ကိုယ်ဝန်ဆောင်ချိန်မှာ ပိန်းဥ စားလို့ရလား

by: Nang Htwe
 0 comments  0 love

ပိန်းဥက အာလူးသီးနဲ့ ဆင်ပါတယ်။ ပျော့ပျောင်းပြီး ချိုမြိန်ကာ အာဟာရတန်ဖိုး မြင့်မားစွာပါဝင်ပါတယ်။ အစာကြေလွယ်တာကြောင့် မေမေလောင်းတို့အတွက် အဆင်ပြေပါတယ်။

ပိန်းဥကို ပြုတ်စားတာပဲဖြစ်ဖြစ်၊ ဟင်းအဖြစ် ချက်စားတာပဲဖြစ်ဖြစ် စားကြသလို မုန့်လုပ်ရာမှာလည်း ထည့်သွင်းသုံးစွဲကြပါတယ်။ ပိန်းဥမှာ အာဟာရဓါတ်တွေ ပေါကြွယ်ဝပြီး ကိုယ်ခံစွမ်းအား မြင့်တင်ပေးတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေလောင်းတို့ စားပေးလို့ရပါတယ်။ ကိုယ်ဝန်ဆောင်တွေနဲ့လည်း သင့်တော်ပါတယ်။

ပိန်းဥမှာ အာဟာရဓါတ်တွေ ပေါကြွယ်ဝပြီး ကိုယ်ခံစွမ်းအား မြင့်တင်ပေးတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေလောင်းတို့ စားပေးလို့ရပါတယ် (Photo by The Independent)

ပိန်းဥမှာ ခန္ဓာကိုယ်အတွက် ကောင်းမွန်စေတဲ့ ပရိုတိန်း၊ ကယ်ဆီယမ်၊ သံဓါတ်၊ ဖော့စဖောရပ် တို့ပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ပိန်းဥ စားပေးခြင်းရဲ့ အကျိုးကျေးဇူးများကို Kalay ကနေ ပြောပြပေးပါမယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ပိန်းဥ စားပေးခြင်းရဲ့ အကျိုးကျေးဇူးများ

(၁) ပိန်းဥက အာလူးနဲ့ ဆင်ပါတယ်။ ပျော့ပျောင်းပြီး ချိုမြိန်ကာ အာဟာရတန်ဖိုး မြင့်မားစွာပါဝင်ပါတယ်။ အစာကြေလွယ်တာကြောင့် မေမေလောင်းတို့အတွက် အဆင်ပြေပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ကြုံရတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်း မအီမသာဖြစ်တာကို ကူညီပေးပါတယ်။

(၂) ပိန်းဥမှာပါဝင်တဲ့ ဗီတာမင်ဓါတ်များ

  • ကယ်ဆီယမ်
  • ဖော့စဖောရပ်
  • သံဓါတ်
  • ပိုတက်စီယမ်
  • မဂ္ဂနီဆီယမ်
  • ဆိုဒီယမ်
  • carotene
  • nicotinic acid
  • ဗီတာမင် C ၊B
  • saponin စတာတွေ ပါဝင်ပါတယ်။

(၃) ပိန်းဥမှာ ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်မှုကို အထောက်အကူပြုတဲ့ mucus protein ပါဝင်ပါတယ်။

(၄) ပိန်းဥက အယ်ကာလိုင်း အစားအစာဖြစ်တာကြောင့် လူ့ခန္ဓာကိုယ်ထဲက အက်ဆစ်ဓါတ်ကို ထိန်းညှို့ပေးပြီး အစာအိမ်အက်ဆစ်ပိုလျှံတာကို ကာကွယ်ပေးကာ ဆံပင်ရဲ့ လုပ်ငန်းစဉ်ကို အထောက်အကူပြုပါတယ်။

ပိန်းဥက ကိုယ်ဝန်ဆောင် ဒါမှမဟုတ် အမျိုးသမီးတွေအတွက် ကောင်းမွန်တဲ့ အစားအစာဖြစ်ပေမယ့်လည်း လူကြိုက်နှုန်းနည်းပါတယ် (Photo by How to be Health )

ကိုယ်ဝန်ဆောင်ချိန်မှာ ပိန်းဥကို ဘယ်လိုစားကြမလဲ

(၁) ပိန်းဥက ကိုယ်ဝန်ဆောင် ဒါမှမဟုတ် အမျိုးသမီးတွေအတွက် ကောင်းမွန်တဲ့ အစားအစာဖြစ်ပေမယ့်လည်း လူကြိုက်နှုန်းနည်းပါတယ်။ ဒါကြောင့် သိပ်မစားဖြစ်ကြပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရမျှမျှတတ လိုအပ်တာကြောင့် ပိန်းဥစားဖို့ အကြံပြုပါတယ်။

(၂) ချက်၊ ပြုတ်၊ ကြော်၊ ပေါင်း စတဲ့ နည်းလမ်းအမျိုးမျိုးနဲ့ စားသုံးလို့ရပါတယ်။ ပြုတ်တဲ့ နည်းလမ်းကတော့ အကောင်းဆုံးနည်းလမ်းပါပဲနော်။ ကျန်းမာရေးနဲ့လည်း အသင့်တော် ဆုံးပဲပေါ့။ ကြော်စားမှ ကြိုက်နှစ်သက်တယ်ဆိုရင်လည်း ကြော်စားလို့ရပါတယ်နော်။

(၃) ပိန်းဥကို ချက်ပြုတ် တော့မယ်ဆိုရင် သေသေချာချာ ဆေးကြောပေးဖို့ လိုအပ်ပါတယ်။

(၄) ပိန်းဥကို ကိုင်တွယ်တဲ့အခါ ဒါမှမဟုတ် ချက်ပြုတ်တဲ့အခါမှာ လက်အိတ်အသုံးပြုဖို့လိုပါတယ်။ ပိန်းဥမှာပါတဲ့ အချွဲက အသားအရေနဲ့ ဓါတ်မတည့်တာ ဖြစ်စေနိုင်ပါတယ်။ ဓါတ်မတည့်တာ ကြုံတွေ့ရတဲ့အခါ ဂျင်းရည်နဲ့ လက်ဆေးပေးဖို့ လိုအပ်ပါတယ်။

(၅) ပိန်းဥကို လေဝင်လေထွက်ကောင်းပြီး အေးမြတဲ့ နေရာမှာသိမ်းဆည်းပါ။

မေမေလောင်းတို့ရေ ပိန်းဥမှာ အာဟာရဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ရွေးချယ်စားသုံးပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: eatPregnant Womentaro


Comments

0 comments
Latest video
Refer to more useful articles
x