ဖေဖေနဲ့ သားသားလေးရဲ့ ဆက်ဆံရေး ခပ်တန်းတန်း မဖြစ်အောင်

by: Nang Htwe
 0 comments  0 love

ဖေဖေနဲ့ သားသားလေးရဲ့ ဆက်ဆံရေး ငယ်စဉ်ကတည်းက ခိုင်မြဲလာမယ်ဆိုရင် ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့အခါ ခပ်တန်းတန်း ဖြစ်မနေတော့ပါဘူး။

ဖေဖေနဲ့ သားသားလေးရဲ့ ဆက်ဆံရေးက တကယ်တမ်းတော့ ရှုပ်ထွေးပါတယ်။ သားသားလေးနဲ့ မေမေတို့ရဲ့ ဆက်ဆံရေးလောက်တောင် မလွယ်ပါဘူး။ တခါတလေမှာ သားအဖ အချင်းချင်း အားပြိုင်တာလေးတွေ တွေ့ရပါတယ်။ ဒီလို အားပြိုင်တာလေးတွေ မသိမသာ များလာရင် ဆက်ဆံရေးတွေ အက်ကွဲလာပါတယ်။ ဒါကြောင့် ဒီလို ကွဲအက်လာတာတွေ ဖြစ်မလာအောင် ငယ်စဉ်ကတည်းက အထူးသဖြင့် ကလေးဘဝကတည်းက ဖေဖေတို့နဲ့ ဆက်ဆံရေး ခိုင်မြဲအောင် တည်ဆောက်ထားသင့်ပါတယ်။ ဒီလို သားအဖ ဆက်ဆံရေး ငယ်စဉ်ကတည်းက ခိုင်မြဲလာမယ်ဆိုရင် ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့အခါ ခပ်တန်းတန်း ဖြစ်မနေတော့ပါဘူး။

သား သားသား အဖေ အားပြိုင် ချစ်ခြင်း

တခါတလေမှာ သားအဖ အချင်းချင်း အားပြိုင်တာလေးတွေ တွေ့ရပါတယ် (Photo by GTE Localize)

သားသားလေးတွေ ဆယ်ကျော်သက်ရောက်လာတဲ့အခါ ဖေဖေတို့နဲ့ ခပ်တန်းတန်းမဖြစ်အောင် ဘယ်လိုရင်းနှီးမှုတွေ အခုချိန်ကတည်းက ရယူထားရမယ်ဆိုတာ Kalay ကနေ ပြောပြပေးသွားမယ်နော်။

ပြဿနာများ

ဘာလို့ သားသားလေးတွေက မေမေတို့နဲ့ ရင်းနှီးရတာလဲ။ မေမေတို့က  သားသားလေးတွေကြုံတွေ့ရတဲ့ ပြဿနာလေးတွေကို ကူညီဖြေရှင်းပေးလို့ရပါ။ လိုအပ်တဲ့ အကြံဉာဏ်တွေကိုလည်း ပြောပြပါတယ်။ ကလေးငယ်တွေရဲ့ ပြဿနာက လူကြီးတွေအမြင်နဲ့ကြည့်ရင် သေးပေမယ့် သူတို့လေးတွေရဲ့ စိတ်ထဲမှာတော့ တကယ့်အကြီးကြီးပါ။ ကလေးငယ်တွေ ရင်ဆိုင်ရတဲ့ ပြဿနာတွေအပေါ် ဖေဖေတို့အနေနဲ့ လျှစ်လျူရှု့တာမျိုး မပြုလုပ်ဘဲ ဖြေရှင်းဖို့ လမ်းညွှန်ပေးတာက ဖေဖေနဲ့ သားသားလေးကြား ရင်းနှီးမှုတွေ ပိုရစေပါတယ်။

ကစားခြင်း

သားသားလေးကို ခေါ်ပြီး ကစားကွင်းလိုက်ပို့တာ၊ အိမ်မှာ လေ့ကျင့်ခန်းအတူတူလုပ်တာနဲ့ ဘောလုံးအတူတူကန်တာတွေ မကြာခဏ ပြုလုပ်ပေးပါ။ ကြက်တောင်ရိုက်တာတွေနဲ့ အိမ်မှာ ပျက်နေတဲ့ ပစ္စည်းတွေ အတူတူပြင်တာမျိုး မကြာခဏ ပြုလုပ်ပေးတာက ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့အခါ ဖေဖေနဲ့ ခပ်စိမ်းစိမ်းဖြစ်တာ နည်းသွားပါတယ်။

သင်ကြားပေးခြင်း

ဖေဖေတို့အနေနဲ့ ကလေးငယ်ကို အားကစားတစ်ခုခုသင်ကြားပေးပါ။ စက်ဘီးစီးသင့်ပေးတာနဲ့ တောင်တက်တာတွေကို ကလေးငယ်ကို လေ့ကျင့်ပေးပါ။ ကလေးငယ်ကို အားကစားတွေအပြင် သီချင်းဆိုတက်အောင် လေ့ကျင့်ပေးတာမျိုး သင်ကြားပေးပါ။

စေတနာ့ဝန်ထမ်း

ဖေဖေတို့အနေနဲ့ ပရဟိတ လှုပ်ရှားမှုတွေမှာ ကလေးငယ်နဲ့ အတူတကွ ပြုလုပ်သင့်ပါတယ်။ အလှူလုပ်တဲ့အခါ ဒါမှမဟုတ် စေတနာ့ဝန်ထမ်းလုပ်တဲ့အခါ ကလေးငယ်နဲ့အတူတူပြုလုပ်တာက နှစ်ဦးကြား ရင်းနှီးမှုတွေပိုရစေပါတယ်။ လေးစားမှုတွေအပြင် ခိုင်မာတဲ့ relationship တစ်ခု တည်ဆောက်ပြီးသား ဖြစ်သွားပါတယ်။

အဖေ သား သားသား အားပြိုင်

ကလေးငယ်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဖေဖေနဲ့ အတူတူဆော့ကစားဖို့ လိုအပ်ပါတယ် (Photo by GTE Localize)

စီမံကိန်းများ

ခြံအတွင်း သစ်ပင်စိုက်တာ၊ နွေရာသီအားလပ်ရက် စက်ဘီးစီးတာနဲ့ အိမ်ပြုပြင်တာတွေ ပြုလုပ်တဲ့အခါ သားသားလေးကို အကူအညီတောင်းပါ။ အတူတူပြုလုပ်ပါ။ သားသားလေး အမှားတွေလုပ်မိတဲ့အခါ ငေါက်တာတွေ၊ ဆူတာတွေနဲ့ ရိုက်တာတွေကို ရှောင်ရှာပါ။ စိတ်ရှည်ပါ။ ကောင်းကောင်းသင်ကြားပြသပါ။

နားထောင်ပါ

မေမေတွေက သားသားလေးရဲ့ စကားကို သေသေချာချာနားထောင်ပါတယ်။ ဖေဖေတွေအနေနဲ့ မေမေတို့လိုပဲ သားသားလေးတွေပြောတဲ့ စကားကို သေသေချာချာနားထောင်ပါ။ အကြံပေးပါ။ လမ်းညွှန်ပါ။ ဥပက္ခာပြုတာမျိုး မကြားချင်ယောင်ဆောင်တာမျိုးနဲ့ စိတ်မရှည်တဲ့ အမူအရာတွေ လုံးဝမပြုလုပ်ပါနဲ့နော်။

ဆွေးနွေးပါ

ခက်ခဲတဲ့ဘာသာရပ်တွေအကြောင်း မကြာခဏ ဆွေးနွေးပေးပါ။ ဒီလိုမကြာခဏ ဆွေးနွေးပေးတာက သားသားလေးက ဖေဖေတို့ကို လေးစားစေပြီး နှစ်တွေကြာလာတဲ့အခါ အသက်အရွယ်ကြောင့် နားလည်မှုကွာခြားတာတွေ နည်းသွားနိုင်ပါတယ်။

ခပ်တန်းတန်းနေတာကို ရှောင်ပါ

ဖေဖေတို့မှာ မှားနေတာတစ်ခုရှိပါတယ်။ သားသားလေးတွေ မလေးစားမှာဆိုးပြီး ခပ်တန်းတန်းနေတာပါ။ ဒီလိုခပ်တန်းတန်းနေတာ ဖေဖေနဲ့ သားသားလေးကြား ပိုဝေးသွားစေပါတယ်။ ရင်းရင်းနှီးနှီးနေပေးပါ။ သူငယ်ချင်းလိုတစ်မျိုး၊ ဖခင်လိုတစ်မျိုး တလှည့်စီနေပေးတာက ပိုပြီး ခိုင်မြဲစေပါတယ်။

ချစ်ကြောက်ရိုသေ

ခပ်တည်တည်နေမှ ကလေးငယ်တွေ ချစ်ကြောက်ရိုသေတယ်လို့ ရှေးရိုးစွဲ အယူအဆတွေရှိနေတယ်ဆိုရင် အခုပဲ ဖျောက်ပစ်လိုက်ပါ။ ဒီအယူအဆတွေက ကလေးငယ်နဲ့ ဖေဖေတို့ကို တဖြည်းဖြည်းဝေးသွားစေပါတယ်။ ကလေးငယ်က ဖေဖေတို့ကို ကြောက်တာမို့ ပြောဆိုဆွေးနွေးတာ၊ တိုင်ပင်တာနဲ့ အကြံဉာဏ်တောင်းတာတွေမပြုလုပ်ရဲ့တော့ပါဘူး။ ဒီလိုကြာလာတာနဲ့အမျှ  ကလေးငယ်တွေရဲ့ အရင်းနှီးဆုံးသူက မေမေဖြစ်လာပါတယ်။  ကလေးငယ်တွေ အရွယ်ရောက်လာလေလေ ဖေဖေတို့နဲ့ ဝေးဝေးသွားနိုင်ပါတယ်။

အရေးကြီးတဲ့ အခန်းကဏ္ဍ

မိသားစုတစ်ခုမှာ မေမေတို့ရဲ့ အခန်းကဏ္ဍက အရေးကြီးတဲ့နေရာကနေပါဝင်သလို ဖေဖေတို့ရဲ့ လမ်းညွှန်ချက် တွေနဲ့ စီမံခန့်ခွဲခြင်းတွေကလည်း မရှိမဖြစ် အရေးပါပါတယ်။ သားသားမီးမီးလေးတွေနဲ့ ရင်းရင်းနှီးနှီးဖြစ်ဖို့ ဖေဖေတို့ ကြိုးစားရပါမယ်။ သားသားမီးမီးလေးအတွက် သီးသန့်အချိန်ပေးရပါမယ်။ မိသားစုတစ်စု ခိုင်မာဖို့နဲ့ ပျော်ရွင်ဖို့ အဓိကကြိုးကိုင်တဲ့သူပါ။ ကလေးငယ်ပြုစုစောင့်ရှောက်ဖို့က မေမေတို့မှာပဲ တာဝန်ရှိတာမဟုတ်ပါဘူး။ ဖေဖေဖြစ်တာမို့ ကလေးငယ် မွေးကင်းစကနေ အရွယ်ရောက်တဲ့အထိ လိုအပ်တဲ့ အကူအညီတွေကို ပေးဖို့လိုပါတယ်။ အဝေးကနေ အကူအညီပေးတာထက် ရင်းရင်းနှီးနှီးအကူအညီပေးတာ အကောင်းဆုံးပါ။

မွေးကင်းစကလေးငယ်အတွက် ဖေဖေတို့ရဲ့ အရေးပါမှု

  • ကလေးငယ်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဖေဖေနဲ့ အတူတူဆော့ကစားဖို့ လိုအပ်ပါတယ်။
  • ဖေဖေနဲ့ အတူတူဆော့ကစားတာက ကလေးငယ်ရဲ့ စိုးရိမ်စိတ်နဲ့ စိတ်ဖိစီးမှုတွေ သက်သာစေပါတယ်။
  • စိတ်ဓာတ်ကျတာကိုလည်း ကာကွယ်ပေးပါတယ်။
  • ငယ်ငယ်လေးကတည်းက ဖေဖေတို့နဲ့ ရင်းနှီးခဲ့တဲ့သားသားမီးမီးလေးတွေဟာ အရွယ်ရောက်လာတဲ့အခါ စိတ်ဖိစီးမှုတွေကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်တာကို တွေ့ရပါတယ်။
  • ဖခင်နဲ့ ဆက်ဆံရေးကောင်းမွန်ခဲ့တဲ့ ကလေးငယ်တွေ အရွယ်ရောက်လာတဲ့အခါ အလွဲသုံးစားလုပ်တာ၊ မူးယစ်ဆေးဝါးသုံးစွဲတာနဲ့ ရာဇဝတ်မှုကျူးလွန်တာတွေ လျော့နည်းစေပါတယ်။

ဖေဖေတို့အတွက် အကြံပေးချက်များ

  • ကလေးငယ်ကို ချီပြီးလမ်းလျှောက်ထွက်တာနဲ့ အဝတ်အစားလှဲပေးတာတွေကို မေမေတို့အစား ပြုလုပ်ပေးသင့်ပါတယ်။
  • ကလေးငယ်ကို ဒိုက်ပါလှဲပေးတဲ့အခါ မေမေတို့အစား ဖေဖေတို့ပြုလုပ်ပေးပါ။
  • ကလေးငယ်နဲ့အတူတူကစားတာ၊ စက်ဘီးစီးတာနဲ့ စာအုပ်အတူတူဖတ်တာတွေကို ပြုလုပ်သင့်ပါတယ်။
  • သီချင်းအတူတူနားထောင်တာနဲ့ ရုပ်ရှင်အတူတူကြည့်တာကလည်း ကလေးငယ်တွေနဲ့ ဖေဖေတို့သံယောဇဉ် ပိုရင်းနှီးစေပါတယ်။
  • ကလေးငယ်အတွက် သီးသန့်အချိန်ပေးတာက ဖေဖေနဲ့ သားသားမီးမီးလေးတွေကြားမှာ ပိုမိုရင်းနှီးစေပါတယ်။

ဖေဖေနဲ့ သားသားလေးတွေကြား ရင်းရင်းနှီးနှီးနေတာက ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့အခါ ခပ်တန်းတန်းဖြစ်သွားတာမျိုး ဝေးသွားစေကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles