
စကားပြော ယဉ်ကျေးဖို့ပါ (Photo: Cleveland Clinic Health Essentials)
ဖေဖေ၊ မေမေဆိုတာ သားသားမီးမီးလေးတွေရဲ့ လက်ဦးဆရာပါ။ သားသားမီးမီးလေးတွေ အပြောအဆို၊ အမူအယာလေးတွေကအစ ယဉ်ကျေးသိမ်မွေ့အောင် မေမေရော ဖေဖေရော ပြောဆို ဆုံးမပေးဖို့ လိုပါတယ်။ အသက်(၃) နှစ်ဆိုတာ သားသားမီးမီးလေးတွေ စကားကောင်းကောင်း ပြောတတ်နေပြီဖြစ်သလို များများလေးလည်း နားလည်နေပါပြီ။ ရှေ့လျှောက် ဒီ့ထက်ပိုပြီး နားလည်ဖို့ပဲ ရှိပါတော့တယ်နော်။

ယဉ်ယဉ်ကျေးကျေး ငြင်းဆိုတတ်အောင် သင်ပေးပါ ( Photo : stichtingniko )
သားသားမီးမီးလေးတွေဟာ ဒီအရွယ်မှာ သူတို့ပိုင်ဆိုင်သမျှ ပစ္စည်းတွေအားလုံးကို သိပါတယ်
သူတို့ရဲ့ အရုပ်၊ ကစားစရာ ဘယ်အရာကိုမှ သူများကို ပေးမကိုင်ချင်ပါဘူး။ သူငယ်ချင်းတွေနဲ့ဆော့တဲ့အခါမှာ ဒီလို အရုပ်လုတဲ့ ပြဿနာက ဖြစ်လာမှာပါ။ ဒီအခါမှာ ကိုယ့်ရဲ့ သားသားမီးမီးလေးက ယဉ်ယဉ်ကျေးကျေး ငြင်းဆိုတတ်အောင် သင်ပေးပါ။ ‘ငါ့အရုပ် နင်လာမထိနဲ့၊ နင့်မှာ ဒီလိုအရုပ်မျိုး ရှိလို့လား’ ကိုယ့်အိမ်မှာ လာဆော့ရင်လည်း ‘နင့်အိမ်နင်ပြန်ဆော့၊ ခုပြန်’ ဆိုပြီး ရန်စွာလွန်းတာတွေလည်း ရှိနိုင်ပါတယ်။ ဒီလိုမျိုးတွေ မပြောတတ်အောင် သင်ပေးပါ။ ဒီလို အသုံးအနှုန်းတွေ ပြောရင် တခါတည်း ဆုံးမပါ။ ချစ်လွန်းလို့ဆိုပြီး သူတို့ ဘာလုပ်လုပ်ချစ်စရာကောင်းတယ်လို့ မြင်ပေးလို့ မရပါဘူး။
နောက်တစ်ခုကတော့ သားသားမီးမီးလေးတွေ စကားပြော ယဉ်ကျေးဖို့ပါ
စကားပြော ယဉ်ကျေးတဲ့ကလေးတိုင်းက အချစ်ခံရမှာ အသေအချာပါပဲ။ တစ်ယောက်ယောက်ခေါ်လို့ သားသားမီးမီးလေးတွေ ပြန်ထူးတဲ့အခါ ဗျာ၊ ရှင် ဆိုပြီး ချစ်စဖွယ်ကောင်းအောင် ပြန်ထူးတတ်ဖို့ မေမေတို့ သင်ပေးရမှာပါ။ မဖြစ်မနေ ထူးကို ထူးခိုင်းရမှာပါ။
မေမေတို့ရဲ့ သားသားမီးမီးလေးတွေဟာ အသက်ကြီးလာလေလေ ပတ်ဝန်းကျင်နဲ့ ပိုထိတွေ့ရလေ ဖြစ်မှာပါ။ ဒါကြောင့် ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်အောင် ထားပါ။ ဟိုသူငယ်ချင်းနဲ့ မဆော့ဘူး၊ ဒီလို အစားအစာ မစားချင်ဘူးစတဲ့ ပတ်ဝန်းကျင်နဲ့ အဆင်ပြေလောက်တဲ့ အတ္တကြီးစိတ်တွေ မရှိအောင် ခုတည်းက မေမေတို့ ကြိုတင်ဆုံးမပါ။
Comments