ဖေဖေတို့အနေနဲ့ ကလေးတွေကို သီချင်းဆိုပြဖို့ဆိုတာ ထင်သလောက်မလွယ်ပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ်ဆိုပြလိုက်တဲ့ သီချင်းက ကလေးကြိုက်ဖို့လိုသေးတယ်လေ။ ကလေးတွေကို မကြာခဏ သီချင်းဆိုပြတဲ့ အကျိုးကျေးဇူးတွေကတော့
- ကလေးတွေနဲ့ ပိုမိုရင်းနှီးလာမယ်။
- ကလေးပိုလိမ္မာလာမယ်။
- ကလေးတွေက အဖေကို သံယောဇဥ်ပိုရှိလာတယ်။
- ကလေးတွေရဲ့ ယုံကြည်မှုကို ရမယ်။
- ကလေးတွေရဲ့ လေးစားချစ်ခင်မှု ပိုတိုးစေတယ်။
- ဖေဖေတို့ကလည်း မိသားစုအတွက် အရင်ကထက် အချိန်ပိုပေးချင်လာတယ်။ မိသားစုနဲ့ ပျော်တတ်လာတယ်။
- စိတ်ဖိစီးမှုတွေ သက်သာစေတယ်။
- အလုပ်တွေ ပိုကြိုးစားချင်စိတ် တိုးလာစေတယ်။
ဖေဖေတို့အနေနဲ့ ကလေးသီချင်း ဆိုပြဖို့ ခက်တယ်ဆိုရင် အခုပြောပြတဲ့ လူကြီးသီချင်းတွေကို ဆိုပြပေးလို့ရတယ်။
Never Grow Up
နာမည်ကျော် အဆိုတော် Taylor Swift ရဲ့ သူမကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုတဲ့ သီချင်းပါ။ ရိုးရာ country music စတိုင်ပုံစံဖြစ်ပြီး ဖေဖေတို့က ကလေးကို ဆိုပြလို့ အဆင်ပြေတယ်။
Isn’t She Lovely
အဆိုတော် Stevie Wonder က သူ့သမီးလေးအတွက် ရေးစပ်သီဆိုခဲ့တဲ့ သီချင်းပါ။ ကလေးကို ဆိုပြဖို့ ကောင်းမွန်တဲ့ သီချင်းတစ်ပုဒ်ပါ။
I Can’t Wait to Meet You
ကလေးတွေကို ဆိုပြဖို့ အလွန်ကောင်းတဲ့ သီချင်းပါ။ ဖေဖေတို့အတွက်လည်း စိတ်ခွန်အားပြည့်ဝစေတယ်။
Man That Hung the Moon
ကလေးတွေကို သီချင်းဆိုပြတော့မယ်ဆိုရင် ဒီသီချင်းကို မေ့ထားလို့မရပါဘူးနော်။
Sarah’s Song
စိတ်ခွန်အားပြည့်စေတဲ့ သီချင်းပါ။
The Mother
မေမေတို့ဆိုပြတဲ့ သီချင်းပါ။
Watch You Be a Mother
ကလေးတွေအတွက်သာမက ကိုယ့်ဇနီးကိုလည်း ဘယ်လောက်ထိ ကျေးဇူးတင်ကြောင်း သီဆိုထားတဲ့ သီချင်းပါ။
I Got You
မိဘနဲ့ ကလေးကြားက ချစ်ခြင်းမေတ္တာ (၅၂၈) အကြောင်း သီဆိုထားတဲ့ သီချင်းပါ။
In my Daughter’s Eyes
သမီးလေး ကိုယ့်မျက်စိရှေ့မှာ တဖြည်းဖြည်းကြီးလာတာကို သီဆိုထားတဲ့ သီချင်းပါ။
Beautiful Boy (Darling Boy)
သားအကြောင်း သီဆိုထားတဲ့ သီချင်းပါ။
ဖေဖေတို့က ကလေးကို သီချင်းဆိုပြချင်တယ်ဆိုရင် ဒီသီချင်းတွေကို ရွေးချယ်လို့ရတယ်နော်။
Comments