ကလေး ပိုက်ဆံစုတတ်ဖို့ ဘယ်ကနေစသင်ပေးမလဲ

by: Nang Htwe
 0 comments  0 love

ကလေးတွေက ကစားစရာမက်တယ်။ သူတို့က မုန့်ဖိုးရရင် ကစားစရာတွေ ဝယ်ပစ်လိုက်မှာပါပဲ။ ဒီတော့ မေမေတို့က ကစားစရာတွေ မလိုအပ်ရင် မဝယ်ဖို့ သတိပေးပါ။

သားသားမီးမီးလေးတွေကို ပိုက်ဆံနဲ့ပတ်သက်တဲ့ ပညာရပ်တွေ သင်ပေးဖို့ လိုလာပါပြီ။ ငွေကြေးကိစ္စကို အခုအရွယ်မှာ တဖြည်းဖြည်း စတင်မိတ်ဆက်ပေးခြင်းဖြင့် အနာဂါတ်အတွက် ပြင်ဆင်ပေးနိုင်ပါတယ်။ ငွေကြေးပညာရပ်က မေမေတို့ကိုယ်တိုင် သင်ပေးမှရမှာပါ။ ကဲ ဘယ်လိုစသင်ပေးမလဲ။

ကလေး ပိုက်ဆံစု သင်ပေး

ငွေကြေးကိစ္စကို အခုအရွယ်မှာ တဖြည်းဖြည်း စတင်မိတ်ဆက်ပေးခြင်းဖြင့် အနာဂါတ်အတွက် ပြင်ဆင်ပေးနိုင်ပါတယ် (Photo by Good Money by Vancity)

စုဘူး

ကလေးစိတ်ဝင်စားမယ့် စုဘူးတွေကို ဝယ်ပေးပါ။ အရုပ်စုဘူး၊ အိမ်စုဘူး၊ ဝက်စုဘူး၊ ဇီးကွက်ရုပ်စုဘူး တစ်မျိုးမျိုး ဝယ်ပေးထားပါ။ စစချင်း ပိုက်ဆံအများကြီး မထည့်ခိုင်းပါနဲ့။ အကြွေလေးတွေနဲ့ အရင်စပါ။ စျေးဝယ်လို့ ပိုတဲ့ အကြွေစအနည်းငယ်ကစပြီး လေ့ကျင့်ပေးပါ။

ပိုက်ဆံဂိမ်း

မိုနိုပိုလီ၊ ပိုက်ဆံဂိမ်း ပိုက်ဆံနဲ့ပတ်သက်တဲ့ ဂိမ်းတွေကို ကစားခိုင်းပါ။ ဒီဂိမ်းတွေက ကလေးတွေ နောင်တစ်ချိန်မှာ စီးပွားရေး စွမ်းဆောင်ရှင်တွေ ဖြစ်လာစေဖို့ အထောက်အကူပြုတယ်။

မုန့်ဖိုးပေးပါ

ပိုက်ဆံအကြောင်းသင်ပေးချင်ရင် မေမေတို့ဖက်က မုန့်ဖိုးမှန်မှန်ပေးဖို့လိုတယ်။ ဒါမှ ပိုက်ဆံစုဖို့ သင်ပေးလို့ရမယ်။

စျေးဝယ်ပါ

ပိုက်ဆံအကြောင်းသင်ပေးရင် အခြေခံ ဝင်ငွေ ထွက်ငွေ သိထားဖို့လိုတယ်။ ဒါကြောင့် မေမေတို့ စျေးဝယ်ထွက်တဲ့အခါ ကလေးကို ခေါ်သွားပါ။ ပိုက်ဆံ ဘယ်လောက်ပါတယ်။ ဘယ်လောက်ဖိုးဝယ်မယ်။ ဘယ်လောက်သုံးမယ်ဆိုတာ ကလေးကို သေချာရှင်းပြပါ။

တိုက်တွန်းပါ

စုဘူး ဝယ်ပေးပြီးပြီဆိုရင် ပိုက်ဆံစုဖို့ တိုက်တွန်းပါ။ Limit တစ်ခုထားထားပါ။ စုဘူးထဲ ပိုက်ဆံ ဘယ်လောက်ပြည့်ရင် မေမေတို့က အပိုထပ်ဆုချပါ။ ဆုပေးစနစ်ပြုလုပ်ပေးပါ။

ကလေး စုဘူး ပိုက်ဆံ

ရှောင်ကြဥ်ပါ

ကလေးတွေက ကစားစရာမက်တယ်။ သူတို့က မုန့်ဖိုးရရင် ကစားစရာတွေ ဝယ်ပစ်လိုက်မှာပါပဲ။ ဒီတော့ မေမေတို့က ကစားစရာတွေ မလိုအပ်ရင် မဝယ်ဖို့ သတိပေးပါ။ ဆုံးဖြတ်ချက်ခိုင်မာအောင်နဲ့ အပြုအမူထိန်းချုပ်ဖို့ လေ့ကျင့်ပေးပါ။ ဆွေးနွေးပါ။ အကြံပေးပါ။ တားဆီးတာမျိုး အမိန့်ပေးတာမျိုး မလုပ်ပါနဲ့။

ဘဏ်ကိုခေါ်သွားပါ

မေမေတို့ ဘဏ်သွားတဲ့အခါ ကလေးကိုခေါ်သွားပါ။ ဘဏ်မှာ ပိုက်ဆံဘယ်လိုစုရတယ်ဆိုတာရှင်းပြပါ။

ကြော်ငြာများ

ကလေးနေ့တိုင်းကြည့်တဲ့ တီဗီ၊ ဖုန်းနဲ့ အင်တာနက်မှာ ကြော်ငြာမှာတွေ သတိထားပါ။ ကလေးတွေရဲ့ လိုချင်တဲ့စိတ်ကို လှုံ့ဆော်ပေးတယ်။

ကုန်ကျစရိတ်

မေမေအိမ်မှာ တစ်လတစ်လ ကုန်ကျနေတဲ့ ပစ္စည်းတွေအကြောင်း ဥပမာ မီတာခ၊ ကားအရစ်ကျ စတာတွေ ရှင်းပြပါ။ ကလေးတွေကို သိခွင့်ပေးပါ။

ဗီဒီယို

ပိုက်ဆံစုတဲ့ ကလေးပညာပေးဗီဒီယိုလေးတွေ မကြာခဏ ဖွင့်ပြပါ။

မေမေတို့ရေ ကလေးအတွက် ငွေကြေးပညာရပ်အခြေခံတွေ ရသွားအောင် အခုအရွယ်ကတည်းက သင်ကြားပေးပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles