သမီးရှိသောဖေဖေများအတွက် လိုက်နာကျင့်သုံးစရာ နည်းလမ်းကောင်းလေးများ

by: Khin Nyein Lwin
 0 comments  19 love

သမီးမိန်းကလေးတွေရဲ့ အတွင်းစိတ်ကဘယ်လိုရှိမယ်၊ ဘယ်လိုလေးတွေ ဖြစ်တတ်တယ်၊ စတာတွေနဲ့ ဖေဖေများအတွက် အသုံးဝင်မယ့် နည်းလမ်းတစ်ချို့ကို မျှဝေချင်ပါတယ်နော်။

ဒီတခါမှာတော့ သမီးမိန်းကလေးမွေးထားတဲ့ ဖေဖေများအတွက် သတိပြုစရာ၊ လိုက်နာစရာအချက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။ သမီးမိန်းကလေးဆိုတာ ဆုံးမသွန်သင်ကိုင်တွယ်နည်းဟာ အရမ်းကိုလိမ္မာပါးနပ်ဖို့ ဖေဖေများအတွက် အရေးကြီးပါတယ်။ ဖေဖေများအနေနဲ့ သမီးမိန်းကလေးဆိုတာ သားယောကျာ်းလေးတွေကို ဆုံးမသလို ဆုံးမလို့မရနိုင်ပါဘူး။ သမီးမိန်းကလေးတွေရဲ့ အတွင်းစိတ်ကဘယ်လိုရှိမယ်၊ ဘယ်လိုလေးတွေ ဖြစ်တတ်တယ်၊ စတာတွေနဲ့ ဖေဖေများအတွက် အသုံးဝင်မယ့် နည်းလမ်းတစ်ချို့ကို မျှဝေချင်ပါတယ်နော်။

ဖေဖေရဲ့အချစ်ကိုအမြဲတမ်းလိုအပ်တယ်

သမီးမိန်းကလေးတွေအနေနဲ့ ဖေဖေများက သူတို့ကို ပစ္စည်းကို ဝယ်ပေးတာ၊ သင်ကြားပေးတာထက် အဖေဖြစ်သူထံမှ အချစ်ကို ပိုလိုလားကြပါတယ်။ ဖေဖေအပြင် ဖခင်အဖြစ်နဲ့ပြုစုစောင့်ရှောက်နိုင်သူ မရှိပါဘူး။ ဒါကြောင့် ဖခင်တစ်ယောက်အနေနဲ့ သမီးတွေကို ချစ်တယ်ဆိုတဲ့အကြောင်း ပြောဖို့ ဝန်မလေးဖို့ အကြံပေးချင်ပါတယ်။

အနာဂတ် ခင်ပွန်းလောင်းဆိုတာ အဖေနဲ့တူနေတတ်တယ်

သမီးတွေရဲ့ အနာဂတ် ခင်ပွန်းလောင်းဆိုတာ ဖေဖေဖြစ်သူနဲ့ တူနေတတ်ပါတယ်။ သမီးတွေက အဖေနဲ့တူတဲ့ သူကသာ ကိုယ်နဲ့ ကိုက်မယ့်သူ၊ အဆင်ပြေမယ့်သူလို့ ခံယူထားသူတွေ များပါတယ်။

သမီးတွေနားထောင်သောသီချင်းကို နားထောင်သင့်တယ်

ကားအတူတူစီးတဲ့အခါ  သမီးတွေ နားထောင်နေတဲ့ သီချင်းကို ဖေဖေဖြစ်သူကလည်း လေးလေးစားစား နားထောင်သင့်ပါတယ်။ ဒါမှသာ အခုဘာသီချင်းက ခေတ်စားနေလဲဆိုတာကို သိရမှာဖြစ်သလို သမီးတွေနဲ့လည်း အတူတူပျော်နိုင်မှာပါ။

 အမေဖြစ်သူကို ဆက်ဆံပုံကို အမြဲကြည့်နေကြပါတယ်

သမီးတွေကိုပဲ ဂရုစိုက်နေယုံနဲ့တော့ မပြီးသေးပါဘူး။ အမေဖြစ်သူကိုကော သေသေချာချာ အလေးပေး ဆက်ဆံနေရဲ့လားဆိုတာကို ဂရုစိုက်စရာ အချက်တစ်ချက်ပါ။ သမီးတွေက မိခင်ကို ဂရုတစိုက်မရှိတဲ့ ဖခင်ကို မုန်းတတ်ပါတယ်။

ကြီးပြင်းလာသည်နှင့်အမျှ အမြဲအတူရှိနေပါစေ

သမီးတွေက တစ်နေ့ပြီးတစ်နေ့ ကြီးပြင်းလာတာနဲ့အမျှ ဖေဖေဖြစ်သူနဲ့လည်း စကားတွေ နည်းလာတတ်ပါတယ်။ မိန်းကလေးသဘာဝ အလှအပ၊ သူငယ်ချင်း၊ ကျန်းမာရေးပိုင်းဆိုင်ရာ ပြောင်းလဲလာတွေကြောင့် ဖြစ်ပါတယ်။ ဒီလို ပြောင်းလဲမှုတွေအပေါ် ဖေဖေတစ်ယောက်အနေနဲ့ ဂရုစိုက်ပြီး သမီးတွေနားကနေ ရှောင်မသွားပဲ အမြဲအတူရှိနေဖို့ လိုအပ်ပါတယ်။

 အားကစားပြုလုပ်ဖို့ကိုလည်း မမေ့ပါစေနဲ့

မိန်းကလေးဖြစ်တာကြောင့် အားကစားထပ် လှတဲ့အကျီလေးတွေ အလှပြင်ပစ္စည်းလေးတွေ စာဖတ်ဖို့ဘက်ကို အားထားကြပင်မယ့်လည်း အားကစားဆိုတာလည်း မမေ့ဖို့ ဖေဖေဖြစ်သူမှ တိုက်တွန်းရမှာ ဖြစ်ပါတယ်။

အမှတ်တရလေးတွေကို လုပ်ဖို့မမေ့ပါနဲ့

အမှတ်တရကိစ္စလေးတွေဟာ အရေးကြီးပါတယ်။ မိသားစု အမှတ်တရဖြစ်စေဖို့ သမီးတွေနဲ့အချိန်ကိုပေးပါ။ မွေးနေ့မှာ ခရီးထွက်တာတို့၊ သောကြာနေ့ညမှာ ရုပ်ရှင်သွားကြည့်တာတို့လုပ်ဖို့ သင့်တော်ပါတယ်။ ပိုက်ဆံအများကြီးသုံးပြီး အမှတ်တရဖြစ်ဖို့ လုပ်ရမယ်လို့လည်း မဆိုလိုပါဘူး။

အပြင်လောကအကြောင်းကိုလည်း သင်ပြဖို့ မမေ့ပါနဲ့

အရာရာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေဟာ မိသားစုအတွင်းမှာပဲ ဖြစ်ပျက်နေတာ မဟုတ်ပဲ အပြင်လောကကြီးနဲ့လည်း သက်ဆိုင်နေတယ် ဆိုတာကို ရှင်းပြဖို့ လိုအပ်ပါတယ်။

 ပွဲလေးတွေကိုလည်း အတူသွားဖို့ ဝန်မလေးပါနဲ့

သမီးက ကျောင်းရဲ့ပွဲလေးတွေမှာ ကတာပဲဖြစ်ဖြစ် တစ်နေရာက ပါဝင်တယ်ဆိုရင် ဖခင်ဖြစ်သူအနေနဲ့ ဝမ်းမြောက်ဝမ်းသာ သွားကြည့်ပေးဖို့လည်း လိုအပ်ပါတယ်။

 အချိန်ပေးပါ

အလုပ်တွေ ဘယ်လောက်ပဲများများ အိမ်ပြန်ရောက်ရင်တော့ ဖုန်းကြည့်ပြီး၊ TVကြည့်ပြီး တစ်ယောက်တည်းနေတာထပ် သမီးနဲ့လည်း စကားပြောဖို့ မမေ့မလျှော့ ပြုလုပ်ပါ။

 ဆံပင်၊ လက်သည်း ညှပ်တာပဲဖြစ်ဖြစ် လုပ်ပေးပါ

၁၀၀မှာ ၉၉ ကြိမ်က မိခင်ဖြစ်သူက အားလုံးကို လုပ်ပေးပင်မဲ့ ဖခင်ဖြစ်သူကလည်း ကူညီပေးသင့်ပါတယ်။

 စိတ်ကောင်းထားတတ်ဖို့ သင်ပေးပါ

ဘာသာရေးအရပဲဖြစ်ဖြစ် မိသားစုရယ်လို့ဖြစ်လာပြီဆိုရင် သူတပါးအပေါ်မှာ မဟုတ်တာကို မလုပ်ရအောင် ဘယ်လို နေထိုင်ရမယ်ဆိုတာကို သင်ပေးဖို့ အရေးကြီးပါတယ်။

မသိချင်ယောင်မဆောင်ပါနဲ့

သမီးတွေရဲ့ လုပ်ဆောင်ချက်တွေ မှားတဲ့အခါ ပြင်ပေးဖို့ ဖေဖေတို့မှာ တာဝန်ရှိပါတယ်။ ဒါကို ဖေဖေများအနေနဲ့ မသိချင်ယောင် ဆောင်ပြီး မနေပါနဲ့။

Source : Internet

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: advicedaughterfatherGoodmanners


Comments

0 comments
Latest video
Refer to more useful articles