မေမေလောင်းလေးတို့ရေ ကိုယ်ဝန်ဆောင်နေစဉ်မှာ မဖြစ်မနေ စားရမယ့် အစားအစာတွေ ရှိသလို ရှောင်ပြီးစားရမယ့်အစားအစာ၊ နည်းနည်းပဲ အစားအစာတွေ ဆိုပြီးလည်း ရှိနေပြန်ပါသေးတယ်။ ဒါမှ သန္ဓေသားလေးရော၊ မေမေလောင်းရော ကျန်းမာမှာပါနော်။
ကိုယ်ဝန်ဆောင်နေစဉ်မှာ ဝမ်းပျက်စေမယ့် အစားအစာတွေဆိုရင် သတိထား စားရမှာပါနော်။ အချဉ်စားတာက ကောင်းပေမယ့် အလွန်အကျွံစားရင် အစာအိမ် ထိခိုက်စေနိုင်ပါတယ်။ ဒါဆိုရင် သန္ဓေသားလေး ကျန်းမာရေး ကောင်းမွန်စေမှာပါ။ အစပ်တွေရော အရမ်းကြိုက်လား။ သန္ဓေသားလေးအတွက်တော့ အရမ်းကို ပူပြီးစပ်စေမှာနော်။ အငရုတ်သီး စပ်စပ်တွေကတော့ သတိထားပြီး စားပေးပါ။ အစပ်ပါတဲ့ဟင်းက ထမင်းမြိန်စေပေမယ့် လျှော့စားရမှာပါ။
နောက်ထပ်အစားအစာကတော့ ငါးသလောက်ပေါင်းလိုမျိုး အကြောတက်စေတဲ့ ဟင်းလျာတွေပါ။ လုံးဝ မစားရတာတော့ မဟုတ်ပါဘူး။ မေမေလောင်းလေးတို့ ချဉ်ခြင်းတက်ရင်တော့ နည်းနည်းပဲ အာသာပြေ စားပါနော်။
မေမေလောင်းတို့ အသီးအနှံတွေ စားတာက ကျန်းမာရေးအတွက် ကောင်းတာ သိပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် အသီးအနှံတွေမှာ ဘက်တီးရီးယားတွေ ရှိပြီး သေချာ မချက်ပြုတ်ရင် ပိုးမွှားတွေ ခန္ဓာကိုယ်ထဲ ဝင်သွားမှာ ဖြစ်ပြီး သန္ဓေသားရော၊ မိခင်လောင်းပါ ဖျားနာနိုင်ပါတယ်။ ဒါကြောင့် အသီးအရွက်စားရင်လည်း သတိထားပေးနော်။

အသီးအနှံလည်း သတိထားစားပါ
မေမေလောင်းလေးတို့ရေ အသားစားတာက ကျန်းမာရေးအတွက် ကောင်းပါတယ်။ ဒါပေမယ့် မေမေလောင်းတို့ သတိထားရမှာကတော့ အသားတွေရဲ့ လတ်ဆတ်မှုပါ။ အသားတွေ လတ်ဆတ်ဖို့ သိပ်ကိုအရေးကြီးပါတယ်။ အသားတွေမှာပါတဲ့ ပိုးမွှားတွေကို သေအောင် မချက်ပြုတ်နိုင်ဘူးဆိုရင်တော့ ရောဂါပိုးတွေ လွယ်လွယ်ကူကူ ဝင်ရောက်နိုင်ပါတယ်။
မေမေလောင်းတို့ လက်ဖက်သုပ်တွေရော အရမ်းကြိုက်လား။ လေအောင့်မယ်နော်။ မေမေလောင်းတို့ လေအောင့်တာက သန္ဓေသားလေးတွေရဲ့ ကျန်းမာရေးအတွက် သက်ရောက်မှု ရှိစေနိုင်ပါတယ်။ ဒါကြောင့် မေမေလောင်းတို့ လေအောင့်စေနိုင်တဲ့ အစားအစာတွေကို ရှောင်ပါ။ ပဲမြစ်တွေလည်း အရမ်းမစားပါနဲ့နော်။ ရင်ပြည့်တာတွေ ဖြစ်နိုင်တာကြောင့်ပါ။
Comments