ဖိုးဖိုးဖွားဖွားတို့ကို ချစ်တဲ့ မြေးလေးလိမ္မာလေးဖြစ်စေဖို့

by: Nang Htwe
 0 comments  0 love


“သားအချစ် မြေးအနှစ်” ဆိုတဲ့စကားအတိုင်း ဖိုးဖိုးဖွားဖွားတွေက မြေးလေးတွေကို အရမ်းချစ်ကြပါတယ်။ သားသားမီးမီးလေးတွေရဲ့ ကံကောင်းခြင်းတွေထဲမှာ ဖိုးဖိုးဖွားဖွားတို့ရှိနေတာလည်း ပါဝင်နေတယ်နော်။ ဒါပေမယ့်လည်း အနေဝေးတဲ့အခါမှာ သားသားမီးမီးလေးတွေက စိမ်းနေတတ်ပါတယ်။ ဒါကြောင့် သားသားမီးမီးလေးတွေမှာ ဖိုးဖိုးဖွားဖွားတွေရှိနေတုန်းပဲဆိုရင် သူတို့တွေနဲ့ ရင်းနှီးအောင်ပြုလုပ်ပေးထားဖို့ မေမေဖေဖေတို့မှာ တာဝန်ရှိပါတယ်။

သားသားမီးမီးလေးတွေရဲ့ ကံကောင်းခြင်းတွေထဲမှာ ဖိုးဖိုးဖွားဖွားတို့ရှိနေတာလည်း ပါဝင်နေတယ်နော် (Photo by The Asian Parent)

ဖိုးဖိုးဖွားဖွားတို့ဆိုတာ

ဖိုးဖိုးဖွားဖွားတွေက သားသားမီးမီးလေးတွေကို ပျော်ရွင်အောင်ထားနိုင်တဲ့သူတွေပါ။ အတွေ့အကြုံရင့်ကျက်ခဲ့တာကြောင့် မြေးလေးတွေရဲ့ လိုအပ်ချက်တွေကို ချက်ချင်းသိနိုင်ပါတယ်။ အလုပ်လုပ်နေတဲ့ မေမေဖေဖေတွေ ရှိနေတယ်ဆိုရင်လည်း သားသားမီးမီးလေးတွေကို ဖိုးဖိုးဖွားဖွားတို့အိမ်မှာ ထားခဲ့လို့ရပါတယ်။ သူစိမ်းတွေလက်ထဲ အပ်ခဲ့တာနဲ့စာရင် ဖိုးဖိုးဘွားဘွားတို့ဆီက လုံခြုံမှုတွေနဲ့ ပျော်ရွှင်မှုတွေ ပိုရစေပါတယ်။ ဖိုးဖိုးဖွားဖွားတွေက မြေးလေးတွေရဲ့ တာဝန်ကို လိုလိုလားလား လက်ခံတယ်ဆိုရင်တော့ စိတ်ချလက်ချထားခဲ့ပြီး အလုပ်သွားလို့ရပါတယ်။

ဖိုးဖိုးဖွားဖွားတို့နဲ့ ဆော့ကစားစေတာက ကလေးငယ်တွေမှာ ပျော်ရွင်ခြင်းတွေနဲ့ တသက်တာ အမှတ်တရတွေရရှိစေပါတယ် (Photo by Klikdokter)

လုံခြုံစိတ်ချမှု

မေမေဖေဖေတို့ရဲ့ အလုပ်အားလပ်ချိန်တွေမှာ သားသားမီးမီးလေးတွေကိုခေါ်ပြီး ဖိုးဖိုးဖွားဖွားတို့အိမ်ကို မိသားစုလိုက်သွားလည်ပေးပါ။ သားသားမီးမီးလေးတွေကို ဖိုးဖိုးဖွားဖွားတို့နဲ့ ဆော့ကစားစေတာက ကလေးငယ်တွေမှာ ပျော်ရွင်ခြင်းတွေနဲ့ တသက်တာ အမှတ်တရတွေရရှိစေပါတယ်။ ဖိုးဖိုးဖွားဖွားတွေရဲ့ ဆုံးမလမ်းညွှန်မှုတွေက သားသားမီးမီးလေးတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လမ်းညွှန်ခြင်းတွေဖြစ်လာမှာပါ။ နောက်ထပ် အကျိုးကျေးဇူးကတော့ ကလေးငယ်တွေက အသက်ကြီးသူကို ရိုသေလေးစားတတ်လာပါတယ်။ ဖိုးဖိုးဖွားဖွားတွေကို ခွဲခြားတာမျိုးမပြုလုပ်ပါနဲ့နော်။ မေမေဘက်က ဖိုးဖိုးဖွားဖွားတွေကို ချစ်သလို ဖေဖေ့ဘက်က ဖိုးဖိုးဖွားဖွားတွေကို ချစ်ဖို့လိုပါတယ်။ နှစ်ဖက် ဖိုးဖိုးဖွားဖွားကို အတူတူချစ်လာအောင် မေမေဖေဖေတို့ လမ်းညွှန်ပေးပါ။

ရှေးရိုးစွဲအတွေးအခေါ်

မေမေဖေဖေတို့ သတိထားရမှာက သားသားမီးမီးလေးတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုပါ။ ရှေးရိုးစွဲတဲ့ အတွေးအခေါ်တွေ၊ လွဲနေတာတွေနဲ့ မတူညီတာတွေကို ကြုံတွေ့ရမှာပါ။ ဒီလိုအချိန်မှာ မေမေဖေဖေတို့က စိတ်ရှည်ရှည်ထားပြီး ဖိုးဖိုးဖွားဖွားတို့ကို ရှင်းပြပေးပါ။ ဘာကြောင့် ဒီလိုမပြုလုပ်သင့်တယ်ဆိုတာကို နားလည်အောင် ပြောပြပါ။ မေမေဖေဖေတို့ရဲ့ စိုးရိမ်စိတ်ကြောင့် ဖိုးဖိုးဖွားဖွားတို့ဆီကို မပို့တာတွေ၊ မသွားခိုင်းတာမျိုး မပြုလုပ်ပါနဲ့။

သားသားမီးမီးလေးတွေအတွက် အဘွားက ဘယ်လောက်ထိအရေးပါလဲ

သားသားမီးမီးလေးတွေမှာ မေမေ့ဘက်က ဘိုးဘိုးဘွားဘွား၊ ဖေဖေ့ဘက်က ဘိုးဘိုးဘွားဘွားဆိုပြီး နှစ်ဖက် ဆွေးမျိုးအသိုင်းဝိုင်းတွေ ရှိကြပါတယ်။ အရင်ခေတ်တုန်းကတော့ အဘိုး၊ အဘွားတွေနဲ့ တစ်အိမ်ထဲ နေထိုင်ကြတာကြောင့် ကလေးငယ်တွေနဲ့ ရင်းနှီးကျွမ်းဝင်ကြပါတယ်။ သားသားမီးမီးလေးတွေအတွက်ကတော့ မေမေဖေဖေတို့ပြီးရင် ဒုတိယနေရာက ဘိုးဘိုးဘွားဘွားတို့ပါ။

ဘွားဘွားတို့က သားသားမီးမီးလေးတွေရဲ့ ဘဝမှာ ဘယ်လောက်ထိ အရေးပါလဲ။ သားအချစ် မြေးအနှစ်ဆိုတဲ့အတိုင်း ဘွားဘွားတို့က သူတို့လေးတွေရဲ့ မြေးတွေကို အလွန်ချစ်မြတ်နိုးကြပါတယ်။ အရာရာ ဦးစားပေးပါတယ်။ ဘိုးဘိုးဘွားဘွားတို့နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ သားသားမီးမီးလေးတွေဟာ ကံအကောင်းဆုံး ကလေးငယ်တွေ ဖြစ်ကြပါတယ်။ အဘိုးအဘွားတွေရဲ့ ချစ်ခြင်းမေတ္တာဟာ ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုမှာ အထောက်အကူတွေရရှိပါတယ်။

ဘွားဘွားက မြေးလေးတွေကို ဘယ်လိုစောင့်ရှောက်လဲ

(၁) လုံခြုံစိတ်ချမှု

ဘွားဘွားရဲ့ အိမ်မှာ သားသားမီးမီးလေးတွေကို စိတ်ချလက်ချ ထားခဲ့နိုင်ပါတယ်။ မေမေဖေဖေတို့ အလုပ်သွားတဲ့အခါ ဒါမှမဟုတ် ခရီးထွက်တဲ့အခါမှာ ကလေးငယ်တွေကို တခြားနေရာတွေထက် အဘိုးအဘွား အိမ်က ပိုပြီးစိတ်ချရပါတယ်။ ဘွားဘွားက ကလေးငယ်ရဲ့ အစားအသောက်၊ အိပ်ချိန်၊ ကျန်းမာရေးနဲ့ တခြားဝေယျာဝစ္စတွေကို မေမေတို့ပြုလုပ်ပေးတဲ့အတိုင်း မငြီးမငြူ ပြုလုပ်ပေးပါတယ်။မေမေတို့ ခရီးထွက်တဲ့အခါမှာ သားသားမီးမီးလေးတွေက လွမ်းပြီးငိုနေတာမျိုး၊ နေမကောင်းဖြစ်တာမျိုး၊ အစားမစားတာမျိုး မကြုံရတော့ပါဘူး။ သားသားမီးမီးလေးတွေက ကျောင်းနေအရွယ်ဆိုရင် ဘွားဘွားတို့က အကြိုအပို့ ပြုလုပ်ပေးမှာမို့ မေမေတို့ စိတ်ချရပါတယ်။ လုပ်ငန်းခွင်မှာလည်း စိတ်ချလက်ချ အလုပ်လုပ်နိုင်ပါတ ယ်။ခရီးသွားရတဲ့အခါမှာလည်း စိတ်ဖြောင့်ဖြောင့် သွားနိုင်ပါတယ်။

(၂) ကျန်းမာရေး

ဘွားဘွားက အတွေ့အကြုံတွေ များခဲ့တာကြောင့် သားသားမီးမီးလေးတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်စောင့်ရှောက်ပေးတတ်ကြပါတယ်။ ဘယ်အချိန်မှာ ဆေးတိုက်ရမယ်၊ ထမင်းကျွေးရမယ်၊ အိပ်ရမယ်ဆိုတာ အစီအစဉ်အတိုင်းပြုလုပ်နိုင်ပါတယ်။ မေမေတို့ မအားတဲ့အချိန် သားသားမီးမီးလေးတွေ နေမကောင်းဖြစ်တဲ့အခါ ဘွားဘွားက မေမေတို့ကိုယ်စား ဆေးခန်းလိုက်ပြပေးပါတယ်။ ဆရာဝန်ညွှန်ကြားချက်တွေကိုလည်း မှတ်သားပေးပါတယ်။ဒါကြောင့် မေမေတို့ပြီးရင် သားသားမီးမီးလေးတွေအတွက် စိတ်ချရဆုံးသူကတော့ ဘွားဘွားပါပဲနော်။

(၃) ပဲ့ပြင်ထိန်းကျောင်းခြင်း

တခါတလေမှာ သားသားမီးမီးလေးတွေက မေမေတို့ရဲ့ စကားထက် ဘွားဘွားရဲ့ စကားကို ပိုနားထောင်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘွားဘွားတို့က မြေးလေးအပေါ် စိတ်ရှည်လို့ပါပဲ။ ပုံပြင်တွေပြောပြပေးတဲ့အပြင် ဘဝအတွေ့အကြုံကို သားသားမီးမီးလေးတွေ နားလည်အောင် စိတ်ရှည်လက်ရှည် ရှင်းပြပေးပါတယ်။

(၄) အလည်သွားပါ

ဖိုးဖိုးဖွားဖွားဆို့ဆီ ဒါမှမဟုတ် ဦးဦးဒေါ်ဒေါ် တို့ဆီ အလည်သွားနိုင်ပါတယ်။ ဒီလိုအလည်သွားတာက သားသားမီးမီးလေးတွေရဲ့ စိတ်ဖိစီးမှုတွေ လုံးဝပျောက်ကင်းသွားစေပါတယ်။ သူတို့လေးတွေရဲ့ စိတ်ခံစားချက်တွေကလည်း ပိုပြီး လွတ်လပ်မှုရစေပါတယ်။

သားသားမီးမီးလေးတွေရဲ့ ဘဝမှာ မေမေဖေဖေတို့က အရေးကြီးသလို ဖိုးဖိုးဖွားဖွားတွေကလည်း တစ်တောင့်တနေရာကနေ ပါဝင်နေပါတယ်။ ကံကောင်းတဲ့ သားသားမီးမီးလေးတွေဖြစ်စေချင်တယ်ဆိုရင် ဖိုးဖိုးဖွားဖွားတို့ဆီကို မကြာခဏ အလည်ခေါ်သွားပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles