ခရီးထွက်မယ့် သားသားမီးမီးလေးတွေအတွက် လိုအပ်တဲ့ ပစ္စည်းများ

by: Nang Htwe
 0 comments  0 love

ကလေးငယ်တွေပါတဲ့ ခရီးတစ်ခုသွာတဲ့အခါ မေမေဖေဖေတို့ တည်ငြိမ်နေဖို့လိုအပ်ပါတယ်။ ဒါမှသာ ကလေးငယ်ကို သေသေချာချာစောင့်ကြည့်ပေးနိုင်မှာပါ။ 

မကြာခင်မှာ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ကျရောက်တော့မှာပါ။ သင်္ကြန်အတွင်းမှာ ခရီးထွက်တာ တစ်နှစ်ထက်တစ်နှစ်ပိုများလာပါတယ်။ ပြည်တွင်းခရီးစဉ်တွေရှိသလို ပြည်ပကခရီးစဉ်တွေလည်း ထွက်လေ့ရှိပါတယ်။ သင်္ကြန်ခရီးစဉ်မှာ ကလေးငယ်တွေပါ ပါလာမယ်ဆိုရင် ပေါ့ပေါ့ပါးပါး ခရီးထွက်လို့မရတော့ပါဘူး။ ကလေးငယ်အတွက် ဘာပစ္စည်းတွေလိုအပ်တယ်ဆိုတာ Kalay ကနေ ပြောပြပေးပါမယ်။

Image result for happy asian family travel

ကလေးငယ်တွေပါတဲ့ ခရီးတစ်ခုသွာတဲ့အခါ မေမေဖေဖေတို့ တည်ငြိမ် နေဖို့လိုအပ်ပါတယ် (Photo by Shutterstock)

(၁) အလျင်မလိုပါနဲ့

ကလေးငယ်တွေပါတဲ့ ခရီးတစ်ခုသွာတဲ့အခါ မေမေဖေဖေတို့ တည်ငြိမ် နေဖို့လိုအပ်ပါတယ်။ ဒါမှသာ ကလေးငယ်ကို သေသေချာချာစောင့်ကြည့်ပေးနိုင်မှာပါ။

(၂) ခရီးဆောင်အိတ်

မေမေတို့ရဲ့ ခရီးဆောင်အိတ်ထဲမှာ ကလေးငယ်ပစ္စည်းတွေကိုပါ ထည့်ရမှာဖြစ်တာကြောင့် မလိုတာတွေ မထည့်ပါနဲ့။ ကလေးငယ်အတွက် ယူဆောင်လာရမယ့် ပစ္စည်းတွေများတာကြောင့်  ခရီးမှာ အသုံးမလိုဘူးဆိုရင် မယူခဲ့တာကောင်းပါတယ်။

(၃) အိမ် ဒါမှမဟုတ် ဟိုတယ်

ခရီးစဉ်မှာ တည်းခိုဖို့ အိမ် ဒါမှမဟုတ် ဟိုတယ် ကို ကြိုတင်လှမ်းချိတ်ထားဖို့လိုအပ်ပါတယ်။ အခန်းကျယ်မကျယ် စစ်ဆေးဖို့လည်း လိုပါတယ်။ မေမေတို့တည်းခိုမယ့်နေရာက ကလေးငယ်တွေနဲ့ အဆင်ပြေခြင်းရှိမရှိ သတိထားပါ။

(၄) နေရာဒေသ

မေမေတို့သွားလည်မယ့်နေရာက နေရာသစ်ဆိုရင် လမ်းတွေကို ကြိုတင်သိထားသင့်ပါတယ်။ မြေပုံအသုံးပြုတာ ဒါမှမဟုတ် google map အသုံးပြုနည်းတွေ လေ့လာထားသင့်ပါတယ်။ နောက်ပြီး ကိုယ်သွားမယ့်ဒေသရဲ့ နာမည်ကျော် နေရာတွေကိုလည်း ကြိုတင်စုံစမ်းထားသင့်ပါတယ်။

Image result for happy asian family travel

ကလေးငယ်ပါလာမယ်ဆိုရင် သူတို့လေးတွေကို ဦးစားပေးရပါမယ် (Photo by YourAsiaHoliday)

(၅) မေးခွန်းများ

ကလေးငယ်တွေဟာ နေရာဒေသအသစ်ကို ရောက်တဲ့အခါ မေးခွန်းတွေမေးပါလိမ့်မယ်။ ဒီလိုအချိန်မှာ မေမေတို့က စိတ်ရှည်ရှည်ထားပြီး ဖြေပေးရပါမယ်။

(၆) နေရာ

ကလေးငယ်ပါလာမယ်ဆိုရင် သူတို့လေးတွေကို ဦးစားပေးရပါမယ်။ မေမေတို့တည်းခိုမယ့်နေရာက ကလေးငယ်တွေအတွက် အဆင်ပြေနိုင်ခြင်းရှိမရှိစုံစမ်းပါ။

(၇) ကား၊ လေယာဉ်

ခရီးထွက်တဲ့အခါ ကလေးငယ်အတွက် ကား၊ လေယာဉ်ပေါ် အဆင်ပြေဖို့အတွက် သူတို့လေးတွေအတွက် သီးသန့်ထိုင်ခုံယူဖို့ မေမေတို့ ဆုံးဖြတ်ပါ။

သားသားမီးမီးလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်မိသားစု ခရီးစဉ်လေးဖြစ်ပါစေလို့ Kalay ကနေ ဆုတောင်းပေးလိုက်ပါတယ်။

 

 

From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x