မေမေတို့ ကလေးတစ်ယောက်ပဲ ယူတော့မယ်လို့ ဆုံးဖြတ်ထားပြီးပြီလား အပိုင်း(၁)

by: Nang Htwe
 0 comments  0 love

ကျန်းမာရေးနဲ့ ပညာရေးမှာ ငွေကြေးသုံးစွဲရပါတယ်။ ကိုယ့်ကလေး သူများကလေးတွေနဲ့ တန်းတူနေနိုင်ထိုင်နိုင်သွားနိုင်စားနိုင်ဖို့ ငွေကြေးလုံလောက်ဖို့ အရေးကြီးတယ်

တစ်ဦးတည်းသောကလေးတွေမှာ ကောင်းတာရော၊ ဆိုးတာပါ နှစ်မျိုးရှိပါတယ်။ အားနည်းချက် အားသာချက်တွေရှိပါတယ်။ အရင်ခေတ်တွေတုန်းကတော့ မိသားစုစီမံကိန်း၊ မွေးကင်းစကလေးသေဆုံးမှုနှုန်း၊ ပညာရေးအားနည်းခြင်း စတာတွေကြောင့် ကလေးတွေ အများကြီးမွေးလာခဲ့ကြပါတယ်။

တစ်ဦးတည်းသောကလေး ကလေး

တစ်ဦးတည်းသောကလေးတွေမှာ ကောင်းတာရော၊ ဆိုးတာပါ နှစ်မျိုးရှိပါတယ် (Photo by Mathrubhumi English)

အခု (၂၁)ရာစုမှာ မိဘနှစ်ပါးလုံး အလုပ်လုပ်ရပါတယ်။နောက်ပြီး ကလေးတွေရဲ့ ပညာရေးကို အလေးပေးလာတယ်။ မိသားစုနောင်ရေး၊ အလုပ်၊ ငွေကြေးစုဆောင်းခြင်း၊ ကျန်းမာရေး၊ သားဆက်ခြားခြင်း စတဲ့ ဗဟုသုတတွေ တိုးလာတာနဲ့အမျှ အရင်တုန်းကလို ကလေးတွေ အများကြီး မယူကြတော့ပါဘူး။

ပညာရေး

အခုနောက်ပိုင်းဆိုရင် မိဘတွေမှာ ကလေးတစ်ယောက်ပဲယူပြီး ဒီကလေးကိုပဲ ပညာရေး ပုံအောပေးကြတယ်။ ပြည့်စုံအောင်ထားပေးတယ်။ ယနေ့ခေတ်မှာ ပညာရေးက အလွန်အရေးပါလာတယ်။ ပညာသင်စရိတ်တွေကလည်း အလွန်မြင့်တက်လာတယ်။ မိဘတွေအနေနဲ့ ကလေးပညာရေးအတွက် လင်မယားနှစ်ယောက်စလုံး အလုပ်လုပ်ရတယ်။

ကိုယ့်ကလေး နောင်တချိန်မှာ ပညာနဲ့အသက်မွေးဝမ်းကြောင်းပြုလုပ်နိုင်ဖို့၊ ပညာရှင်တွေဖြစ်လာဖို့၊ အောင်မြင်ကျော်ကြားသူတွေဖြစ်လာဖို့ အခုချိန်ကတည်းက ပညာရေးမှာ ရင်းနှီးမြှပ်နှံရတယ်။ ကလေးနှစ်ယောက်ဆိုရင် ပညာ‌ရေးစရိတ် ခွဲဝေရမယ်။ တခါတလေ ကိုယ်ရှာဖွေနိုင်တာ အတိုင်းအတာတစ်ခုထိပဲဖြစ်လာတဲ့အခါ တစ်ယောက်ယောက်ကို ဦးစားပေးလိုက်ရတယ်။ ဒါကြောင့် အခုခေတ် မိဘအချို့က ကလေးတစ်ယောက်ထဲယူဖို့ ဆုံးဖြတ်ကြတာပါ။

အလုပ်

လင်မယားနှစ်ယောက်လုံး ပိုက်ဆံရှာရတဲ့အခါ အမေတွေအနေနဲ့ ကလေးတစ်ယောက်ပြီးတစ်ယောက်ယူဖို့ မလွယ်ကူတော့ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်၊ ကလေးစောင့်ရှောက်ချိန် အလုပ်ကနေ ခွင့်ယူတာပဲဖြစ်ဖြစ်၊ ထွက်တာပဲဖြစ်ဖြစ် တစ်ခုခုကို ရွေးချယ်ရပါတယ်။ မေမေတို့ အလုပ်ကထွက်ရတဲ့အချိန် ငွေကြေးအခက်အခဲတွေ ကြုံရပါတယ်။ ဒါတွေကြောင့် ကလေးထပ်ယူဖို့ ဝန်လေးလာပါတယ်။

တစ်ဦးတည်းသောကလေး

ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွားချိန်၊ ကလေးကျန်းမာရေးနဲ့ ပညာရေးမှာ ငွေကြေးသုံးစွဲရပါတယ် (Photo by The Guardian)

မိသားစုနောင်ရေး

အခုနောက်ပိုင်း မိသားစုအနာဂါတ် အစီအစဥ်တွေ ရှိလာကြတယ်။ အိမ်ဝယ်ဖို့၊ စီးပွားရေးလုပ်ဖို့၊ ချဲ့ဖို့၊ ပိုက်ဆံစုဖို့၊ ရွှေဝယ်ဖို့ စတဲ့ အစီအစဥ်တွေ အများကြီးရှိလာတာကြောင့် နောက်ထပ် ဒုတိယကလေးယူဖို့ အစီအစဥ်တွေ နည်းသွားတာပါ။

ငွေကြေး

ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွားချိန်၊ ကလေးကျန်းမာရေးနဲ့ ပညာရေးမှာ ငွေကြေးသုံးစွဲရပါတယ်။ ကိုယ့်ကလေး သူများကလေးတွေနဲ့ တန်းတူနေနိုင်ထိုင်နိုင်သွားနိုင်စားနိုင်ဖို့ ငွေကြေးလုံလောက်ဖို့ အရေးကြီးတယ်။ ဒါကြောင့် တချို့မိဘတွေက ကလေးတစ်ယောက်ပဲယူဖို့ ဆုံးဖြတ်လိုက်တာပါ။

ဒုတိယပိုင်းကို ဆက်လက်ဖော်ပြပေးပါမည်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles