ကိုယ်ဝန်ဆောင်ချိန်မှာ စားရမယ့် အသီး(၃) မျိုး

by: Phyo Pyae Thu
 0 comments  357 love

ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရနဲ့ ညီညွတ်တာတွေ စားရမယ်ဆိုတာ ဆရာဝန်တွေနဲ့ ကလေးမွေးပြီးသားမေမေတွေက လက်ဆင့်ကမ်း ပြောပြလို့ သိထားပြီး ဖြစ်မှာပါနော်။

မေမေလောင်းလျာလေးတို့ရေ ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရနဲ့ ညီညွတ်တာတွေ စားရမယ်ဆိုတာ ဆရာဝန်တွေနဲ့ ကလေးမွေးပြီးသားမေမေတွေက လက်ဆင့်ကမ်း ပြောပြလို့ သိထားပြီး ဖြစ်မှာပါနော်။ ကိုယ်ဝန်ဆောင်ချိန်မှာက သန္ဓေသားလေးအတွက်ရော စဉ်းစားပြီး စားသောက်ရမှာ ဖြစ်တဲ့အတွက် ချဉ်ခြင်းတပ်တိုင်း စားလို့ မရပါဘူးနော်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ စားသင့်တဲ့ အသီး(၃) မျိုးအကြောင်းကို ဖော်ပြလိုက်ပါတယ်။

ချဉ်ခြင်းတပ်တိုင်း စားလို့ မရပါဘူးနော်(Photo:healthplus.vn)

လိမ္မော်သီး

မေမေလောင်းတို့အတွက် ရေဓါတ်ပေးစွမ်းနိုင်တဲ့ အသီးပဲ ဖြစ်တာမို့ ရေဓါတ်ခမ်းခြောက်တာ မဖြစ်စေနိုင်ပါဘူး။ ဦးနှောက်နဲ့ ကျောရိုးနာဗ့်တွေမှာ ချို့ယွင်းတာတွေ မဖြစ်စေမို့ ကာကွယ်ပေးနိုင်တဲ့ ဗီတာမင်ဘီကို လိမ္မော်သီးကနေ ရရှိနိုင်ပါတယ်။ လိမ္မော်သီးမှာ ပါဝင်တဲ့ ဗီတာမင်စီဟာ ဆဲလ်တွေ ပျက်စီးတာကို တားဆီးပေးနိုင်တဲ့အပြင် သံဓါတ် စုပ်ယူမှုအားကိုလည်း ကောင်းစေပါတယ်။

ထောပတ်သီး

ထောပတ်သီးပေါတဲ့ရာသီမှာ ကိုယ်ဝန်ဆောင်ရင်တော့ ပေါပေါများများ စားရပြီနော်။ ထောပတ်သီးမကြိုက်တဲ့ မေမေလောင်းတွေလည်း ရှိမှာပါ။ vitamin C၊ vitamin B၊ vitamin K တွေရဲ့ အရင်းအမြစ်ပါပဲနော်။ ထောပတ်သီးဟာ ကိုယ်ဝန်ဆောင်စဉ်မှာ အထူးလိုအပ်တဲ့ သံဓါတ်ကို အများဆုံး ပေးစွမ်းနိုင်ပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ ပိုတက်စီယမ်ဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ ခြေထောက်ကြွက်တက်ခြင်း၊ ခြေထောက်ဖောရောင်ခြင်းတွေကို လျော့နည်းစေပါတယ်။

ပိုတက်စီယမ်ဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ ခြေထောက်ကြွက်တက်ခြင်းကို လျော့နည်းစေပါတယ်(Photo:healthplus.vn)

ပန်းသီး

အလွယ်တကူ ဝယ်ယူရရှိနိုင်တာမို့ များများ စားဖြစ်ကြမှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကလည်း ပြသနာတစ်ရပ်ပဲမလား။ ဒါကိုတော့ ပန်းသီးက ဖြေရှင်းပေးနိုင်ပါတယ်။ ပန်းသီးရဲ့ အမျှင်ဓါတ်တွေက အစာခြေစနစ်ကို ကောင်းမွန်စေကြောင့် ဝမ်းချုပ်တာတွေ မဖြစ်စေနိုင်ပါဘူး။ သုတေသီအဆိုအရတော့ ကိုယ်ဝန်ဆောင်ချိန်အတွင်း ပန်းသီးစားမယ်ဆိုရင် မွေးလာမယ့် ကလေးတွေမှာ ပန်းနာရင်ကျပ်ရောဂါနဲ့ အရေပြားယားယံခြင်း ပြသာနာတွေ လျော့နည်းစေပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles