ကိုယ်ဝန်ဆောင်ချိန်အတွင်း ဒန့်သလွန်သီး စားခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

by: Khin Nyein Lwin
 0 comments  0 love

ကိုယ်ဝန်ဆောင်ချိန်အတွင်း ဒန့်သလွန်စားတာက အန္တရာယ် ကင်းရဲ့လား? ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာထဲမှာ ပါလား? ဘေးကင်းမှု ရှိရဲ့လားဆိုတာတွေကို သိဖို့ လိုပါတယ်

ကိုယ်ဝန်ဆောင်ချိန်အတွင်း မေမေများအနေနဲ့ ဒန့်သလွန်သီးကို သူ့ချည်းသက်သက် ချက်စားတာဖြစ်ဖြစ်၊ ကြက်သားနဲ့ ငါးနဲ့ ရောပြီး ချက်တာပဲဖြစ်ဖြစ် စားဖြစ်ကြပါလိမ့်မယ်။ စားလို့လဲ အရမ်းကောင်းပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်ချိန်အတွင်း ဒန့်သလွန်စားတာက အန္တရာယ် ကင်းရဲ့လား? ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာထဲမှာ ပါလား? ဘေးကင်းမှု ရှိရဲ့လားဆိုတာတွေကို သိဖို့ လိုပါတယ်။ ဒါကြောင့် ဒန့်သလွန်သီးကို ကိုယ်ဝန်ဆောင်ချိန်မှာ စားပေးခြင်းရဲ့ အရေးပါတာတွေ၊ ဘေးကင်းမှုတွေနဲ့ ကျန်းမာရေးအကျိုးကျေးဇူးအကြောင်းတွေကို ပြောပြပေးပါမယ်နော်။

ကိုယ်ဝန်ဆောင်ချိန်အတွင်း ဒန့်သလွန်သီး စားတာ အန္တရာယ် ကင်းရဲ့လား?

ဟုတ်ပါတယ်။ မေမေကိုယ်ဝန်ဆောင်ချိန်အတွင်း ဒန့်သလွန်ကို စားလို့ရပါတယ်။ ဘေးလဲ ကင်းပါတယ်။ တကယ်တော့ ဒါဟာ ကိုယ်ဝန်အတွက် အတော်လေး ကျန်းမာစေတယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း အခြားသော အသီးအရွက်များကဲ့သို့ပင် စားသုံးတော့မဲ့အခါ ဒန့်သလွန်သီးများကို သေချာစွာ ဆေးကြောရန် လိုအပ်ပါတယ်။ မဆေးကြောထားတဲ့ ဟင်းသီးဟင်းရွက်များမှာ အန္တရာယ်ရှိတဲ့ ကပ်ပါးကောင်များ၊ ဘက်တီးရီးယားများနှင့် ပိုးသတ်ဆေးများ ပါရှိနိုင်ပြီး ကိုယ်ဝန်ကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ဒန့်သလွန်သီး စားတော့မဲ့အခါ သေချာစွာ ဆေးကြောသန့်စင်ပေးရန် လိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်အတွင်း ဒန့်သလွန်သီး စားခြင်းရဲ့ အကျိုးကျေးဇူးများ

၁. မနက်ပိုင်း အော့အန်တာကို သက်သာစေခြင်း

ဒန့်သလွန်သီးကို စားပေးတာက လူကို ပိုမို လန်းဆန်းတက်ကြွစေတဲ့အတွက် နံနက်ပိုင်း အော့အန်ခြင်းကို သက်သာစေလို့ သိရပါတယ်။ ဒါ့အပြင် ဒန့်သလွန်ရွက်ကို ဟင်းချိုလုပ်ပြီး သောက်ပေးတာက အော့အန်တာ၊ ဖျားနာတာတွေအပြင် အခြားသော ရောဂါတွေကိုပါ ကိုယ်ဝန်ဆောင်ချိန်အတွင်း သက်သာစေပါတယ်တဲ့။

၂. အရိုးများကို သန်မာစေတယ်

ဒန့်သလွန်မှာ ကယ်လ်စီယမ်၊ သံဓာတ်နဲ့ ဗီတာမင်ဓာတ်တွေ မြင့်မားစွာ ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အရိုးတွေကို ကျန်းမာသန်စွမ်းစေပါတယ်။ ဒန့်သလွန်ရွက်ကို ကြိတ်ချေပြီး နွားနို့ထဲမှာ ရောသောက်ပေးတာလဲ ကျန်းမာရေးအတွက် ကောင်းစေပါတယ်တဲ့။

၃. အန္တရာယ်ရှိတဲ့ ရောဂါပိုးများကို ကာကွယ်ပေးခြင်း

ဒန့်သလွန်က  ကိုယ်ဝန်ဆောင်ချိန်အတွင်း အန္တရာယ်ရှိတဲ့ လည်ချောင်း၊ အရေပြားနှင့် ရင်ဘတ်ပိုးဝင်ခြင်း အန္တရာယ်ကို ကာကွယ်နိုင်တဲ့ အစွမ်းထက်တဲ့ ဘက်တီးရီးယားများ ရှိပါတယ်။

၄. အစာအိမ်ရောဂါများကို ကုသပေးခြင်း

ဒန့်သလွန်က အစာအိမ်ရောဂါများကို ပျောက်ကင်းစေပြီး ဝမ်းချုပ်ခြင်း၊ အစာမကြေခြင်း နှင့် ဝမ်းလျှောခြင်းကဲ့သို့သော အစာအိမ်ရောဂါများကို ကုသဖို့အတွက် ဒန့်သလွန်ရွက်ကို အုန်းရည်၊ ပျားရည်တို့နဲ့ သောက်သုံးပေးလို့ ရတယ်လို့ သိရပါတယ်။

၅. ဆီးချိုရောဂါကို ထိန်းညှိပေးခြင်း

ဒန့်သလွန်အရွက်က ကိုယ်ဝန်ဆောင်စဉ်အတွင်း သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်တဲ့။ ဒါကြောင့် အသီးအရွက်တွေကို အစားအသောက်ထဲထည့်နိုင်ပြီး ဆီးချိုရောဂါကို ထိန်းထားနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာ ဒန့်သလွန်ရွက်ကို သောက်သုံးခြင်းက သည်းခြေအိတ်ရဲ့ လုပ်ဆောင်မှုကို တိုးတက်စေပါတယ်။

ဒါကြောင့် မေမေတို့ကို ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရရှိနိုင်တဲ့ ဒန့်သလွန်သီးနဲ့ ဒန့်သလွန်ရွက်ကို ကိုယ်ဝန်ဆောင်ချိန်အတွင်း သေချာသန့်စင်ပြီး စားသုံးပေးလို့ ရပါတယ်လို့ မျှဝေပေးလိုက်ပါတယ်နော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles