မေမေတို့ရဲ့ကလေးလေးတွေ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့

by: Phyo Pyae Thu
 0 comments  5 love

ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်တာဟာ လွယ်ကူတဲ့ ကိစ္စတရပ်တော့မဟုတ်ပါဘူးနော်။ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာဖို့ဆိုတာ မေမေတို့အပေါ်မှာ အများကြီး မူတည်ပါတယ်။

မေမေတို့ရေ သားသားမီးမီးလေးတွေကို ထိန်းသိမ်းစောင့်ရှောက်တာဟာ အရမ်းကို လွယ်ကူနေတဲ့ ကိစ္စတရပ်တော့ မဟုတ်ပါဘူးနော်။ သူတို့လေးတွေ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာဖို့ဆိုတာ မေမေတို့အပေါ်မှာ အများကြီး မူတည်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့လေးတွေ ပထမဆုံး ထိတွေ့ရတဲ့ ပတ်ဝန်းကျင်ဟာ မေမေ ဖေဖေတို့ ဖြစ်နေတာကြောင့်ပါ။

မနက်ခင်းနဲ့ ညဘက်တွေမှာ ဘုရားရှိခိုး ခိုင်းတာမျိုး လုပ်ခိုင်းပါနော်(Photo: shelton.edu.vn)

သားသားမီးမီးလေးတို့ မူကြိုအရွယ်မှာ ဘုရားစာ ရွတ်ဖတ်နိုင်ပါပြီနော်။  ဘယ်ဘာသာပဲဖြစ်ဖြစ် မနက်ခင်းနဲ့ ညဘက်တွေမှာ ဘုရားရှိခိုး ခိုင်းတာမျိုး လုပ်ခိုင်းပါနော်။ ပြီးတော့ ဘုရားရဲ့ အဆုံးအမလေးတွေ ပြောပြပေးပါ။ ဒါဆိုရင် သားသားမီးမီးလေးတို့ လိမ္မာရေးခြားရှိတဲ့ ကလေးတွေအဖြစ် ကြီးပြင်းလာကြမှာပါ။

စာဖတ်တဲ့ အလေ့အကျင့်ကို ငယ်ငယ်လေးတည်းက ပြုစုပျိုးထောင်ပေးပါ။(Photo: shelton.edu.vn)

 အမြဲတမ်းပျော်ရွှင်စေဖို့ စာရိတ္တပိုင်းဆိုင်ရာတွေလည်း သင်ပေးရဦးမှာပါ

ဒါမှလည်း သူတို့လေးတွေ လောကအလယ်မှာ အဆင်ပြေမှာပါနော်။ သားသားမီးမီးလေးကို ရိုးသားတတ်ဖို့၊ လိမ်မပြောတတ်ဖို့ သင်ပေးဖို့ လိုပါတယ်။ သားသားမီးမီးလေးတွေ ရေရှည် အသုံးပြုလို့ ရွှေအိုး ပေးချင်တယ်ဆိုရင်တော့ စာဖတ်ခိုင်းပါ။ ဒါဟာ သူတို့ဘဝမှာ ကျန်းမာပျော်ရွှင်စေနိုင်တဲ့ အကောင်းဆုံးနည်းလမ်းပါ။ စာဖတ်တဲ့ အလေ့အကျင့်ကို ငယ်ငယ်လေးတည်းက ပြုစုပျိုးထောင်ပေးပါ။

ကျန်းမာစေနိုင်မယ့် နည်းလမ်းတွေအနေနဲ့တော့

ကလေးတွေရဲ့ အစားအစာတွေကို ဂရုစိုက်ပေးဖို့ပါ။ ကျန်းမာရေးကောင်းမွန်စေတဲ့ အစားအစာတွေ စားမယ်ဆိုရင် မေမေတို့ ဆေးခန်းခဏခဏ ပြေးရမှာ မဟုတ်ပါဘူးနော်။ ကလေးရဲ့အစာချေစနစ်ကောင်းမွန်စေဖို့ အမျှင်ဓာတ်များတဲ့အစားအစာမျိုးတွေ သစ်သီးတွေနဲ့ဟင်းသီးဟင်းရွက်တွေကျွေးတာမျိုးကိုလုပ်ဆောင်သင့်ပါတယ်။ သကြားတွေကချေဖျက်ရခက်တာမျိုးတွေ ရှိတတ်တာကြောင့်ကလေးငယ်ကို သကြားလျှော့ပြီးကျွေးသင့်ပါတယ်။ သားသားမီးမီးလေးတွေကို ဂတ်စ်ပါတဲ့ အချိုရည်တွေ အသက်(၂) နှစ်မပြည့်ခင်အထိ မတိုက်ကျွေးပါနဲဦး။ ဂတ်စ်တွေဟာ လေပွစေနိုင်တာကြောင့် ကလေးရဲ့ ကျန်းမာရေးအတွက် စိုးရိမ်ရနိုင်ပါတယ်နော်။

မေမေတို့ရေ သားသားမီးမီးလေးတွေကို အမှန်အတိုင်း မပြောတာဟာ ကောင်းတယ်လို့ ယူဆထားတာတွေ  ရှိပါတယ်။ တကယ်တော့ မေမေတို့ရဲ့ သားသားမီးမီးလေးတွေကို အမှန်တိုင်းပဲ ပြောသင့်ပါတယ်။ မေမေတို့ ကိုယ်တိုင်က အမှန်အတိုင်း ပြောမှ ကလေးကလည်း လိုက်ပြောမှာပါ။ ရိုးသားမှုဆိုတာ မေမေ့တို့ဆီကနေ စမှာပါ။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with


Comments

0 comments
Latest video
Refer to more useful articles
x