းလဲသွားနိုင်ပါတယ် (Photo by mydeliciousblog.com)

ကြွက်တက်

ကိုယ်ဝန်ဆောင်ချိန်တွင်းမှာ မေမေလောင်းတို့ ကြုံတွေ့ရတဲ့ ကြွက်တက်တဲ့ပြဿနာကို မုန်လာဥနီက ကာကွယ်ပေးပါတယ်။

သွေးတိုး

ကိုယ်ဝန်ဆောင်ချိန်တွင်းမှာ မေမေလောင်းတို့ ကြုံတွေ့ရနိုင်တဲ့ သွေးတိုးတဲ့ပြဿနာကို ကာကွယ်ပေးပါတယ်။

သန္ဓေသားအရိုးနု

သန္ဓေသားလေးရဲ့ အရိုးနုအဖွဲ့အစည်းအတွက် မုန်လာဥနီက အထောက်အကူပြုပါတယ်။

အာရုံကြော

မုန်လာဥနီမှာ ဗီတာမင် B နဲ့ ဖောလစ်အက်ဆစ်ပါဝင်တာကြောင့် သန္ဓေသားလေး အာရုံကြောချို့ယွင်းတဲ့ ပြဿနာတွေကို ကာကွယ်ပေးပါတယ်။

ကင်ဆာ

မုန်လာဥနီက ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်။

မုန်လာဥနီးကို အလွန်အမင်း စားမယ်ဆိုရင်တော့ ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။

  • အသားအရည် အရောင် ပြောင်းလဲသွားနိုင်ပါတယ်။
  • မုန်လာဥနီထဲမှာ ဗီတာမင် A ကြွယ်ဝစွာပါတာကြောင့် အလွန်အမင်းစားမယ်ဆိုရင် ဗီတာမင် A တွေများလာပြီး သန္ဓေသားကို ထိခိုက်လာနိုင်ပါတယ်။
  • ခေါင်းကိုက်တာတွေ၊ အော့အန်တာတွေ ဖြစ်လာနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ မုန်လာဥနီကို အသင့်တင့် စားပေးနိုင်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles
x