ကလေးတွေကို တုတ်နဲ့ ရိုက်ပြီး ဆုံးမတာ မှားလား၊ မှန်လား

by: Nang Htwe
 0 comments  0 love

မေမေဖေဖေတို့ရဲ့ ပြင်ပက ခံစားချက်ဒေါသတွေ ကလေးငယ်အပေါ် ဖွင့်ထုတ်ခြင်း စတဲ့ အကြောင်းအရင်းတွေကြောင့် တုတ်ကို အသုံးပြုပြီး ဆုံးမကြပါတယ်။

အရင်တုန်းကတော့ သားသားမီးမီးလေးတွေ ဆုံးမတဲ့အခါ တုတ်နဲ့ရိုက်ပြီး ဆုံးမတာကို လက်ခံကြပါတယ်။ အိုးကောင်းကောင်းရချင်ရင် နာနာရိုက်ပေးရတယ်ဆိုတဲ့  စကားပုံကို သက်မဲ့ပစ္စည်း အိုးနဲ့ ကလေးငယ်တွေ နှိုင်းယှဉ်ဆုံးမခဲ့ပါတယ်။ ပွင့်လင်းလာတဲ့ယနေ့ခေတ်မှာတော့ ကလေးငယ်တွေကို တုတ်နဲ့ ရိုက်နက်ဆုံးမတာ ကန့်ကွက်ခဲ့ကြပါတယ်။ ရိုက်နက်ဆုံးမခြင်းရဲ့ နောက်ဆက်တွဲက ကောင်းတာထက် ဆိုးတာပိုများနေပါတယ်။ ငယ်ရွယ်နုနယ်တဲ့ ကလေးငယ်မှာ စိတ်ဒဏ်ရာ ရသွားနိုင်ပါတယ်။

အရင်တုန်းကတော့ သားသားမီးမီးလေးတွေ ဆုံးမတဲ့အခါ တုတ်နဲ့ရိုက်ပြီး ဆုံးမတာကို လက်ခံကြပါတယ် (Photo by The Straits Times)

နားလည်အောင် ကြိုးစားပါ

မိဘနဲ့ ဆရာတွေအနေနဲ့ ဒီရိုက်နက်ဆုံးမတဲ့ ြပဿနာကို နားလည်သဘောပေါက်အောင် ကြိုးစားပြီး ကလေးငယ်တွေနဲ့ သင့်တော်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်တာမျိုး ပြုလုပ်ပေးသင့်ပါတယ်။ ဒါပေမယ့်လည်း အခုချိန်ထိ ရိုက်နက်တာ လက်မခံတဲ့သူတွေလည်းရှိသလို အငြင်းပွားနေတဲ့သူတွေလည်း ရှိပါတယ်။ ကလေးငယ်တွေကို ဆုံးမတဲ့အခါ မှန်ကန်တဲ့ နည်းလမ်းကို အသုံးပြုဖို့လိုပါတယ်။ မှန်ကန်တဲ့နည်းလမ်းတွေကို အသုံးပြုဖို့ မိဘ၊ဆရာတွေမှာ စိန်ခေါ်မှုတွေ ရှိနေပါတယ်။ ရိုက်နက်ဆုံးမတဲ့ ပြဿနာက ရုတ်တရက်ကြီး ပျောက်သွားဖို့ခက်ပါတယ်။ ဘာကြောင့်မရိုက်သင့်တယ်ဆိုတာကို မျိုးဆက်သစ်တွေ လက်ခံရင်းနဲ့ ပပျောက်သွားတာ အကောင်းဆုံးဖြစ်ပါတယ်။ ရိုက်နက်ဆုံးမတာ ပပျောက်သွားဖို့အတွက် အိမ်နဲ့ ကျောင်းတွေမှာ ကျင့်သုံးသင့်ပါတယ်။

ဒဏ်ရာများနဲ့ ကလေးငယ်

ရိုက်နက်ဆုံးမခံခဲ့ရတဲ့ ကလေးငယ်တွေမှ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာမှာပါ ဒဏ်ရာတွေ ရကြပါတယ်။ ငယ်စဉ်အချိန်တုန်းက စိတ်ဒဏ်ရာကြီးကြီးမားမားရခဲ့တဲ့ ကလေးငယ်တွေ အရွယ်ရောက်လာတဲ့အခါ လူမှုရေးပြဿနာတွေ တွေ့ကြုံရပါတယ်။ ကလေးငယ်တွေရဲ့ အောင်မြင်မှုလမ်းကြောင်းမှာ အနှောက်အယှက်ဖြစ်လာနိုင်ပါတယ်။

မိဘ၊ ဆရာတွေကို ကြောက်မက်ဖွယ်ကောင်းတဲ့ပုဂ္ဂိုလ်တွေအဖြစ် မြင်လာပါတယ် (Photo by IOL)

ဘာကြောင့် မိဘ၊ ဆရာတွေက တုတ်နဲ့ ရိုက်ပြီးဆုံးမကြတာလဲ

  • ကလေးငယ်တွေရဲ့ အပြုအမူတွေကို အလွန်စိတ်ဆိုးခြင်း
  • ထိရောက်တဲ့ ဆုံးမမှုကို မစဉ်းစားတတ်ခြင်း (ရိုက်တာက ထိရောက်ဆုံးလို့ ထင်ခြင်း)
  • ရိုက်တာက အလျှင်အမြန်ထိရောက်တဲ့ နည်းလမ်းလို့ ထင်ခြင်း
  • မိဘတွေငယ်စဉ်တုန်းကလည်း ရိုက်နက်ဆုံးမ ခံခဲ့ရခြင်း
  • ကလေးငယ်တွေ နားလည်ဖို့အတွက် ကြမ်းကြမ်းတမ်းတမ်းပြုလုပ်ဖို့ လိုအပ်တယ်လို့ ထင်နေခြင်းနဲ့
  • မေမေဖေဖေတို့ရဲ့ ပြင်ပက ခံစားချက်ဒေါသတွေ ကလေးငယ်အပေါ် ဖွင့်ထုတ်ခြင်း စတဲ့ အကြောင်းအရင်းတွေကြောင့် တုတ်ကို အသုံးပြုပြီး ဆုံးမကြပါတယ်။

ဘာကြောင့် တုတ်နဲ့ ရိုက်ပြီးဆုံးမတာက မမှန်ကန်တာလဲ

  • ကလေးငယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်လာစေပါတယ်။
  • ရေရှည်မှာ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ အပြန်အလှန်အကျိုးသက်ရောက်မှုကို ထိခိုက်စေနိုင်ပါတယ်။
  • ဒေါသကြီးတဲ့ကလေးငယ်အဖြစ် ကြီးပြင်းလာနိုင်ပါတယ်။
  • မိဘ၊ ဆရာတွေကို ကြောက်မက်ဖွယ်ကောင်းတဲ့ပုဂ္ဂိုလ်တွေအဖြစ် မြင်လာပါတယ်။
  • စိတ်ပိုင်းဆိုင်ရာ ပျက်စီးလာပြီး နောက်ဆက်တွဲအနေနဲ့ ရုပ်ပိုင်းဆိုင်ရာပါ ထိခိုက်လာပါတယ်။ ခပ်ဆိုးဆိုး ကလေးငယ်တွေ ဖြစ်လာပါတယ်။
  • အဆိုးနဲ့ အကောင်းကို မခွဲခြားတတ်တော့ပါဘူး။ ခပ်ထုံထုံ ဖြစ်သွားပါတယ်။
  • ပြဿနာတွေကိုလည်း ဖြေရှင်းနိုင်စွမ်းမရှိတော့ပါဘူး။

ကလေးငယ်တွေကို တုတ်နဲ့ရိုက်နက်ဆုံးမတာက ကောင်းတာထက် ဆိုးတာတွေပိုများနေတာကြောင့် ကောင်းမွန်တဲ့ဖြေရှင်းနည်းတွေကိုသာ အသုံးပြုဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles