ကိုယ်ဝန်ဆောင်ချိန်အတွင်း မေမေများ အစားအစာကို ဘယ်လိုနှုန်းထားနဲ့ စားမလဲ

by: Khin Nyein Lwin
 0 comments  0 love

မေမေအတွက်သာမက ကလေးအတွက်ပါ အာဟာရအစုံကို ဘက်ပေါင်းစုံက ရအောင် စားပေးရပါတယ်။ ဒါမဲ့ စားဆိုတဲ့နေရာမှာတော့ အရမ်းကာရော တရားလွန်ကြီး စားလို့တော့ မရပါဘူး။

မေမေတို့ရေ ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်စားသင့်လဲ? ဒါစားလို့ရလား? ဆိုတဲ့ မေးခွန်းပေါင်း များစွာ တွေ့ဖူးပါတယ်။ ဒါကြောင့် ဒီမေးခွန်းအတွက် အဖြေကို ပြောပြပေးချင်ပါတယ်နော်။

ကိုယ်ဝန်ဆောင်ချိန်အတွင်း မေမေတိုင်း အကုန်စားလို့ရပါတယ်

မေမေအတွက်သာမက ကလေးအတွက်ပါ အာဟာရအစုံကို ဘက်ပေါင်းစုံက ရအောင် စားပေးရပါတယ်။ ဒါမဲ့ စားဆိုတဲ့နေရာမှာတော့ အရမ်းကာရော တရားလွန်ကြီး စားလို့တော့ မရပါဘူး။ ဥပမာ- ဒူးရင်းသီး ကြိုက်တဲ့ မေမေပဲထားပါတော့၊ ကြိုက်လို့ စားလို့ရတယ်ဆိုပေမဲ့ တထိုင်ထဲတင် နှစ်လုံး သုံးလုံး ဆက်တိုက်ကြီး စားလို့မရပါဘူး။ ဒူးရင်းသီးဆိုတာ အပူစာပါ။ စားပြီး တချို့ဆို သွေးတက်တာတောင် ဖြစ်ပါတယ်။ ဒါကြောင့် စားပါ။ ဒါပေမဲ့ အာသာပြေရုံလောက်ပဲ စားသင့်ပါတယ်။

နောက်တခုက ကိုယ်ဝန်ဆောင်ချိန်အတွင်း ပုရစ်တို့လို အင်းဆက်ပိုးမွှားတွေကို ဖြစ်နိုင်ရင် မစားပါနဲ့။ ကိုယ်တွင်းနံတဲ့ အစားအစာများတဲ့ ထညင်းသီး၊ ဆူးပုတ်ရွက် စတာတွေကိုလဲ ဖြစ်နိုင်ရင် မစားပါနဲ့။ မေမေစားသမျှအရာတိုင်းက ကလေးဆီကို အချင်းကြိုးကနေ တဆင့် အကုန်ရောက်တာမို့ ရေမြွာရေထဲမှာ နံလာစေမဲ့ မကောင်းတဲ့အရည်များ ဖြစ်လာနိုင်စေတဲ့ ဘယ်အစားအစာကိုမှတော့ ကိုယ်ဝန်ဆောင်ချိန်အတွင်း မစားပါနဲ့။ ဒါတွေက ကလေးမွေးပြီး ပြန်စားလို့ ရနေတဲ့ အရာတွေပါ။

နောက်တစ်ခုက ကိုယ်ဝန်ဆောင်ချိန်အတွင်း ထူးထူးဆန်းဆန်းအသားတွေ ဖြစ်တဲ့

မြွေသားတို့၊ ကြွက်သားတို့ စသဖြင့် အဲ့လိုအစားအစာတွေလဲ မစားပါနဲ့ဥိး။ ဒါတွေက မစားရင်လဲ ရတဲ့ အရာတွေပါ။ နောက်ပြီး အရမ်းပူလွန်း၊ စပ်လွန်း၊ ငန်လွန်းတဲ့ အစားအစာတွေဆိုလဲ မစားပါနဲ့။ ကိုယ်ဝန်ဆောင်ချိန်မှာ အကောင်းဆုံးကတော့ ဘာပဲစားစား အာသာပြေရုံ၊ စားတယ်ဆိုရုံလောက်သာ စားပေးကြပါလို့ ပြောချင်ပါတယ် မေမေတို့ရေ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles