မေမေတို့မိသားစုလေး ပျော်ရွှင်ဖို့ ဒါလေးတွေလုပ်ကြည့်ပါ

by: Phyo Pyae Thu
 0 comments  0 love

မေမေ ဖေဖေတို့ မိသားစုလေးတွေ ချစ်ချစ်ခင်ခင်လေး နေရဖို့ဆိုတာ လျှို့ဝှက်ချက်လေးတွေတော့ ရှိတယ်နော်။ ဘာတွေလဲဆိုတာ ဖတ်ကြည့်ပါဦး။

မိသားစုလေးတွေ ချစ်ချစ်ခင်ခင်လေး နေရဖို့ဆိုတာ လျှို့ဝှက်ချက်လေးတွေတော့ ရှိတယ်နော်(Photo: Guys)

မေမေတို့ရေ ပျော်ရွှင်တဲ့ မိသားစုလေး ပိုင်ဆိုင်ရဖို့ဆိုတာ ဖေဖေ၊ မေမေအပြင် သားသားမီးမီးလေးတွေနဲ့လည်း ဆိုင်ပါတယ်။ မိသားစုလေးတွေ ချစ်ချစ်ခင်ခင်လေး နေရဖို့ဆိုတာ လျှို့ဝှက်ချက်လေးတွေတော့ ရှိတယ်နော်။ ဘာတွေလဲဆိုတာ ဖတ်ကြည့်ပါဦး။

ညစာ တူတူစားခြင်းဟာ

အစားတူတူစားခြင်းဆိုတဲ့ အဓိပ္ပါယ်ထက် ပိုလေးနက်ပါတယ်။ ဒါဟာ မိသားစုနဲ့ ရင်းနှီးတွယ်တာမှု ဖြစ်ပေါ်ဖို့၊ သူတို့ရဲ့ နေ့စဉ်အကြောင်းအရာတွေကို ဝေမျှဖို့ အရေးကြီးတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေကို နားထောင်ပြီး မိသားစုဝင်တွေမှာ ဖြစ်နေတဲ့ အခက်အခဲတွေကို သိရမှာမို့ ကူညီမှုတွေ၊ အကြံဥာဏ်တွေ ပေးနိုင်ပါတယ်။

ကလေးငယ်တွေဟာ အံ့သြမှုတွေကို နှစ်သက်ကြပါတယ်(Photo: Hacos)

ကလေးငယ်တွေဟာ အံ့သြမှုတွေကို နှစ်သက်ကြပါတယ်

အကယ်လို့ မေမေ ဖေဖေတို့က မနက်စောစော အလုပ်သွားရတယ်ဆိုရင်သူတို့နဲ့ မနက်ပိုင်းအချိန်ကို ဖြတ်သန်းဖို့ မဖြစ်နိုင်ပေမယ့် သူတို့ကို ချစ်ကြောင်းသိစေဖို့ မနက်ခင်းမှာ သေသေချာချာ နှုတ်ဆက်ပြီးသွားတာမျိုး လုပ်ပါ။ ဒါဆိုရင် သူတို့ဟာ စိတ်လှုပ်ရှားပြီး ဒါကို ကြိုက်နှစ်သက်မှာဖြစ်ပါတယ်။

စာအုပ်ဖတ်ပြတာမျိုး လုပ်ပါ

ဒါဟာ မေမေ ဖေဖေတို့ရဲ့ မေတ္တာကို ပြသတာလည်း ဖြစ်ပါတယ်။ အကယ်လို့ မေမေ ဖေဖေတို့ ညဘက် ညစာ အတူတူ မစားဖြစ်ရင် ညဘက် စာအုပ်ဖတ်ပြပါ။ မေမေတို့ရဲ့ သားသားမီးမီးလေးတွေက မူကြိုတက်တဲ့အရွယ်ဆိုရင် မူကြိုလိုက်ပို့တာမျိုး လုပ်ပေးပါ။လမ်းမှာ စကားပြောပါ။ ကလေးငယ်ဟာ လုံခြုံမှုရရှိပြီး သင်သူတို့ကို ချစ်တယ်ဆိုတာ ခံစားရမှာဖြစ်ပါတယ်။

သွားချင်တဲ့နေရာတွေကိုလည်း လိုက်ပို့ပေးပါ

 မိသားစုနဲ့ ခရီးထွက်ပါ။ မကြာခဏ မိသားစုနဲ့ ခရီးထွက်အချိန်ဖြုန်းခြင်းဟာလည်း လှပတဲ့ အမှတ်တရတွေကို ရရှိစေဖို့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ တစ်ကြိမ်စီမှာ မတူတဲ့ နေရာတွေကို သွားနိုင်ပါတယ်။ အနည်းဆုံးတော့ မေမေ့ကလေးလေး နှစ်သက်တဲ့ အိမ်နားက ပန်းခြံတစ်ခုခု သွားပေးပါ။

From Kalay with

Tag: adviceFamilylove

Comments

0 comments
Latest video
Refer to more useful articles
x