သမီး အမြဲပျော်အောင်ထားတဲ့ ကျွန်မတို့မိသားစုရဲ့လှိုဝှက်ချက်

by: Nang Htwe
 0 comments  0 love

ကလေးတွေရဲ့ပျော်ရွှင်မှုက သူတို့လေးတွေရဲ့  ဝမ်းဗိုက်နဲ့ အူလမ်းကြောင်းနဲ့ ဆက်နွယ်နေတာကိုပါ။ ကလေးတွေမှာ အဖြစ်များဆုံး ပြဿနာကလည်း ဝမ်းဗိုက်ပြဿနာပါပဲ

Kalay က မေမေတို့အားလုံး မင်္ဂလာပါ

ကျွန်မကတော့ Kalay က သမီးရွှေယမင်းသန့်ရဲ့ မေမေပါ။ အားတဲ့အချိန်တွေမှာ တီဗီနဲ့ facebook ကနေ ကလေးအစီအစဉ်တွေ လိုက်ကြည့်ဖြစ်တယ်။ မေမေတွေကလည်း အားပေးသလို ကလေးတွေကလည်း ဒီအစီစဉ်မှာ ပါရတာ ပျော်ကြတယ်။  တချို့ကလေးတွေဆိုရင် အသက်အရွယ်နဲ့မလိုက်အောင် တက်တက်ကြွကြွ ကစားသွားတာ။ ဒီလိုအစီအစဉ်တွေမှာ ကလေးတွေ တက်တက်ကြွကြွနဲ့ ဟန်ချက်ညီဖို့ မလွယ်လှပါဘူး။

ကလေးတွေရဲ့ လုပ်နိုင်စွမ်းက အံ့သြစရာပါ။ ကျွန်မတို့က ကလေးတွေကို ငယ်သေးတယ်ဆိုပြီး အထင်သေးလို့ မရပါဘူး။ မေမေတွေအားလုံးထင်ထားတာထက် သူတို့တွေက ပိုလုပ်နိုင်ကြတယ်။ အိမ်က သမီးလေးဆိုရင် ကျွန်မတစ်ခါပြောထားလိုက်ရင် မှတ်မိနေတာ။ တခါတလေ ကျွန်မပြောထားတာတောင် ကျွန်မ မသိတော့ဘူး သမီးလေးပြောမှ သတိပြန်ရတာမျိုးလေးတွေ ခဏခဏကြုံရတယ်။ သမီးလေးက ပုံပြင်စာအုပ်ဖတ်ရတာ အရမ်းသဘောကျတယ်။ ကျွန်မ မကြာခဏ ဖတ်ပြရတယ်။ ပုံပြင်တော်တော်များများ သူက မှတ်မိနေတယ်။ မောင်နှမဝမ်းကွဲတွေလာရင် ပုံပြင်တွေ သူကပြန်ဖတ်ပြတာ။ သူ့မှာရှိတဲ့ အရုပ်တွေ အကုန်ထုတ်လာပြီး အတူတူဆော့ဖို့လည်း သူက စည်းရုံးတယ်။ စကားတွေ အများကြီးပြောတယ်။ အခုလောလောဆယ် သမီးလေးက Tip Tok ကစားတာကို သူကြိုက်နေတယ်။ ပုံစံအမျိုးမျိုး သရုပ်ဆောင်နေရရင် ပျော်လို့။ တခါတလေ သူ့အဖေအပေါ် ဂျီတာလေးတွေ အနည်းငယ်တော့ရှိပါတယ်။

ကလေးတွေ ဥာဏ်ကောင်းပြီး ပျော်ပျော်ရွှင်ရွှင် ကစားနိုင်ဖို့ အာဟာရပြည့်ဖို့ လိုပါတယ်။ အာဟာရ ပြည့်မှ ကလေးတွေက ကျန်းမာမယ်။ ကျန်းမာမှ တက်တက်ကြွကြွ ဖြစ်နေမယ်။  သမီးလေး အာဟာရပြည့်ဖို့က ကျွန်မရဲ့ရည်မှန်းချက်ပါ။ ကိုယ်ဝန်ဆောင်ချိန်ကတည်းက အခုထိ အာဟာရအပိုင်းကို သေသေချာချာ ဂရုစိုက်တယ်။ ကျွန်မ ဘယ်လောက်ပဲ မအားနေပါစေ တစ်ခါမှ ဖြစ်သလို မကျွေးဘူး။ ထမင်းဟင်း မနက်စာ၊ နေ့လည်စာ၊ ညနေစာ၊ သရေစာ သေသေချာချာကျွေးတယ်။ အသားငါး၊ ဟင်းသီးဟင်းရွက်၊ ပဲ၊ နို့၊ နို့ထွက်ပစ္စည်းတွေ (ဒိန်ချဉ်၊ ချိစ့်) နေ့တိုင်းပါအောင် ကျွေးတယ်။ ထမင်းစားချိန် သရေစာ စားချိန် ခွဲပေးထားတယ်။ အာဟာရ ဆရာဝန်နဲ့ တိုင်ပင်ပြီး ညွှန်ကြားထားတဲ့အတိုင်း ကျွေးဖြစ်တယ်။ ရာသီပေါ် အသီးအနှံတွေလည်းနေ့တိုင်း ကျွေးဖြစ်တယ်။ အခုလောလောဆယ်တော့ သမီးလေးက သရက်သီးနဲ့ ကြက်မောက်သီးကို တော်တော်ကြိုက်နေတယ်။ အသီးတွေကို ဒီအတိုင်းလည်းကျွေးတယ်။ အပြင်က ဖျော်ရည်ဗူးတွေ မတိုက်ချင်လို့ အသီးတွေကို အိမ်မှာဖျော်စက်နဲ့ ဖျော်တိုက်ဖြစ်တယ်။ ထမင်းဟင်းတွေ ထပ်မှာဆိုးလို့  Facebook  ထဲက ဟင်းချက်နည်းတွေ၊ မုန့်လုပ်နည်းတွေ ကြည့်ပြီး အဲဒီထဲက အတိုင်းလည်း ချက်ကျွေးဖြစ်တယ်။

မသိသေးတဲ့ မေမေတို့ကို ပြောပြချင်တာကတော့ ကလေးတွေရဲ့ပျော်ရွှင်မှုက သူတို့လေးတွေရဲ့  ဝမ်းဗိုက်နဲ့ အူလမ်းကြောင်းနဲ့ ဆက်နွယ်နေတာကိုပါ။ ကလေးတွေမှာ အဖြစ်များဆုံး ပြဿနာကလည်း ဝမ်းဗိုက်ပြဿနာပါပဲ။ ပြီးတော့ ကလေးတွေရဲ့ အူလမ်းကြောင်းမှာ ကောင်းတဲ့ပိုးမွှားတွေရော၊ မကောင်းတဲ့ ပိုးမွှားတွေပါ အတူရှိနေပါတယ်။ ဒါကို မေမေတို့ သတိထားမိမှာပါ။ ကောင်းတဲ့ ပိုးမွှားတွေထဲမှာ အရေးပါတဲ့ ပိုးမွှားကတော့ probiotics လို့ခေါ်တဲ့ ပိုးမွှားလေးတွေပါ။ ဒီပိုးမွှားလေးတွေက သမီးလေးတို့လို ကလေးတွေ ဝမ်းလျှောတာ၊ ဝမ်းချုပ်တာ၊ ဗိုက်အောင့်တာ၊ လေနာတာ၊ အစာမကြေတာ စတဲ့ ဝမ်းဗိုက်ပြဿနာတွေကို ပျောက်ကင်းစေတာပါ။ Probiotics ပါတဲ့ အစားအသောက်တွေကို မေမေတို့ နေ့တိုင်းကျွေးမယ်ဆိုရင်

(၁) အစာခြေဖျက်မှု အားကောင်းလာမယ်။

(၂) စားသမျှအာဟာရ ခန္ဓာကိုယ်ထဲ ရောက်မယ်။

(၃) ဝမ်းချုပ်တာ သက်သာသွားမယ်။

(၄) ခန္ဓာကိုယ်ထဲ အာဟာရဓါတ် စုံစုံလင်လင် စုပ်ယူနိုင်လို့ ကိုယ်ခံစွမ်းအားတွေ ကောင်းလာမယ်။

(၅) ကလေး သွက်သွက်လက်လက် ဖြစ်လာမယ်။

(၆) ဂျီကျတာတွေ ခဏခဏ ငိုတာတွေ နည်းသွားမယ်။

(၇) ကလေးထွားလာမယ်။

မနက်တိုင်း နို့တစ်ခွက် ပုံမှန်အမြဲတိုက်တယ်။ အိပ်ယာထ  မျက်နှာသစ် သွားတိုက်ပြီးရင် မနက်စာ တန်းကျွေးတယ်။ မနက်စာ အာဟာရရှိရှိနဲ့ ဗိုက်ပြည့်သွားရင် သမီလေး တစ်နေကုန် တက်တက်ကြွကြွ ပျော်နေပြီလေ။ နေ့ခင်းနေ့လည် ဒိန်ချဉ်၊ ပူတင်း၊ ပေါင်မုန့်နို့ဆမ်း၊ ငှက်ပျောသီးနို့ပေါင်း၊ နို့ထမင်း အလှည့်ကျ လုပ်ကျွေးဖြစ်တယ်။ တချို့မေမေတွေက မေးကြတယ်။ ကလေး နို့တိုက်ဖို့ လိုလား။ လိုပါတယ်နော်။ နို့ထဲမှာ ကယ်ဆီယမ်၊ ဗီတာမင် D၊ ပိုတက်ဆီယမ်၊ ပရိုတိန်း အရေးကြီးတဲ့ အာဟာရ အရင်းအမြစ်တွေ ကြွယ်ဝလို့ပါ။ မေမေတို့ရေ ကယ်ဆီယမ်၊ ဗီတာမင် D က တခြားအစားအသောက်ထဲမှာ ပါပေမယ့်လည်း နို့လောက် မကြွယ်ဝပါဘူး။ ကိုယ့်ကလေးအရပ်ရှည်ချင်ရင် ၊ ဥာဏ်ကောင်းစေချင်ရင်၊ တခြားကလေးတွေနဲ့ တန်းတူဆော့ကစားနိုင်စေချင်ရင်တော့ နို့တိုက်ဖို့ လိုတယ်နော်။

ကျွန်မရွေးချယ်ပေးထားတာက သမီးတို့လို သားသားမီးမီးတွေအတွက် Quality အရမ်းကောင်းပြီး စိတ်ချရတဲ့ Nestle Brand ရဲ့ NAN Optipro3 ပါ။ မေမေတို့ရေ NAN OPTIPRO 3 က အသက်(၂) နှစ်အထက် ကလေးတွေအတွက် နှစ်ပေါင်း(၅၀)ကျော်အောင် လေ့လာဆန်းစစ်ထားတဲ့အပြင် Switzerland formula ကို သုံးထားတဲ့ သိပ္ပံနည်းကျ အရည်အသွေးမြင့်နို့မှုန့် ဖြစ်ပါတယ်။ ကလေးတွေ အသက်အရွယ်အလိုက် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အချိုးအစားထည့်သွင်းထားလို့ ခန္ဓာကိုယ်ကြီးထွားမှုကို အထောက်အကူပြုပါတယ်။ ဥာဏ်ရည်ထက်မြက်ဖို့၊ မေမေတို့ဖြစ်စေချင်တဲ့ ဥာဏ်ကောင်းဖို့နဲ့ အမြင်အာရုံအတွက် DHA နဲ့ ARA ပါဝင်ပါတယ်။ ကလေးတွေအတွက် အလွန်အရေးကြီးတဲ့ အစာခြေစနစ်ကို အထောက်အကူပြုတယ်။ နောက်ပြီး ကိုယ်ခံစွမ်းအားကောင်းပြီး ရောဂါကင်းဖို့ BIFIDUS BL probiotics လည်း ထည့်သွင်းပေးထားတယ်။ သကြားဓါတ်လုံးဝ မပါဘဲ 100 % Lactose ကို အသုံးပြုထားလို့ မေမေတို့ ကြောက်တဲ့ ကလေးအဝလွန်မှာ မစိုးရိမ်ရတော့ပါဘူး။ ဥာဏ်ရည်ထက်မြက်ပြီး ကျန်းမာပျော်ရွှင်တဲ့ အနာဂါတ်ကို ကလေးတွေပိုင်ဆိုင်ဖို့ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကိုသာ နေ့တိုင်းရွေးချယ်ကျွေးဖို့ မေမေတို့မှာ တာဝန်ရှိတယ်နော်။

မေမေတို့ကို မျှဝေပေးချင်တဲ့

သမီးရွှေယမင်းသန့်ရဲ့ မေမေ

#NANOPTIPRO3 #KalayMommyBloggers

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles