ဗိုက်ဗိုက်လေးတွေ အစားများတဲ့ ကွေကာနဲ့ ငှက်ပျောသီးအကြောင်း

by: Nang Htwe
 0 comments  0 love

ငှက်ပျောသီးမှာ ကယ်ဆီယမ်ကြွယ်ဝစွာပါဝင်တာကြောင့် သန္ဓေသားရဲ့ အရိုးတည်ဆောက်မှုနဲ့ ဖွံ့ဖြိုးမှုအပြင် ကြွက်သားတွေအတွက်ပါ အထောက်အကူပြုပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ အစာအာဟာရအားလုံးကို မျှမျှတတစားသုံးဖို့ လိုအပ်ပါတယ်။ မျှတတဲ့ အစာအဟာရတွေဟာဆိုရင် မေမေလောင်းတွေအတွက်ကော ကလေးငယ်တွေအတွက်ပါ အကျိုးကျေးဇူးတွေ အများကြီးရရှိစေပါတယ်။ မေမေလောင်းတို့ ပတ်ဝန်းကျင်မှာ အစားအသောက်နဲ့ပတ်သက်ပြီးပြောနေကျ စကးလေးတွေရှိပါတယ်။ ဗိုက်ဗိုက်လေးတွေ တစ်ယောက်နဲ့ တစ်ယောက် လက်ဆင့်ကမ်းတဲ့ စကားတွေထဲမှာ ကွေကာနဲ့ ငှက်ပျောသီးစားရင် ကလေးထွားတယ်ဆိုတဲ့အကြောင်းပါ။ ဒါကြောင့် Kalay ကနေ ကွေကာနဲ့ ငှက်ပျောသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ပြောပြပေးပါမယ်။

Image result for Banana and Cereals

ဗိုက်ဗိုက်လေးတွေ အစားများတဲ့ ကွေကာနဲ့ ငှက်ပျောသီး (Photo by MustHaveStuff)

ကွေကာ

  • ကွေကာမှာ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်တွေအတွက် အထူးသင့်တော်ပါတယ်။ ဝမ်းချုပ်တာကို ကာကွယ်ပေးပါတယ်။
  • ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလစ်အက်ဆစ်လိုအပ်နှုန်းမြင့်မားပါတယ်။ ကွေကာမှာ ဖောလစ်အက်ဆစ်ကြွယ်ဝစွာပါဝင်ပါတယ်။
  • ကွေကာမှာ carbohydrates ကြွယ်ဝစွာပါဝင်တာကြောင့် သန္ဓေသားအတွက်လိုအပ်တဲ့ စွမ်းအင်တွေကို ရရှိစေပါတယ်။
  • ကွေကာမှာ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်တွေအတွက် အထူးသင့်တော်ပါတယ်။
  • ကွေကာမှာ သကြားပါဝင်နှုန်းနည်းတာကြောင့် မေမေလောင်းတွေနဲ့ သင့်တော်ပါတယ်။
  • ဟော်မုန်းအပြောင်းအလဲကြောင့် ဗိုက်ခဏခဏဆာတာကိုလည်း သက်သာစေပါတယ်။
Image result for Banana and Cereals

ဟော်မုန်းအပြောင်းအလဲကြောင့် ဗိုက်ခဏခဏဆာတာကိုလည်း သက်သာစေပါတယ် (Photo by Eat This, Not That!)

ငှက်ပျောသီး

  • ငှက်ပျောသီးမှာ ဗီတာမင် B6 ကြွယ်ဝစွာပါဝင်ပါတယ်။ ဗီတာမင် B6 က ကိုယ်ဝန်ပထမသုံးလမှာ ပျို့အန်တာတွေကို သက်သာစေပါတယ်။
  • ဟော်မုန်းအပြောင်းအလဲကြောင့် ခြေဖဝါး၊ ဒူးနဲ့ ခြေဆစ်တွေ နာကျင်ကိုက်ခဲတာကို သက်သာစေပါတယ်။ ကိုယ်ဝန်ဆောင်ဒုတိယသုံးလမှာ ကြုံတွေ့ရနိုင်တဲ့ ခြေထောက်ဖောရောင်တာတွေလည်း သက်သာစေပါတယ်။
  • ငှက်ပျောသီးမှာ ကာဗိုဟိုက်ဒရိုက်ကြွယ်ဝစွာပါဝင်တာကြောင့် သန္ဓေသားလေးနဲ့ မေမေလောင်းတို့အတွက် လိုအပ်တဲ့ စွမ်းအင်တွေ ရရှိစေပါတယ်။ ကိုယ်ဝန်တတိယသုံးလမှာ စွမ်းအင်တွေ ပိုလိုအပ်ပါတယ်။
  • ငှက်ပျောသီးက မေမေလောင်းတို့ ခြေထောက်ဖောရောင်တာတွေ သက်သာစေပါတယ်။
  • ဖောလစ်အက်ဆစ်ကြွယ်ဝစွာပါဝင်တာကြောင့် သန္ဓေသားရဲ့ ဦးနှောက်နဲ့ ကျောရိုးဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုပါတယ်။ မွေးရာပါချို့ယွင်းချက်ရှိတဲ့ ကလေးငယ်တွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
  • ငှက်ပျောသီးမှာ သံဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်အတွင်း သွေးအားနည်းတာကို ကာကွယ်ပေးပါတယ်။
  • အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် အစာအိမ်နဲ့ အစာခြေစနစ်ကို ကောင်းစေပြီး ဝမ်းချုပ်တာကို နည်းသွားစေပါတယ်။လေပူတက်တာကိုလည်း နည်းသွားစေပါတယ်။
  • ငှက်ပျောသီးမှာ ကယ်ဆီယမ်ကြွယ်ဝစွာပါဝင်တာကြောင့် သန္ဓေသားရဲ့ အရိုးတည်ဆောက်မှုနဲ့ ဖွံ့ဖြိုးမှုအပြင် ကြွက်သားတွေအတွက်ပါ အထောက်အကူပြုပါတယ်။
  • ငှက်ပျောသီးမှာ ဗီတာမင်C ပါဝင်တာကြောင့် သန္ဓေသားရဲ့ ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေပါတယ်။
  • ကိုယ်ဝန်ဆောင်ချိန်အတွင်း ဝမ်းလျှောတာကို ကာကွယ်ပေးပါတယ်။
  • သတ္ထုဓါတ်၊ ဗီတာမင် C နဲ့ ကာဗိုဟိုက်ဒရိုက်တို့ ကြွယ်ဝစွာပါဝင်တာကြောင့် မိခင်နို့အထွက်ကောင်းပါတယ်။
  • ငှက်ပျောသီးဟာဆိုရင် မေမေလောင်းတို့ကို အစားစားချင်စိတ်မြင့်တင်ပေးပြီး အစာကြေလွယ်အောင် အကူအညီပေးပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ငှက်ပျောသီးနဲ့ ကွေကာ စားတဲ့မေမေလောင်းတွေအတွက် ရရှိနိုင်တဲ့ အာဟာရတွေကို Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

From Kalay with

Tag: BananaCerealsConsuming

Comments

0 comments
Latest video
Refer to more useful articles
x