မေမေတို့ ကလေးကို ဘယ်ဖက်လက်နဲ့ပဲ ချီတာလား

by: Nang Htwe
 0 comments  0 love

လက်ကိစ္စကို သာမန်အချိန်မှာတော့ သတိမထားမိတတ်ကြပါဘူး။ ကလေးငိုတဲ့အခါ ရုတ်တရက် ကောက်ချီလိုက်ရင် ဘယ်လက်ဖြစ်နေတာကို သတိထားမိပါလိမ့်မယ်။

မေမေတို့ ကလေးချီတဲ့အခါ ဘယ်ဖက်လက်ကိုသာ အသုံးပြုကြပါတယ်။ လေ့လာချက်အရ စိတ်ခံစားချက်နဲ့ စပ်ဆက်နေတဲ့ အရာတွေကို ဘယ်လက်နဲ့ အသုံးပြုကြပြီး လက်တွေ့အလုပ်လုပ်ရတဲ့အခါမှသာ ညာလက်ကို အသုံးပြုကြပါတယ်။ ကလေးငယ်က မေမေတို့ရဲ့ စိတ်ခံစားချက်ကို အပြည့်အဝဖုံးလွှမ်းထားတာကြောင့် ကလေးငယ်ချီတဲ့အခါ ဘယ်လက်နဲ့သာချီဖြစ်ကြတာပါ။ လက်ကိစ္စကို သာမန်အချိန်မှာတော့ သတိမထားမိတတ်ကြပါဘူး။ ကလေးငိုတဲ့အခါ ရုတ်တရက် ကောက်ချီလိုက်ရင် ဘယ်လက်ဖြစ်နေတာကို သတိထားမိပါလိမ့်မယ်။

မေမေတို့ ကလေးချီတဲ့အခါ ဘယ်ဖက်လက်ကိုသာ အသုံးပြုကြပါတယ် (Photo by Times of India)

လူတိုင်း ဘယ်လက်နဲ့ချီကြလား

လူတိုင်းက ဘယ်လက်နဲ့ချီလား။ ညာလက်နဲ့ ချီကြသူတွေလည်း ရှိပါတယ်။ ရာခိုင်နှုန်းတော့နည်းပါတယ်။ ကလေးချီသူ (၆၆)ရာခိုင်နှုန်းကနေ (၇၂) ရာခိုင်းနှုန်းလောက်က ဘယ်လက်နဲ့ချီကြပြီး ကျန်သူတွေကတော့ ညာဖက်လက်နဲ့ ချီကြပါတယ်။ ပျှမ်းမျှအားဖြင့်တော့ ဘယ်လက်နဲ့သာ ကလေးချီကြတယ်လို့ သတ်မှတ်နိုင်ပါတယ်။

ဖေဖေတို့ကတော့ ဘယ်လက်နဲ့ပဲ ချီတာလား

ဖေဖေကကော ဘယ်လက်နဲ့ချီတာပဲလား။ ယောကျာ်းလေး အများစု ကလေးချီတဲ့အခါ ဘယ်လက်ကိုပဲ အသုံးပြုကြပါတယ်။ ယောကျာ်းလေး (၆၄) ရာခိုင်နှုန်းနဲ့ အမျိုးသမီး (၇၃)ရာခိုင်းနှုန်းက ဘယ်လက်နဲ့ ချီကြပါတယ်။ ဒါကြောင့် ရာခိုင်နှုန်းအရ ဖေဖေမေမေ အများစုကတော့ ဘယ်လက်နဲ့ပဲ ကလေးချီကြပါတယ်။

ယောကျာ်းလေး အများစုကလည်း ကလေးချီတဲ့အခါ ဘယ်လက်ကိုပဲ အသုံးပြုကြပါတယ် (Photo by NewsDog)

ညာဖက်လက်နဲ့ ကလေးချီခြင်း

ကလေးငယ်ကို ညာလက်နဲ့ချီရင်လည်း ပြဿနာမရှိပါဘူး။ မေမေဖေဖေတို့က ညာသန်ဖြစ်ပြီး ကလေးချီတဲ့အခါ ဘယ်လက်နဲ့ဖြစ်နေတယ်ဆိုရင် စိုးရိမ်စရာမလိုပါဘူး။ ဒါက ပုံမှန်ပါပဲ။ ယုံယုံကြည်ကြည်နဲ့ စိတ်ချလက်ချ ချီလို့ရပါတယ်။ ပျှမ်းမျှအားဖြင့်တော့ ဘယ်သန်အများစုက ကလေးချီတဲ့အခါ ညာလက်နဲ့ချီကြပြီး ညာသန်အများစုက ကလေးချီတဲ့အခါ ဘယ်လက်နဲ့ချီကြပါတယ်။ ဒါကတော့ ဦးနှောက်ရဲ့ စေ့ဆော်မှုကြောင့် ဒီလို ကွဲပြားသွားတာပါ။ ညာသန်တွေအနေနဲ့ ဘယ်လက်နဲ့ ချီတဲ့အခါ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ အလုပ်မအားတဲ့ မေမေတွေအတွက်တော့ ကလေးငယ်ကို ဘယ်လက်နဲ့ ချီထားရင်း စာရေးတာမျိုး၊ အိမ်မှုကိစ္စပြုလုပ်တာမျိုးနဲ့ အပြင်သွားတဲ့အခါ ပစ္စည်းဆွဲတာတွေ ပြုလုပ်လို့ရပါတယ်။ ဘယ်လက်နဲ့ ချီတဲ့မေမေတွေအနေနဲ့ ညာဖက်လက်နဲ့လည်း ချီတတ်အောင် လေ့ကျင့်ထားသင့်ပါတယ်။ ဒါမှသာ နှစ်ဖက် မျှမျှတတဖြစ်ပြီး ကလေးထိန်းရတာ ပင်ပန်းမှု သိပ်မရှိတော့ပါဘူး။

ကလေးငယ်ကို ဘယ်လက်နဲ့ချီချီ၊ ညာလက်နဲ့ချီချီ ပြဿနာမရှိပါဘူး။ မှန်မှန်ကန်ကန်ချီဖို့သာ လိုအပ်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Ref: ETime

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: Babiescarryon left armpeople


Comments

0 comments
Latest video
Refer to more useful articles