ခေတ်မီတဲ့ ကလေး ပြုစုပျိုးထောင်နည်းများ

by: Nang Htwe
 0 comments  0 love

ကိုယ့်ကလေး ဒီကျောင်းမှာ ဘာတွေသင်ယူနေတယ် ဒါမှမဟုတ် ဘယ်လောက်ထိ တိုးတက်မှုတွေ ရှိလာသလဲဆိုတာ အိမ်မှာ ပြန်စစ်ဆေးဖို့ မလိုလောက်ဘူးလို့ မိဘတွေ ယူဆထားကြတယ်။

ဆယ်စုနှစ်တစ်စုတိုင်းမှာ နည်းပညာတွေ အလျင်အမြန်တိုးတက်လာတယ်။ မိဘနဲ့ သားသမီးကြားမှာလည်း မျိုးဆက်ကွာဟမှု မြင့်မားလာတယ်။ ဒါပေမယ့် မိဘတွေက ကိုယ့်သားသမီး ပြုစုပျိုးထောင်တဲ့နေရာမှာ ကိုယ်သိခဲ့တဲ့ အရင်ခေတ်က နည်းလမ်းဟောင်းတွေကိုပဲ အသုံးပြုခဲ့ကြပါတယ်။ အရင်ခေတ်က ပြုစုပျိုးထောင်နည်းလမ်းအချို့က ယနေ့ခေတ်နဲ့ အံ့ဝင်ခြင်းမရှိတော့ပါဘူး။ ဒီတော့ မိဘတွေက ခေတ်နဲ့အညီ ကိုယ့်ကလေးကို ပြုစုပျိုးထောင်ဖို့ လိုလာပါပြီ။ မိဘအုပ်ထိန်းမှု အမှားတွေကြောင့် ကလေးရဲ့အနာဂါတ် ရေရှည်အကျိုးဆက်တွေအပေါ် အများကြီးသက်ရောက်မှုတွေရှိနိုင်တာကြောင့် အသုံးမဝင်တော့တဲ့ ဆုံးမနည်းတွေ ပြုစုပျိုးထောင်နည်းတွေကို ဖယ်ရှားဖို့ အရေးကြီးတယ်။

ကျောင်းအပေါ် ရာနှုန်းပြည့် ပုံအပ်ထားလို့ မရပါဘူး (Photo by Nanyang Academy of Fine Arts)

တိုးတက်မှု စစ်ဆေးပါ

ကလေးတွေ မူကြို ဒါမှမဟုတ် ကျောင်းတက်တဲ့အခါမှာ မိဘတွေက ဆရာ၊ဆရာမတွေ လက်ထဲ ရာနှုန်းပြည့် အပ်ထားလိုက်ကြပါတယ်။ ကိုယ့်ကလေး ဒီကျောင်းမှာ ဘာတွေသင်ယူနေတယ် ဒါမှမဟုတ် ဘယ်လောက်ထိ တိုးတက်မှုတွေ ရှိလာသလဲဆိုတာ စစ်ဆေးဖို့ မေ့နေတတ်တယ်။ အိမ်မှာ ပြန်စစ်ဆေးဖို့ မလိုလောက်ဘူးလို့ မိဘတွေ ယူဆထားကြတယ်။ ဒါက လုံးဝ မှားနေပါတယ်။

မေမေတို့က ကိုယ့်ကလေးစွမ်းဆောင်ရည်နဲ့ တိုးတက်မှုတွေကို အချိန်မရွေး စစ်ဆေးနေဖို့လိုပါတယ်။ ကျောင်းအပေါ် ရာနှုန်းပြည့် ပုံအပ်ထားလို့ မရပါဘူး။ ကျောင်းဆိုတာ ကလေးတွေအများကြီးနဲ့ သင်ကြားပေးတဲ့နေရာဖြစ်လို့ ကိုယ့်ကလေးအတွက် လစ်ဟာကွက်တွေ အနည်းနဲ့အများ ရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကလေး ဘာတွေလိုအပ်နေတယ်၊ တိုးတက်မှု မြင့်လာလား၊ လျှော့သွားလားဆိုတာ အမြဲစစ်ဆေးပေးပါ။

လိုချင်တာနဲ့ လိုအပ်တာ

ကလေးသဘာဝ လိုချင်တာတွေ များတယ်။ တွေ့သမျှ အကုန်နီးပါး ကလေးတွေ လိုချင်ကြတယ်။ ဒါဟာ ကလေးသဘာဝပါ။ ဒါပေမယ့် မေမေတို့က ကလေးကို အခုအရွယ်ကတည်းက လိုချင်တာနဲ့ လိုအပ်တာကို ခွဲခွဲခြားခြားသိဖို့ သင်ပေးပါ။ ဒီလိုမျိုး သင်ကြားပေးနေတဲ့အချိန် ကလေးက သူလိုချင်တာ မရရင် အော်ငိုတာမျိုး၊ စိတ်ဆိုးတာမျိုး တုံ့ပြန်ပါလိမ့်မယ်။ ဒီအချိန်မှာ ကလေးပျော်ရင်ပြီးရောဆိုပြီး မလိုက်ရောပါနဲ့။ လိုချင်တာနဲ့ လိုအပ်တာကို ခွဲခွဲခြားခြားသိဖို့ စိတ်ရှည်ရှည်နဲ့ သင်ကြားပေးပါ။

ကလေးရဲ့ ဝါသနာကို ကူညီအကောင်အထည်ဖော်ပေးပါ (Photo by LifeSavvy)

ဆုံးဖြတ်ခိုင်းပါ

မေမေတို့က ကလေးနဲ့ပတ်သက်တဲ့အရာမှန်သမျှ ကိုယ်တိုင်ဝင်ရောက်ဆုံးဖြတ်တာမျိုး အခုကစပြီး ရပ်လိုက်ပါ။ ကလေးနဲ့သက်ဆိုင်တဲ့အရာတွေကို သူတို့လေးတွေကိုယ်တိုင်ဆုံးဖြတ်ခိုင်းပါ။ မေမေတို့က ဘေးကနေ ထောက်ပြတာမျိုး၊ ကူညီစဥ်းစားပေးတာမျိုးကိုသာ ပြုလုပ်ပေးပါ။

ဝါသနာ

ကလေးရဲ့ ဝါသနာကို ကူညီအကောင်အထည်ဖော်ပေးပါ။ မေမေတို့ဖြစ်စေချင်တာထက် ကိုယ့်ကလေးဖြစ်ချင်တာကို အကောင်းဆုံး ထောက်ပံ့ပေးပါ။ ဥပမာ ကလေးက ဂီတကို ဝါသနာပါတယ်ဆိုရင် ဂီတနဲ့ပတ်သက်တဲ့ အခြေခံတွေကို သင်ကြားပေးပါ။ ကလေးဝါသနာကို ပြုစုပျိုးထောင်ပေးပါ။

Ref: thenewageparents

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles