မေမေဖေဖေတို့က သားသားမီးမီးလေးတွေရဲ့ စံပြပုဂ္ဂိုလ်ဖြစ်လာအောင်

by: Nang Htwe
 0 comments  0 love

သားသားမီးမီးလေးတွေ ယဉ်ကျေးလိမ္မာပြီး အောင်မြင်တဲ့လူငယ်တွေဖြစ်လာဖို့နဲ့ တိုင်းပြည်ကို အကျိုးပြုနိုင်ဖို့အတွက် အဓိက လမ်းပြပေးရမယ့်သူက မေမေဖေဖေတို့ပါ။

သားသားမီးမီးလေးတွေက အရွယ်ရောက်လာတာနဲ့ သူတို့လေးတွေရဲ့ စံပြပုဂ္ဂိုလ်ကလည်း ပြောင်းလဲလာနိုင်ပါတယ်။ ရုပ်ရှင်ထဲက ဇာတ်ကောင်တွေက သူတို့လေးတွေရဲ့ စံပြပုဂ္ဂိုလ်ဖြစ်လာနိုင်သလို တဖြည်းဖြည်း အရွယ်ရောက်လာချိန်မှာလည်း ပတ်ဝန်းကျင်မှာရှိတဲ့ တခြားသူတွေက သူတို့လေးတွေရဲ့ စံပြပုဂ္ဂိုလ် ဖြစ်လာနိုင်ပါတယ်။ သူတို့လေးတွေရဲ့ အကောင်းဆုံး စံပြပုဂ္ဂိုလ်က မေမေဖေဖေတို့ပါပဲ။ တကယ်တော့ သားသားမီးမီးလေးတွေရဲ့ စံပြပုဂ္ဂိုလ်ဖြစ်ဖို့ဆိုတာ မလွယ်လှပါဘူး။ သူတို့လေးတွေရဲ့ စိတ်ကို လွှမ်းမိုးနိုင်ဖို့ လိုပါတယ်။ စံထားရသူဖြစ်ဖို့လည်း မေမေဖေဖေတို့က ကြိုးစားရမှာပါ။

သူတို့လေးတွေရဲ့ အကောင်းဆုံး စံပြပုဂ္ဂိုလ်က မေမေဖေဖေတို့ပါပဲ (Photo by Huffington)

 ကောင်းမွန်တဲ့ ပတ်ဝန်းကျင်

သားသားမီးမီးလေးတွေရဲ့ စံပြပုဂ္ဂိုလ်ဆိုတာ သူတို့လေးတွေ အားကျရသူရဲ့ အကျင့်စာရိတ္တတွေရဲ့ လုပ်ဆောင်ချက်တွေပါ။ နောက်တစ်မျိုးနဲ့ ပြောရရင်တော့ ရည်မှန်းချက်နဲ့ ရည်ရွယ်ချက်တွေလည်း ပါတာပေါ့နော်။ ဘာကြောင့် မေမေဖေဖေတို့က စံထားရသူ ဖြစ်သင့်တာလဲ။ သားသားမီးမီးလေးတွေရဲ့ စိတ်ထားနဲ့ ခံယူချက်တွေက သူတို့လေးတွေ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်ပေါ်အများကြီးမူတည်နေပါတယ်။ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်မှာ နေထိုင်တဲ့ သားသားမီးမီးလေးတွေမှာ စိတ်ထားနဲ့ ခံယူချက်မြင့်မားတာကို တွေ့ရပါတယ်။ မေမေဖေဖေတို့ရဲ့ အပြုအမူတွေနဲ့ စောင့်ရှောက်မှုတွေကလည်း သူတို့လေးတွေအပေါ် အများကြီးလွှမ်းမိုးနေပါတယ်။

မေမေဖေဖေတို့ရဲ့ အပြုအမူတွေနဲ့ စောင့်ရှောက်မှုတွေ အများကြီးလွှမ်းမိုးနေပါတယ်(Photo by LazieGuru)

စံထားရသူဖြစ်ဖို့ မေမေဖေဖေတို့ ဘယ်လိုကြိုးစားရမှာလဲ

တခြားစံပြပုဂ္ဂိုလ်တွေက သူတွေလေးတွေနဲ့ အလှမ်းဝေးနေတဲ့အတွက်ကြောင့် အနီးဆုံးနေတဲ့ မေမေဖေဖေတို့က အဓိက စံပြပုဂ္ဂိုလ်ဖြစ်လာနိုင်ပါတယ်။ သားသားမီးမီးလေးတွေ အရွယ်ရောက်လာတဲ့အခါမှာ ယဉ်ကျေးလိမ္မာပြီး အောင်မြင်တဲ့လူငယ်တွေဖြစ်လာဖို့နဲ့ တိုင်းပြည်ကို အကျိုးပြုနိုင်ဖို့အတွက် အဓိက လမ်းပြပေးရမယ့် ပုဂ္ဂိုလ်က မေမေဖေဖေတို့ပါ။ ဒါကြောင့် မေမေဖေဖေတို့က သားသားမီးမီးလေးတွေရဲ့ ရှေ့မှာ မှားယွင်းတဲ့ အပြုအမူတွေ မပြုလုပ်ဖို့ လိုပါတယ်။

သားသားမီးမီးလေးတွေကို ဆုံးမတဲ့အခါမှာလည်း မှန်ကန်ပြီး နည်းလမ်းကျဖို့ လိုပါသေးတယ်။ သားသားမီးမီးလေးတွေရဲ့ စိတ်ထဲမှာ ကြောက်စိတ်တွေ မဝင်ရောက်အောင် ဆုံးမတတ်ဖို့ အရေးကြီးပါတယ်။ မေမေဖေဖေတို့ ကိုယ်တိုင်ကလည်း မှန်ကန်ဖြောင့်မတ်အောင် နေထိုင်ဖို့ လိုပါတယ်။ ဥပမာ- သားသားမီးမီးလေးတွေကို မလိမ်ဖို့၊ မှန်မှန်ကန်ကန်ပြောဖို့ ဆုံးမမယ်ဆိုရင် မေမေဖေဖေတို့ကိုယ်တိုင်ကလည်း မှန်မှန်ကန်ကန်ပြောဖို့ လိုပါတယ်။ မေမေဖေဖေတို့ကိုယ်တိုင်က မှန်မှန်ကန်ကန်ပြုမူဆောင်ရွက်ခြင်း မရှိဘူးဆိုရင်တော့ သားသားမီးမီးလေးတွေကလည်း လိုက်နာမှာမဟုတ်ပါဘူး။

မေမေဖေဖေတို့အနေနဲ့ သားသားမီးမီးလေးတွေအပေါ် စိတ်ရှည်ရှည်ထားဖို့ လိုအပ်ပါတယ်။ သူတို့လေးတွေရဲ့ အခက်အခဲတွေကို စိတ်ရှည်ရှည်နားထောင်ပေးပြီး ဘယ်လိုမျိုး ပြန်လည်ဖြေရှင်းရမယ်ဆိုတာကို အကြံဥာဏ်ပေးသင့်ပါတယ်။ သားသားမီးမီးလေးတွေနဲ့ ရင်းရင်းနှီးနှီးနေပြီး အချိန်ပေးပါ။ သူတို့လေးတွေရဲ့ စကားကို နားထောင်ပေးပါ။ မှန်ကန်တဲ့ ချစ်ခြင်းတွေနဲ့ ပဲ့ပြင်ဆုံးမမှုတွေပေးစွမ်းနိုင်တဲ့ ဖေဖေမေမေတွေက သားသားမီးမီးလေးတွေရဲ့ စိတ်ထဲမှာ စံပြပုဂ္ဂိုလ်တွေ ဖြစ်လာမှာပါ။

From Kalay with


Comments

0 comments
Latest video