ကိုယ်ဝန်ဆောင်နဲ့ ရှားစောင်းလက်ပတ်ဖျော်ရည် ပြဿနာ

by: Nang Htwe
 0 comments  22 love

ကိုယ်ဝန်ဆောင်ချိန်မှာ ရှားစောင်းလက်ပတ်ဖျော်ရည်က ဆိုးကျိုးရှိသလို မေမေလောင်းတို့အတွက်လည်း အကျိုးကျေးဇူးတွေ အများကြီးရှိနေပါတယ်။

ရှားစောင်းလက်ပတ်က မေမေလောင်းတို့ရဲ့ အလှအပအတွက်သာမက ကျန်းမာရေးကိုပါ အထောက်အကူပြုပါတယ်။ ရှားစောင်းလက်ပတ်ကို အသားအရေအလှအပအတွက် နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြပါတယ်။ အခုနောက်ပိုင်းမှာတော့ ရှားစောင်းလက်ပတ်နဲ့ ပတ်သက်တဲ့ အလှကုန်ပစ္စည်းတွေ၊ ကျန်းမာရေးဆေးဝါးတွေနဲ့ အစားအသောက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ ကိုယ်ဝန်ေဆာင်ချိန်မှာ ရှားစောင်းလက်ပတ်ဖျော်ရည်က ဆိုးကျိုးတွေရော ကောင်းကျိုးတွေပါ ရောထွေးနေပါတယ်။

Image result for consuming-aloe-vera-juice-during-pregnancy"

ရှားစောင်းလက်ပတ်ကို အသားအရေအလှအပအတွက် နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြပါတယ် (Photo by Hindustan Times)

ရှားစောင်းလက်ပတ်ဖျော်ရည်ရဲ့ ဆိုးကျိုးများ

ရှားစောင်းလက်ပတ်ဖျော်ရည်ကို လိုတာထက် ပမာဏ အများအပြားသောက်မိတယ်ဆိုရင် နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးတွေ ရှိလာတာကို တွေ့ရပါတယ်။ အဲဒါကတော့

  • ဝမ်းလျှောတာကို ကြုံတွေ့ရနိုင်ပါတယ်။
  • ပုံမှန်မဟုတ်တဲ့ နှလုံးခုန်နှုန်းဖြစ်လာတာ၊ ကြွက်သားအားနည်းတာနဲ့ သားအိမ်ကျုံ့တာတွေ ဖြစ်လာစေပါတယ်။ သန္ဓေသားကို ထိခိုက်စေပါတယ်။
  • အသည်းရောင်ရမ်းတာကို ကြုံတွေ့ရနိုင်ပါတယ်။
  • သွေးအတွင်း ဂလူးကိုစ့် မညီတာကို ကြုံတွေ့နိုင်ပါတယ်။
  • ရှားစောင်းလက်ပတ်အစေးတွေက ဝမ်းလျှောနိုင်တာကြောင့် နို့တိုက်မိခင်တွေ ရှောင်ရှားတာ အကောင်းဆုံးပါ။
  • ပြင်းထန်တဲ့ ဓါတ်မတည့်တာတွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ရှားစောင်းလက်ပတ်ဖျော်ရည်က ဆိုးကျိုးရှိသလို အကျိုးကျေးဇူးတွေ အများကြီးရှိနေပါတယ်။ ပြင်ပက ရှားစောင်းလက်ပတ်ဖျော်ရည်တွေထက် အိမ်မှာသဘာဝ ရှားစောင်းလက်ပတ်ကို ကိုယ်တိုင်ဖျော်သောက်တာက ပိုပြီး အဆင်ပြေစေပါတယ်။

ရှားစောင်းလက်ပတ်ဖျော်ရည်ရဲ့ အကျိုးကျေးဇူးများ

  • ဝက်ခြံနဲ့ အသားအရေပြဿနာတွေကို ထိထိရောက်ရောက်ကုသပေးပြီး ယားယံတာနဲ့ နေလောင်တာတွေကို သက်သာစေပါတယ်။
  • အရေပြား ကူးစက်ရောဂါတွေကို ကာကွယ်ပေးပါတယ်။
  • အူသိမ်အူလှုပ်ရှားမှုကို အထောက်အကူပြုပြီး ဝမ်းချုပ်တာကို သက်သာစေပါတယ်။
  • အသားအရေခြောက်သွေ့တာတွေနဲ့ အထိအခိုက်မခံတာတွေ နည်းသွားပါတယ်။
  • သွေးတွင်းသကြားဓါတ်မြင့်တက်ပြီး ဆီးချိုတက်တာကို ကာကွယ်ပေးပါတယ်။
  • ပန်းနာရင်ကျပ်ဖြစ်တာနဲ့ အတက်ရောဂါကိုလည်း ကာကွယ်ပေးပါတယ်။
  • ရှားစောင်းလက်ပတ်က အအေးဓါတ်ဖြစ်တာကြောင့် အနာရောဂါတွေကို ငြိမ်းအေးစေပါတယ်။
  • အာဟာရတန်ဖိုး မြင့်မားစွာပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး အဖျားရောဂါကို သက်သာစေပါတယ်။
  • ရှားစောင်းလက်ပတ်မှာ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် အာဟာရဓါတ်တွေ အများကြီးပါဝင်ပါတယ်။
  • ကိုယ်ဝန်ဆောင်ချိန် ပထမပိုင်းမှာ ကြုံတွေ့နိုင်တဲ့ ပျို့အန်တာကို သက်သာစေပါတယ်။
  • သဘာဝ moisturizer ပါဝင်တာကြောင့် အသားအရေ ခြောက်သွေ့တာကို သက်သာစေပါတယ်။
  • သွေးလည်ပတ်မှုကောင်းစေပြီး သန္ဓေသားဆီကို အာဟာရထောက်ပံ့မှု အထောက်အကူပြုပါတယ်။

ရှားစောင်းလက်ပတ်က ကိုယ်ဝန်ဆောင်မေမေတွေအတွက် အကျိုးကျေးဇူးတွေ အများကြီးရှိပေမယ့်လည်း ဘေးထွက်ဆိုးကျိုးကလည်း မြင့်မားတာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သင့် မသောက်သင့် ဆုံးဖြတ်ဖို့ Kalay ကနေ ပြောပြလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles
x