မေမေ့ကို မုန်းတယ်ဆိုတဲ့ ကလေးတစ်ယောက် ရင်ဆိုင်ရတဲ့ ပြဿနာ

by: Nang Htwe
 0 comments  0 love


မေမေတို့ သားသားမီးမီးတို့အပေါ်မှာ ထားတဲ့ အချစ်က သူတို့လေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပိုင်းမှာ အရေးပါတဲ့ နေရာကနေ ရှိနေပါတယ်။ ကလေးရဲ့ ငယ်ဘဝတစ်လျှောက် မိဘနှစ်ပါးရဲ့ နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာရခဲ့ရင် အဲဒီကလေးဟာ အနာဂါတ်မှာ ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ပိုင်ဆိုင်သွားစေပါတယ်။ ဥပမာ အတွေးအခေါ်၊ အယူအဆ၊ ပေါင်းသင်းဆက်ဆံရေး၊ စိတ်နေစိတ်ထား၊ သဘောထားခံယူမှုတွေ ကောင်းတဲ့ ဖက်ကို ဦးတည်ပါတယ်။

မေမေတို့က မှားနေတဲ့ အယူအဆတွေ လက်ခံကျင့်သုံးနေဦးမယ်ဆိုရင် ကိုယ့်ကလေးမှာ စိတ်ဒဏ်ရာတွေ ရတာပဲ အဖက်တင်မှာပါ (Photo by Insider)

မေမေတို့ တွန်းလှန်ရမယ့် အယူအဆ အမှားများ

ကျွန်မတို့ မေမေတွေ မှားနေတဲ့ အယူအဆတွေရှိပါတယ်။ အဲဒါကတော့ “ကလေးကိုချစ်တာ ထုတ်မပြနဲ့ ကလေးဆိုးလာလိမ့်မယ် စိတ်ထဲကပဲချစ်” လက်ဆင်းကမ်းလာတဲ့ အယူအဆ ကို မိဘတော်တော်များများ ကျင့်သုံးပါတယ်။ ဒါက အလွန်မှားနေတဲ့ အယူအဆဆိုးပါ။ နောက်ပြီး “ကလေးကို များများဆူငေါက်ပေး” “မျက်နှာသာမပေးနဲ့” “ငယ်တုန်းရိုက်ထားမှ ကြီးလာရင် လိမ္မာမှာ” ပတ်ဝန်းကျင်စကားတွေက ကလေးတွေကို စိတ်နာကျင်စေပါတယ်။ ကလေးကို ပိုတော်လာစေချင်တဲ့ စေတနာကြောင့် ကလေးကို မချီးကျူးတာမျိုး ဥပမာ ကလေးက ကျောင်းမှာ အဆင့် (၁)ကနေ (၅)အတွင်းဝင်တယ်၊ မေမေက ဒီထက်ပိုကြိုးစားချင်လို့ ကလေးစိတ်နာအောင် မချီးကျူးဘူး ဒါဆို ကလေးက နောက်လပိုကြိုးစားမယ်လို့ မေမေထင်လိုက်တယ်။ တကယ်တော့ ကလေးစိတ်ဓါတ်ကျသွားပါတယ်။ ငါဘယ်လောက်ကြိုးစားကြိုးစား အမေနဲ့အဖေက အသိအမှတ်မပြုဘူးဆိုတဲ့ ဒဏ်ရာလေးဖြစ်သွားတယ်။ ကလေး အဆင့်ကောင်းဝင်အောင် နောက်ထပ် မကြိုးစားတော့ဘူး။

ကလေးတွေ တကယ်လိုချင်တာက

ရွယ်တူကလေးချင်း ယှဉ်တာ၊ မောင်နှမတွေ ချင်းယှဉ်တာ၊  အိုကောင်းချင်ရင် နာနာရိုက်ဆိုတဲ့ စကားတွေကို မေမေတို့ကျင့်သုံးလိုက်တဲ့အခါ ကလေးမှာ စိတ်ဒဏ်ရာတွေ ရသွားပါတယ်။ တချို့စိတ်ဒဏ်ရာဆိုရင် အသက်ကြီးတဲ့အထိ မပျောက်တော့ဘဲ ငယ်ငယ်တုန်းက အကြောင်းကို တွေးလိုက်တိုင်း ရင်ထဲ တဆစ်ဆစ်နာကျင်တာ၊ မျက်ရည်တွေကျတာမျိုး သေရာပါဒဏ်ရာတွေ ရကုန်ပါတယ်။ သက်မဲ့ပစ္စည်းနဲ့ သက်ရှိကလေးငယ်တွေက မတူပါဘူး။ ကလေးငယ်တွေလိုအပ်တာက မေမေတို့ရဲ့ ဆူငေါက်တာတွေ၊ ရိုက်တာတွေ၊ ဂရုမစိုက်တာတွေ၊ မသိသလိုနေတာတွေ မဟုတ်ဘဲ မေတ္တာတွေ၊ နည်းလမ်းမှန်ကန်တဲ့ ဆုံးမခြင်းတွေ၊ ကလေးနားလည်လွယ်မယ့် နည်းလမ်းတွေ၊ အချိန်ပေးတာ၊ ချီးမွမ်းမှုတွေနဲ့ အသိအမှတ်ပြုမှုတွေ လိုချင်တာပါ။

စိတ်ဒဏ်ရာတွေ များမလာအောင်

မေမေတို့က မှားနေတဲ့ အယူအဆတွေ လက်ခံကျင့်သုံးနေဦးမယ်ဆိုရင် ကိုယ့်ကလေးမှာ စိတ်ဒဏ်ရာတွေ ရတာပဲ အဖက်တင်မှာပါ။ ကလေးမှာ စိတ်ဒဏ်ရာတွေ များလာရင် မေမေတို့ကို မချစ်တော့ဘဲ ဆယ်ကျော်သက်အရွယ်မှာ ကလန်ကဆန်ပြန်လုပ်တာ၊ မကောင်းတဲ့ သူငယ်ချင်းတွေနဲ့ ပေါင်းသင်းတာ၊ အိမ်ကနေထွက်ပြေးတာ၊ ပြောဆိုဆုံးမလို့ လုံးဝမရတော့တာ၊ လမ်းမှားကုန်တာ စတဲ့ နောက်ဆက်တွဲတွေ ဖြစ်လာနိုင်ကြောင်း မေမေတို့ကို အလျင်အမြန် သတိပေးလိုက်ပါတယ်။

ကလေးငယ်တွေကို အော်ဟစ်ဆုံးမခြင်းရဲ့နောက်ဆက်တွဲ ဆိုးကျိုးများ

သားသားမီးမီးလေးတွေ ပြောရခက်လာရင် မေမေဖေဖေတို႔ စိတ္ဆိုးပြီး အော်ဟစ်ဆုံးမပါတယ်။ ဒီလိုမကြာခဏ သားသားမီးမီးလေးတွေကို အော်ဟစ်နေတယ်ဆိုရင် သူတို့လေးတွေမှာ စိတ်ဒဏ်ရာတွေ ရလာပါတယ်။

အော်ဟစ်ဆုံးမခြင်းရဲ့ ဆိုးကျိုးများ

ယုံကြည်မှုနည်းလာခြင်း

မကြာခဏ အော်ငေါက်ခံရတဲ့ သားသားမီးမီးလေးတွေမှာ ကိုယ်ပိုင်ယုံကြည်မှုတွေနည်းလာပါတယ်။ ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသားမချနိုင်ဘဲ တွေဝေတာတွေ၊ မယုံကြည်တာတွေနဲ့ စိတ်မပြတ်သားတွေ ဖြစ်လာနိုင်ပါတယ်။

ရန်ဖြစ်ခြင်း

နောက်ဆွဲတွဲ ဆိုးကျိုးတစ်ခုကတော့ ရန်ဖြစ်တာပါ။ ကလေးငယ်တွေ အချင်းချင်းရန်ဖြစ်တတ်လာပြီး အမြဲတမ်းရန်လိုတာတွေ ပြုလုပ်လာပါတယ်။ သူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရေး မပြေလည်တာတွေနဲ့ ခိုက်ရန်ဖြစ်ပွားတာတွေကို မကြာခဏ ပြုလုပ်လာနိုင်ပါတယ်။

အကြောက်လွန်ခြင်း

မကြာခဏ ဆူငေါက်ခံရတဲ့ သားသားမီးမီးလေးတွေမှာ အကြောက်လွန်စိတ်တွေ များလာတာကိုတွေ့ရပါတယ်။ ကိုယ်ပိုင်ယုံကြည်ချက်တွေ ပျောက်ဆုံးသွားပြီး အပြင်မထွက်ရဲတာတွေနဲ့ လူစိမ်းကြောက်တာတွေ ဖြစ်လာနိုင်ပါတယ်။

 ပြဿနာတွေကို ရင်ဆိုင်နိုင်စွမ်းမရှိခြင်း

တွေ့ကြုံရတဲ့ အခက်အခဲတွေနဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းနည်းသွားပါတယ်။ အခက်အခဲတွေနဲ့ တွေ့တဲ့အခါမှာ မဖြေရှင်းနိုင်ဘဲ ငိုတာတွေကိုပြုလုပ်လာပါတယ်။ ကိုယ်ပိုင်ယုံကြည်မှုတွေ နည်းသွားတာကြောင့် ဖြေရှင်းနိုင်စွမ်းမရှိတော့တာပါ။

အော်ဟစ်တာတွေကို ဘယ်လိုရပ်တန့်ကြမလဲ

  • သားသားမီးမီးလေးတွေက နားလည်လွယ်တာကြောင့် စိတ်ရှည်ရှည်ထားပြီး ရှင်းပြပါ။
  • မေမေဖေဖေတို့ရဲ့ ဒေါသတွေက သားသားမီးမီးလေးတွေကို ထိခိုက်စေတာကြောင့် ထိန်းချုပ်ပေးဖို့လိုပါတယ်။
  • မရည်ရွယ်ဘဲ အော်ငေါက်မိသွားရင် သားသားမီးမီးလေးတွေကို ပြန်တောင်းပန်ပေးပါ။ နုနယ်လွန်းတဲ့ သူတို့လေးတွေမှာ စိတ်ဒဏ်ရာရနိုင်တာကြောင့် အော်ငေါက်ပြီးရင် မသိသလိုမျိုး မနေပါနဲ့။
  • သားသားမီးမီးလေးတွေက သိချင်စိတ်ပြင်းပြတာကြောင့် အမှားတွေကိုပြုလုပ်မိကြပါတယ်။ ဒါကြောင့် မေမေဖေဖေတို့က ဆူငေါက်တာမျိုးမပြုလုပ်ဘဲ စိတ်ရှည်ရှည်ထားပြီး ရှင်းပြပေးဖို့လိုပါတယ်။
ဆူငေါက် ရိုက် ကြမ်းတမ်း ကလေး စိတ်ဒဏ်ရာ

မကြာခဏ အော်ငေါက်ခံရတဲ့ သားသားမီးမီးလေးတွေမှာ ကိုယ်ပိုင်ယုံကြည်မှုတွေနည်းလာပါတယ် (Photo by the asianparent)

သားသားမီးမီးလေးတွေ စိတ်ဓါတ်ကျသွားနိုင်တဲ့ မိဘတွေရဲ့ စကားများ

သားသားမီးမီးလေးတွေရဲ့ နူးညံ့လှတဲ့စိတ်ထားလေးက ခံစားရလွယ်ပါတယ်။ တစ်ခါတစ်လေ မေမေတို့ရဲ့ စေတနာစကားတွေက ကလေးငယ်ကို စိတ်ဓါတ်ကျသွားနိုင်ပါတယ်။

အော်ဟစ်ခြင်း

ကလေးငယ်တွေရဲ့ စိတ်ထားဟာ နူးညံ့လွန်းတာကြောင့် မေမေတို့က ဒေါသနဲ့အော်ဟစ်လိုက်တယ်ဆိုရင် အကြောက်လွန်ပြီး ဝမ်းနည်းသွားစေပါတယ်။ မကြာခဏ အော်ခံနေရမယ်ဆိုရင် ကလေးငယ် စိတ်ဓါတ်ကျလာနိုင်ပါတယ်။ ကလေးငယ် အကြောက်လွန်ပြီး ဘာလုပ်ရမှန်းမသိအောင် အမှားအမှန်မခွဲခြားနိုင်တာမျိုး ကြုံရနိုင်ပါတယ်။

စိတ်ခံစားချက်

ကလေးငယ်ရဲ့ စိတ်ခံစားချက်ကို ဂရုမစိုက်တာ၊ လှောင်ရီတာနဲ့ အထင်မကြီးတဲ့ စကားလုံးတွေ ပြောတာက  သူတို့လေးတွေကို စိတ်ဓါတ်ကျသွားစေပါတယ်။

အရှက်ခွဲခြင်း

ဆွေမျိုး၊ မိတ်ဆွေ၊ မောင်နှမ၊ သူငယ်ချင်းတွေရှေ့မှာ ကလေးငယ်ရဲ့ အားနည်းချက်ကို ပြောပြတာ၊ လှောင်ရယ်ကြတာနဲ့ နှိမ်တာတွေက ကလေးငယ်ကို စိတ်ဓါတ်ကျသွားစေပါတယ်။

အပြစ်လွှဲချခြင်း

မေမေဖေဖေတို့ရဲ့ အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြြေခင်းတွေကို ကလေးငယ်အား လွှဲချတာ ဒါမှမဟုတ် အပြစ်ပုံချတာတွေက ကလေးငယ်ကို စိတ်ဓါတ်ကျသွားစေပါတယ်။

ကြောက်အောင်ပြောခြင်း

သားသားမီးမီးလေးတွေကို ကြောက်အောင်ခြိမ်းခြောက်တာတွေကလည်း ကလေးငယ်ကို စိတ်ဓါတ်ကျဆင်းသွားစေပါတယ်။

ရိုက်နက်ခြင်း

ကလေးငယ်ကို မကြာခဏ ရိုက်နက်တာတွေကလည်း သူတို့လေးတွေ စိတ်ဓါတ်ကျသွားနိုင်တဲ့ အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။

ခိုင်းစေခြင်း

သားသားမီးမီးလေးတွေကို အတင်းအကျပ် ခိုင်းစေတာနဲ့ သူတို့လေးတွေ မလုပ်ချင်တဲ့အရာတွေကို ပြုလုပ်ခိုင်းတာတွေက ကလေးငယ်တွေ စိတ်ဓါတ်ကျသွားစေပါတယ်။

မယုံကြည်ခြင်း

ကလေးငယ်အပေါ် ယုံကြည်မှုတွေမရှိတာ၊ မယုံကြည်တဲ့စကားတွေပြောတာနဲ့ သံသယဝင်တာတွေက သားသားမီးမီးလေးတွေ စိတ်ဓါတ်ကျသွားစေပါတယ်။

ခြိမ်းခြောက်

ကလေးငယ် ကြောက်အောင် မကြာခဏ ခြိမ်းခြောက်ပြောဆိုတာကလည်း သူတို့လေးတွေ စိတ်ဓါတ်ကျသွားစေပါတယ်။

ကြမ်းတမ်းတဲ့စကားများ

ကလေးငယ်ကို ကြမ်းကြမ်းတမ်းတမ်း စကားတွေပြောတာ၊ ဆဲတာနဲ့ ဆူငေါက်တာတွေကလည်း သူတို့လေးတွေကို စိတ်ဓါတ်ကျစေနိုင်ပါတယ်။

သားသားမီးမီးလေးတွေ စိတ်ဓါတ်ကျသွားနိုင်တဲ့ အမူအရာတွေ၊ စကားတွေနဲ့ ရိုက်နက်တာတွေ မပြုလုပ်ဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles