မေမေတို့ရေ . . . ဒီနေ့ခေတ်ကလေးတွေက အရင်ကလို မိဘတွေပြောတဲ့စကားတိုင်းကို ဘာပြောပြော ညာပြောပြော ခေါင်းညိတ်နာခံတတ်တဲ့ ကလေးတွေ မဟုတ်ကြတော့ပါဘူး။ ကလေးလေးတွေက သူတို့ရှေ့မှာ ဘာပြောတာလဲ၊ ဘာအကြောင်းအရာကို ပြောနေတာလဲ ဘာအဓိပါယ်နဲ့လဲဆိုတာ ပြန်ပြီးမေးခွန်းထုတ်တတ်ကြတဲ့ ကလေးတွေ ဖြစ်နေပါပြီ။ ဒါကြောင့် မေမေတို့အနေ ကလေးတွေကို ပြောတဲ့စကားတိုင်းကို သေချာဆင်ခြင်နိုင်ဖို့ လိုပါတယ်။
ကလေးတွေကို မလုပ်စေချင်လို့ ပြောတဲ့အရာတိုင်းကို
ဘာကြောင့်မလုပ်စေချင်ရတာလဲ၊ ဘာလုပ်လို့ ဘာဖြစ်တတ်တယ်ဆိုတာကို သေချာရှင်းပြပြောဆိုပေးဖို့ လိုပါတယ်။ အမေမို့ ငါပြောတာကိုပဲ လိုက်လုပ်လေ၊ လျှာမရှည်နဲ့ဆိုတဲ့ အတွေးမျိုး မရှိရပါဘူး။ ကလေးလိုချင်တာကို မပေးနိုင်တဲ့ အခါမျိုးတွေမှာလည်း ဘာကြောင့်မပေးရတာလဲဆိုတာ ကလေးကို သေချာရှင်းပြပေးဖို့ လိုပါတယ်။
ကလေးရှေ့မှာပြောတဲ့စကားတိုင်းအပြင်
အပြုအမှုတိုင်းကိုလည်း ဂရုစိုက်ပေးဖို့ လိုပါတယ်။ ကလေးဆိုတာ မိဘတွေကိုပဲ တချိန်လုံး လေ့လာစောင့်ကြည့်နေကြပါတယ်။ လင်မယားချင်း ရန်ဖြစ်ချင်ရင်တောင် ကလေးတွေရှေ့မှာ ရန်မဖြစ်ရပါဘူး။ ကလေးရဲ့ ငယ်ဘဝမှာ ပျော်စရာကောင်းတဲ့အတိတ်မျိုးတွေပဲ ရှိသင့်ပါတယ်။
ကလေးတစ်ယောက် ကြီးပြင်းလာတဲ့အခါ
သူ့ရဲ့စကားပြောပုံ၊ စကားလုံးသုံးနှုန်းတာ၊ စကားပြောလေယူလေတိမ်း စတာတွေဟာ ကလေးမိဘရဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်နော်။ ဒါကြောင့် မေမေတို့အနေနဲ့ ဖေဖေတွေအပါအဝင် ကလေးရှေ့မှာပြောတဲ့စကားတိုင်း၊ ကလေးကိုပြောတဲ့စကားတွေအားလုံးကို ကလေးအနာဂတ်မှာ ယဥ◌်ကျေးလိမ်မာတဲ့ ကလေးလေးဖြစ်လာစေဖို့ အထူးဂရုစိုက်ပါလို့ မျှဝေပေးလိုက်ပါတယ်နော်။
Comments