ကိုယ်ဝန်ဆောင်ချိန်တွင်းမှာ ရှားစောင်းလတ်ပတ်ကို ဘယ်နေရာမှာ သုံးမလဲ

by: Nang Htwe
 0 comments  6 love

ဝမ်းချုပ်တတ်တဲ့ မေမေလောင်းတွေအတွက်ကောင်းတယ်။ တစ်ခုသတိထားရမှာက ဝမ်းမှန်တဲ့မေမေလောင်းတွေအနေနဲ့ ရှားစောင်းလတ်ပတ်ဖျော်ရည် မသောက်သင့်ပါဘူး

ရှားစောင်းလတ်ပတ်ကို အသားအရည်ကျန်းမာရေးအတွက် အသုံးပြုလို့ရပါတယ်။ သူက အသားအရည်ကို နူးညံ့စေတဲ့အပြင် အရေပြားကျန်းမာရေးအတွက်လည်း အထောက်အကူပြုတယ်။ မေမေလောင်းတို့အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ရှားစောင်းလတ်ပတ် သုံးသင့်၊ မသုံးသင့် ဒွိဟဖြစ်နေရင် ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ရှားစောင်းလတ်ပတ်ဖျော်ရည်က အစာအိမ်နာတာနဲ့ ရင်ပူတာတွေကို သက်သာစေပါတယ် (Photo by FirstCry Parenting)

ရှားစောင်းလတ်ပတ် အကျိုးကျေးဇူး

ရှားစောင်းလတ်ပတ်နဲ့ ထုတ်လုပ်ထားတဲ့ Lotion တွေ တံဆိပ်အမျိုးမျိုးရှိပါတယ်။ ကိုယ်နဲ့ အဆင်ပြေမယ့် တံဆိပ် ဆရာဝန်ကို မေးပါ။ ဒါမှမဟုတ်ရင်လည်း စီနီယာမေမေတွေကို မေးပါ။

  • ဝက်ခြံထွက်တဲ့ပြဿနာ၊ နေလောင်တာ၊ အရေပြားယားယံတာနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်ပေါ်လာတဲ့ အသားပြတ်တဲ့ အမာရွတ်တွေကို သက်သာစေတယ်။
  • အသားအရည်ကနေ ကူးစက်တတ်တဲ့ ရောဂါတွေကိုလည်း ရှားစောင်းလတ်ပတ်က ကာကွယ်ပေးတယ်။
  • ရှားစောင်းလတ်ပတ်ဖျော်ရည်က ဝမ်းချုပ်တတ်တဲ့ မေမေလောင်းတွေအတွက်ကောင်းတယ်။ တစ်ခုသတိထားရမှာက ဝမ်းမှန်တဲ့မေမေလောင်းတွေအနေနဲ့ ရှားစောင်းလတ်ပတ်ဖျော်ရည် မသောက်သင့်ပါဘူး။
  • အသားအရည်ခြောက်ရင် ရှားစောင်းလတ်ပတ် lotion လိမ်းပေးပါ။
  • ရှားစောင်းလတ်ပတ်က သွေးတွင်းသကြားဓါတ်ကို ထိန်းပေးတယ်။
  • ရှားစောင်းလတ်ပတ်ဖျော်ရည်က အစာအိမ်နာတာနဲ့ ရင်ပူတာတွေကို သက်သာစေပါတယ်။
  • ရှားစောင်းလတ်ပတ်မှာ အာဟာရတန်ဖိုးမြင့်မားပြီး antibiotic ဂုဏ်သတ္တိတွေရှိလို့ ကိုယ်ခံအားကို မြင့်တင်ပေးတယ်။ ဖျားနာတာလျော့နည်းစေပြီး ဗိုင်းရပ်စ်တွေကို တိုက်ထုတ်ပေးတယ်။
ရှားစောင်းလတ်ပတ် lotion

ဝက်ခြံထွက်တဲ့ပြဿနာ၊ နေလောင်တာ၊ အရေပြားယားယံတာနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်ပေါ်လာတဲ့ အသားပြတ်တဲ့ အမာရွတ်တွေကို သက်သာစေတယ် (Photo by Exporters India)

သတိထားစရာများ

ရှားစောင်းလတ်ပတ်ဖျော်ရည်နဲ့ပတ်သက်ပြီး သတိထားစရာတွေလည်းရှိတယ်။ ဓါတ်မတည့်မှုရှိတဲ့သူတွေ သတိထားရမယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ။ ကျူးလစ်ပန်း၊ လီလီပန်း၊ ဟိုင်ယာဆင့် စတဲ့ ပန်းတွေနဲ့ ဓါတ်မတည့်တဲ့သူဆိုရင် ရှားစောင်းလတ်ပတ်ဖျော်ရည်ကို မသောက်သင့်ပါဘူး။ ပြီးတော့ ရှားစောင်းလတ်ပတ် lotion တွေကိုလည်း မလိမ်းသင့်ပါဘူး။

ကိုယ်ဝန်ဆောင်တွေအနေနဲ့ ရှားစောင်းလတ်ပတ်ဖျော်ရည် ကို ဝမ်းအလွန်ချုပ်တဲ့အချိန်နဲ့ ရံဖန်ရံခါရက်တွေမှာ သောက်နိုင်ပါတယ်။ နေ့တိုင်းသောက်ဖို့တော့ အားမပေးပါဘူး။

မေမေလောင်းတို့ရေ ရှားစောင်းလတ်ပတ်နဲ့ပတ်သက်ပြီး အသေးစိတ်သိလိုတာပဲဖြစ်ဖြစ်၊ သုံးသင့် မသုံးသင့် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles