ကိုယ်ဝန်(၈)လမှာ ဘာတွေကိုရှောင်ပြီး ဘာတွေစားရမလဲ

by: Nang Htwe
 0 comments  3 love

 မွေးဖွားချိန်မှာ သွေးဆုံးရှုံးမှုဖြစ်နိုင်တာကြောင့် သံဓါတ်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။

ကိုယ်ဝန်(၈)လထဲကို ရောက်လာပြီဆိုတော့ မေမေလောင်းတို့ မွေးဖွားဖို့ နီးလာနေပြီပေါ့နော်။ မွေးဖွားဖို့လည်း ပြင်ဆင်ပြီးသလောက်ဖြစ်နေပါပြီ။ ကိုယ်ဝန်ကကြီးလာနေပြီး အလွယ်တကူမောပန်းတာနဲ့ ပင်ပန်းနွမ်းနယ်တာကို ခံစားရနိုင်ပါတယ်။ အခုချိန်ထိတော့ စိတ်ဖိစီးမှုအနည်းငယ် ရှိနေပါသေးတယ်။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို စားသုံးခြင်းက မေမေလောင်းတို့ခံစားနေရတဲ့ ဝေဒနာတွေကို သက်သာစေပါတယ် (Photo by Baby360)

ကိုယ်ဝန်(၈)လမှာ သားအိမ်ကကျယ်လာတာကြောင့် အစာအိမ်အပေါ် ဖိအားတွေသက်ရောက်နေပါတယ်။ အစာမကြေတာနဲ့ ရင်ပူတာတွေကို ခံစားရနိုင်ပါတယ်။ ခန္ဓာကိုယ်အလေးချိန်များလာတာကြောင့် အရင်ကလို လှုပ်ရှားမှုတွေ မပြုလုပ်နိုင်ပါဘူး။ ဒီအချိန်မှာ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအစာတွေကို စားသုံးခြင်းက မေမေလောင်းတို့ခံစားနေရတဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။ ကိုယ်ဝန်(၈)မှာ ဘာတွေစားသင့်လဲဆိုတာကတော့

(၁) ဗီတာမင်နဲ့ သတ္ထုဓါတ်ကြွယ်ဝတဲ့ အစားအစာများ

သံဓါတ်နဲ့ ကယ်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေကို အဓိကထား စားသင့်ပါတယ်။ မွေးဖွားချိန်မှာ သွေးဆုံးရှုံးမှုဖြစ်နိုင်တာကြောင့် သံဓါတ်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ ကယ်ဆီယမ်ကတော့ သန္ဓေသားရဲ့ အရိုးတွေသန်မာနေဖို့ပါ။

  • အစိမ်းရောင်ဟင်းသီးဟင်းရွက်များ
  • အစေ့အဆန်များ
  • မက်မွန်သီး
  • အသီးခြောက်များ
  • ကြက်ဥအနှစ်
  • အသား
  • ငါး
  • နို့ထွက်ပစ္စည်းနဲ့
  • ငှက်ပျောသီးတို့ကို စားပေးသင့်ပါတယ်။

(၂) ကာဗိုဟိုက်ဒရိုက်၊ ပရိုတိန်းနဲ့ အဆီကြွယ်ဝတဲ့ အစားအစာများ

ပရိုတိန်းကြွယ်ဝတဲ့ အစားအစာများ

  • ပဲ
  • အသား
  • ကြက်ဥအကာ
  • တိုဟူး
  • ငါး
  • ကြက်သား
  • နွားနို့
  • ဒိန်ချဉ်နဲ့
  • ပဲနို့တို့ဖြစ်ကြပါတယ်။

ကာဗိုဟိုက်ဒရိုက်ကြွယ်ဝတဲ့ အစားအစာများ

  • အာလူး
  • ဂျုံ၊ ဆန်၊ ဘာလီ
  • Cereals
  • ကန်စွန်းဥ
  • ဗာဒံစေ့၊ သီဟိုစေ့၊ မြေပဲဆံ နဲ့ သစ်ကြားသီး တို့ကို စားပေးနိုင်ပါတယ်။
Related image

ကိုယ်ဝန်ဆောင်ချိန်မှာ အသားငါး၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ အသီးအနှံနဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေကို မျှမျှတတစားပေးပါ (Photo by alimentarium)

အဆီကြွယ်ဝတဲ့ အစားအစာများ

  • ကြက်ဥ၊ ဘဲဥ၊ ငုံးဥ
  • ဗာဒံစေ့၊ သီဟိုစေ့၊ မြေပဲဆံ၊ သစ်ကြားသီး
  • ငါးနဲ့
  • မြေပဲထောပတ် တို့စားပေးနိုင်ပါတယ်။

အသီးအနှံတွေကတော့

  • စတော်ဘယ်ရီနဲ့
  • ဖရဲသီးတို့ဖြစ်ကြပါတယ်။

(၃) အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအစာများ

  • ပြောင်းဖူး
  • ပဲမျိုးစုံ
  • ထောပတ်သီး
  • ဂျုံနဲ့ပြုလုပ်ထားတဲ့ အစားအစာများ
  • ဆန်လုံးညို
  • ပေါင်မုန့်အကြမ်း
  • ပန်းဂေါ်ဖီပွင့်
  • ပန်းဂေါ်ဖီစိမ်း (ဘရိုကိုလီ)
  • အစိမ်းရောင်နဲ့
  • တရုတ်နံနံတို့ကို စားပေးပါ။

အသားစိမ်း၊ငါးစိမ်းနဲ့ မကျိုချက်ရသေးတဲ့ နွားနို့တွေကို ရှောင်ရှားပါ (Photo by Baby360)

ရှောင်ရှားရမယ့် အစားအစာတွေကတော့

  • ကော်ဖီ
  • မကျိုချက်ရသေးတဲ့ နွားနို့
  • မာကျူရီပါဝင်တဲ့ ပင်လယ်ငါးများ
  • ချိစ့်အပျော့
  • ကြက်ဥအစိမ်း
  • အသားအစိမ်း
  • ငါးအစိမ်း
  • ကလီစာများ
  • အရက်နဲ့ ဆေးရွက်ကြီးတို့ကို ရှောင်ရှားရပါမယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ အသားငါး၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ အသီးအနှံနဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေကို မျှမျှတတစားပေးဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

 

 

 

 

 

From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x