ကလေးလေးတွေ သူငယ်ချင်းနဲ့ ရင်းနှီးအောင်

by: Phyo Pyae Thu
 0 comments  1 love

သူငယ်ချင်းရဖို့ဆိုရင်ကူညီပေးရမှာတွေ ရှိပါတယ်။ ကြီးလာတဲ့အခါမှာ အပေါင်းအသင်း သူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရေး လုပ်ရမှာပါ။

မေမေတို့ရေ သားသားမီးမီးလေးတွေမှာ သူငယ်ချင်းရဖို့ဆိုရင် မေမေတို့မှာလည်း ကူညီပေးရမှာတွေ ရှိပါတယ်။ မေမေ့ကလေးလေးဟာ မေမေ့အနားမှာ အမြဲမနေပါဘူး။ ကြီးလာတဲ့အခါမှာ အပေါင်းအသင်း သူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရေး လုပ်ရမှာပါ။ ဒီအခါမှာ မေမေ့ကလေးလေးဟာ ဘယ်သူနဲ့မှ အဆင်မပြေတဲ့သူဆိုရင်တော့ စိတ်ညစ်ရမှာပါ။

မေမေတို့စိတ်ကြိုက် လိုရာပုံသွင်းတာတွေ လျှော့ပါ (photo: Amazonia)

ပုံသွင်းတာတွေ လျှော့ပါ

မေမေတို့ရေ သားသားမီးမီးလေးတွေကို မေမေတို့စိတ်ကြိုက် လိုရာပုံသွင်းတာတွေ လျှော့ပါ။ မေမေတို့ရင်က ဖြစ်တည်ထားတဲ့ ကလေးဆိုပေမယ့် ခံစားချက်ချင်း မတူညီနိုင်ဘူးဆိုတာကို သတိရပါ။ မေမေက အပေါင်းအသင်း နည်းနည်းလေးပဲ ပေါင်းသင်းရတာ ကြိုက်ပေမယ့် မေမေ့ကလေးလေးကတော့ သူငယ်ချင်းများများ ပေါင်းသင်းချင်တာမျိုး ဖြစ်နိုင်ပါတယ်။

ရင်းနှီးပါစေ

တချို့မေမေတွေက ကလေးရဲ့ သူငယ်ချင်းတွေ အိမ်ကိုအလည်လာရင် သိပ်မကြိုက်ကြပါဘူး။ တကယ်တမ်းတော့ သူငယ်ချင်းတွေကို အိမ်မှာ လာဆော့ဖို့ ပြောကြားရမှာပါ။ သူတို့ရဲ့ စိတ်ဝင်စားမှုတွေအရ လှုပ်ရှားမှု တချို့ကို ပြင်ဆင်ထားပေးပါ။ သူငယ်ချင်းတွေနဲ့ မျက်စိရှေ့တင် ရင်းနှီးပါစေ။

ကလေးငယ်တွေကို ရွေးချယ်ခွင့်ပေးလိုက်ပါ (Photo by Fiveprime)

ရွေးချယ်ခွင့်ပေးပါ

မေမေတို့ရေ ကလေးတွေကို ဟိုလူနဲ့ မပေါင်းရဘူး၊ ဒီလူနဲ့ မခင်ရဘူးတွေ မလုပ်ပါနဲ့။ သူတို့ရဲ့ သူငယ်ချင်းတွေက ကလေးကို အန္တရာယ် မဖြစ်စေဘူးဆိုရင် ကိုယ်ပိုင်ရွေးချယ်ခွင့် ပေးရပါမယ်။

ရှေ့ဆောင်လမ်းပြကောင်းပါစေ

မေမေတို့ရေ ကလေးတွေဟာ သူတို့ရှေ့ကလူတွေ လုပ်သမျှ၊ ပြောသမျှကို အကုန်လုံး အတုယူပြီး သင်ယူတတ်မြောက်လေ့ ရှိပါတယ်။ မေမေတို့ အိမ်နီးချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရေး တည့်မှသာ ကလေးလည်း အိမ်နီးနားချင်းက သူငယ်ချင်းတွေနဲ့ တည့်မှာပါ။ အိမ်နီးချင်းတွေ အချင်းချင်း မုန့်ဝေတာတွေ၊ သွားလည်တာတွေ လုပ်ပါ။ ပေါင်းသင်းဆက်ဆံရေးကို မျက်မြင်ကိုယ်တွေ့ သင်တာမျိုး လုပ်ပါ။ ဖေဖေရော မေမေပါ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ခြင်းမှာ ရှေ့ဆောင်လမ်းကောင်း ဖြစ်ပါစေ။

မေမေတို့ရေ အပေါ်မှာ ပြောပြထားတဲ့အချက်လေးတွေ လုပ်ဆောင်မယ်ဆိုရင် မေမေ့ကလေးလေး သူငယ်ချင်းတွေနဲ့ ရင်းနှီးမှု အပြည့်အဝ ရရှိမှာပါ။ 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x