မြန်မာမိဘတွေ အသုံးများတဲ့ ကလေးအုပ်ထိန်းမှုပုံစံ (၄) ခု

by: Nang Htwe
 0 comments  1 love

အမျိုးမျိုးကွာခြားသွားတာကလည်း မိဘတွေရဲ့ ဂရုစိုက်စောင့်ရှောက်မှုအပေါ် မူတည်နေပါတယ်။ ဒါကတော့ မြန်မာမိဘတွေအသုံးပြုကြတဲ့ ကလေးပြုစုစောင့်ရှောက်နည်းလမ်းတွေပါ

ကလေးတွေရဲ့ လက်ဦးဆရာက အမေနဲ့အဖေပါ။ ကလေးတစ်ယောက် ကြီးလာတဲ့အခါ လိမ္မာလား၊ ဆိုးလာ၊ စာတော်လား၊ ဘက်စုံထူးချွန်သူလား၊ ကူညီတတ်သူလား၊ စိတ်ထားကောင်းသူလား အမျိုးမျိုးကွာခြားသွားတာကလည်း မိဘတွေရဲ့ ဂရုစိုက်စောင့်ရှောက်မှုအပေါ် မူတည်နေပါတယ်။ ဒါကတော့ မြန်မာမိဘတွေအသုံးပြုကြတဲ့ ကလေးပြုစုစောင့်ရှောက်နည်းလမ်းတွေပါ။

ကြင်ကြင်နာနာ သင်ယူ စည်းကမ်း လိမ္မာ

ကြင်ကြင်နာနာခိုင်ခိုင်မာမာ လေ့ကျင့်ပျိုးထောင်ပေးသောပုံစံ (Photo by HuffPost)

(၁) ကြင်ကြင်နာနာခိုင်ခိုင်မာမာ လေ့ကျင့်ပျိုးထောင်ပေးသောပုံစံ

  • ကလေးအပေါ်တုံ့ပြန်မှုနှင့် တာဝန်ယူမှုရှိသည်။
  • ကလေးကိုဗဟိုပြုစဥ်းစားသည်။
  • ကလေးသဘာဝကိုနားလည်ပြီး ဖြည့်ဆည်းလိုက်လျောသည်။
  • ကလေးကို လက်ခံအားပေးသည်။
  • အထောက်အပံ့ပေးသည်။
  • ကလေးကို ဂရုစိုက်သည်။
  • ချစ်ခင်နွေးထွေးမှု အများဆုံးပြသသည်။
  • သက်သက်ညှာညှာ ညင်ညင်သာသာရှိသည်။
  • ပြင်ပမှ ထိန်းချုပ်မှုကို အနည်းဆုံးသာ ကျင့်သုံးသည်။
  • ကလေးများနှင့် ညှိနှိုင်းဆွေးနွေး၊ ကလေးများပါဝင်ဆွေးနွေးဆုံးဖြတ်မှုကို အားပေးသည်။
  • ကလေးအပေါ်မျှော်မှန်းချက် မြင့်မားသည်။
  • မိဘနှင့်ကလေး အပြန်အလှန်ဆက်သွယ်ရေးရှိသည်။
  • အခြေအနေအရ လိုအပ်ပါက ပြုလွယ်ပြောင်းလွယ်ရှိသည်။
  • စည်းကမ်းပိုင်းဆိုင်ရာ လိုက်နာရမည့်အချက်များကို ကြောင်းကျိုးဆက်စပ်ပြီး ရှင်းလင်းတိကျစွာ ရှင်းပြသည်။
  • ခိုင်ခိုင်မာမာ ကျင့်သုံးသည်။
  • ကလေးများလွတ်လပ်စွာ စဥ်းစားတွေးခေါ်ဆောင်ရွက်မှုကို အားပေးသည်။
  • ကလေးများကိုယ်ပိုင်လုပ်ပိုင်ခွင့်ကို အားပေးသည်။

သုံးသပ်ချက် – မိဘများ၏ ပါဝင်အထောက်အကူပြုမှု အားကောင်း၊ စည်းကမ်းပိုင်းဆိုင်ရာ အားကောင်း

(၂) ထိန်းချုပ်မှု အာဏာ အလွန်သုံးသောပုံစံ

  • ချစ်ခင်နွေးထွေးမှု အနည်းငယ်သာပြသည်။
  • ထိန်းချုပ်မှု အများဆုံးကျင့်သုံးသည်။
  • စည်းကမ်းတင်းကျပ်သည်။
  • စည်းကမ်းဘောင်များကို သေချာစွာသတ်မှတ်သည်။
  • အပြစ်ပေးသောနည်းကို မကြာခဏ ကျင့်သုံးသည်။
  • မိဘနှင့် ကလေးကြားတစ်လမ်းသွားဆက်ဆံရေးကို ကျင့်သုံးသည်။
  • ကလေးအပေါ် မျှော်မှန်းချက်မြင့်မားသည်။
  • မိဘသည် မိမိအပေါ်သာ ဗဟိုပြုစဥ်းစားသည်။
  • နာခံမှုကိုသာ အလေးထားသည်။ မနာခံပါက အပြစ်ပေးသည်။
  • ကလေးသဘာဝနှင့်လိုအပ်ချက်ကို လျှစ်လျူရှုသည်။
  • ကလေး၏ တစ်ဦးချင်းကွဲပြားခြားနားသည်ဟူသော အချက်ကို လက်ခံရန်ခက်ခဲသည်။

သုံးသပ်ချက် – မိဘများ၏ပါဝင်အထောက်အကူပြုမှု အားနည်း၊ စည်းကမ်းပိုင်းဆိုင်ရာ အားကောင်း

(၃) ထိန်းချုပ်မှုမရှိ အလိုလိုက်လွန်းသည့်ပုံစံ

  • ချစ်ခင်နွေးထွေးမှု အမြင့်ဆုံးပြသသည်။
  • ထိန်းချုပ်မှုမရှိသလောက် နည်းပါးသည်။
  • ကလေးများအပေါ်မျှော်မှန်းချက်နည်းပါး၊ သို့မဟုတ် မထားရှိ
  • စည်းကမ်းပိုင်းဆိုင်ရာ လမ်းညွှန်မှု မရှိသလောက်နည်းပါးသည်။
  • မိဘတစ်ဦးအနေထက် သူငယ်ချင်းပုံစံမျိုး ဆက်ဆံသည်။ အလိုလိုက်သည်။
  • ကလေးများအတွက် မိမိကသာ ပါဝင်လုပ်ဆောင်ပေးသည်။

သုံးသပ်ချက် – မိဘများ၏ ပါဝင်အထောက်အကူပြုမှု အားကောင်း၊ စည်းကမ်းပိုင်းဆိုင်ရာ အားနည်း

(၄) မိဘက ပါဝင်ပတ်သက်ခြင်းမရှိ ဖာသိဖာသာနေတတ်သောပုံစံ

  •    ချစ်ခင်နွေးထွေးမှု အနိမ့်ဆုံးအဆင့်ဖြစ်သည်။
  • ထိန်းချုပ်မှု အနိမ့်ဆုံးအဆင့်ဖြစ်သည်။
  • စည်းကမ်းပိုင်းဆိုင်ရာ ဘာမှမသွန်သင်။
  • မိဘအနေဖြင့် ဘာမှစိတ်ဝင်စားမှုမရှိ၊ ကလေးများကို လျစ်လျူရှုထားသည်။
  • မိဘအဖြစ် တာဝန်ယူမှုမရှိ၊
  • ကလေးများနှင့် နီးနီးစပ်စပ်မနေ၊ ဖာသိဖာသာနေသည်။
  • ကလေးများနှင့် ဆက်သွယ်မှု အလွန်အားနည်းသည်။
  • ကလေးများအပေါ်ဖြစ်စေချင်သည့် မျှော်မှန်းချက်မရှိသလောက်အားနည်းသည်။

သုံးသပ်ချက် – မိဘများ၏ ပါဝင်အထောက်အကူပြုမှု အားနည်း၊ စည်းကမ်းပိုင်းဆိုင်ရာ အားနည်း

ကြင်ကြင်နာနာ သင်ယူ စည်းကမ်း လိမ္မာ

ရုပ် + စိတ်ပိုင်းဆိုင်ရာ အပြစ်ပေးမှု၏အကျိုးဆက်များ (Photo by theAsianparent)

အမှားကို သင်ယူရန် အခွင့်အလမ်းလို သဘောထားခြင်း

အမှားကိုသင်ယူမှု အခွင့်အလမ်းအဖြစ်သုံးခြင်း

  • ဆန်းသစ်တီထွင် ဖန်တီးနိုင်စွမ်းရှိလာ
  • လုပ်ရဲကိုင်ရဲသော သတ္တိရှိလာ
  • စွန့်အစားလုပ်ဆောင်ရဲလာ
  • သင်ယူမှုကို တိုးတက်ရန် အထောက်အကူဖြစ်

မချုပ်ကိုင်ဘဲထိန်းနည်း

  • မိမိစိတ်အေးအောင်ပြင်
  • ကလေးဂုဏ်သိက္ခာကို တန်းဖိုးထား
  • မေတ္တာနှင့် ယှဥ်ထိန်းပြုပြင်
  • အခြားလူထံမှ အကြံဥာဏ်ရယူ

ပြင်ပမှထိန်းချုပ်မှု၏ ကလေးသက်ရောက်မှု

ထိရောက်ကျွမ်းကျင်မှု မရှိသောအခါ ထိန်းချုပ် နောက်ပြီး အပြုအမူပိုဆိုးလာ ပိုဆိုးလာတော့ ပိုမိုထိန်းချုပ်လာ ကလေးအပြုအမူပိုပိုဆိုးလာ

ရုပ် + စိတ်ပိုင်းဆိုင်ရာ အပြစ်ပေးမှု၏အကျိုးဆက်များ

  • ကလေးများတွင် ရန်လိုမှု တိုးလာစေသည်။
  • လူမှုဆက်ဆံရေးနှင့် ဆန့်ကျင်သော အပြုအမူများ ဖြစ်လာစေတတ်ပါသည်။
  • ဥာဏ်ရည်နိမ့်ကျသည့် လုပ်ဆောင်မှုများ ဖြစ်စေပါသည်။
  • မိဘကလေးဆက်ဆံရေးမကောင်းစေပါ။
  • စိတ်ကျန်းမာရေးပြဿနာများ ဖြစ်လာတတ်ပါသည်။
  • စိတ်ဓါတ်ကျခြင်း
  • အကျင့်စာရိတ္တပိုင်း အားနည်းကျဆင်းလာခြင်း စသည့်များ ဖြစ်စေတတ်ပါသည်။

လက်ဦးဆရာဖြစ်ကြတဲ့ မေမေဖေဖေတို့က ကလေးတွေအတွက် အလွန်အရေးပါတဲ့ ပုဂ္ဂိုလ်တွေပါ။ ဒါကြောင့်မှန်ကန်တဲ့ မိဘအုပ်ထိန်းမှုပုံစံတွေကိုသာ အသုံးပြုဖို့နဲ့ ရိုက်နက်တာမျိုး၊ နာကျင်စေတဲ့စကားတွေ လုံးဝ မပြောဖို့၊ မလုပ်မိဖို့ အမြဲသတိထားပါ။

www.unicef.org မှ ကူးယူဖော်ပြထားပါသည်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles