ဦးနှောက်ဥာဏ်ကောင်းတဲ့ ကလေးအဖြစ် ကြီးပြင်းလာစေချင်ရင်

by: Phyo Pyae Thu
 0 comments  1 love

မေမေတို့အနေနဲ့ ကိုယ့်ရဲ့ သားသားမီးမီးလေးတွေကို တော်စေချင်၊ ကောင်းစေချင်တဲ့အပြင် ဦးနှောက်ဥာဏ်ရည်လည်း ထက်မြက်စေချင်ကြတာပါပဲ။

မေမေတို့ရေ သားသားမီးမီးလေးတွေ မွေးကင်းစကနေ အသက်(၅) နှစ်အတွင်း ဦးနှောက်က (၉၀) ရာခိုင်နှုန်း ဖွံ့ဖြိုးပါတယ်

မေမေတို့အနေနဲ့ ကိုယ့်ရဲ့ သားသားမီးမီးလေးတွေကို တော်စေချင်၊ ကောင်းစေချင်တဲ့အပြင် ဦးနှောက်ဥာဏ်ရည်လည်း ထက်မြက်စေချင်ကြတာပါပဲ။ လူတိုင်းက ကိုယ့်ရဲ့ သားသားမီးမီးလေးကို “ကလေးက ဥာဏ်ရည်ကောင်းလိုက်တာ၊ တော်လိုက်တာလို့” ချီးကျူးကြရင် မေမေတိုင်း ပျော်ကြမှာပါ။ ဒီလိုမျိုး ဦးနှောက်ဥာဏ်ရည်ကောင်းတဲ့ သားသားမီးမီးလေးတွေ ဖြစ်အောင် ပြုစုပျိုးထောင်ပေးလို့ ရပါတယ်။

သားသားမီးမီးလေးတွေ မွေးကင်းစကနေ အသက်(၅) နှစ်အတွင်း

ဦးနှောက်က (၉၀) ရာခိုင်နှုန်း ဖွံ့ဖြိုးပါတယ်။ ဒါကြောင့် သားသားမီးမီးတွေ ဥာဏ်ကောင်းဖို့ အသက်ငယ်ငယ်လေးတည်းက ပြုစုပျိုးထောင်ရပါမယ်။ ဘာတွေ လုပ်ရမလဲဆိုတာ ကြည့်ကြည့်ရအောင်နော်။

သားသားမီးမီးလေးတွေကို ရာသီဥတုနဲ့ဆိုင်တာလေးတွေ

ဖတ်ပြပါ။ ပြောပြပါ။ သဘာဝတရားအကြောင်း များများပြောပေးပါ။ ဒါဆိုရင် သားသားမီးမီးလေးတွေဟာ ကျောင်းမတက်ခင်တည်းက အရောင်၊ ပုံစံ၊ ရာသီဥတု၊ သစ်သီး၊ အပင်တွေနဲ့ တိရိစ္ဆာန်တွေအကြောင်း ကြိုတင်နားလည်ထားပြီး ဖြစ်မှာပါ။

သားသားမီးမီးလေးတွေကို ရာသီဥတုနဲ့ဆိုင်တာလေးတွေ ဖတ်ပြပါ။ ပြောပြပါ။

သင်္ချာဥာဏ်ရည်နဲ့ ပတ်သက်ပြီး တိုးတက်စေချင်တယ်ဆိုရင်တော့

သူတို့လေးတွေကို ကိန်းဂဏန်းနဲ့ဆိုင်တာလေးတွေ ကြိုတင် သင်ပေးပါ။ နေ့စဉ် ပြုလုပ်နေကျ အပြုအမူတွေထဲကနေပဲ သင်ပေးလို့ ရပါတယ်။ သားသား ပန်းသီးဘယ်နှစ်လုံး စားမလဲ၊ မီးမီးလေး ကလစ် ဘယ်နှချောင်း လိုချင်လဲ၊ ညဘက်ဆိုရင်လည်း ကြယ်လေးတွေ ရေကြည့်ရအောင် အစရှိသလို သင်္ချာ ဂဏန်းတွေနဲ့ ရင်းနှီးအောင် သင်ပေးပါ။ သားသားမီးမီးလေးတွေကို ပဟေဠိတွေနဲ့ဥာဏ်စမ်းတွေကစားခိုင်းတာကလ အသိဥာဏ်စွမ်းရည်ကိုတိုးတက်စေပါတယ်။

 လှေရုပ်၊ လေယာဉ်ပျံရုပ်လေးတွေ စက္ကူနဲ့ ခေါက်ခိုင်းတာကလည်း

တီထွင်နိုင်စွမ်းနဲ့ လက်တွေကို ထိန်းချုပ်နိုင်စွမ်းတွေ မြင့်မားစေပါတယ်။ သားသားမီးမီးလေး အသက်(၂) နှစ်နဲ့ (၂) နှစ်ခွဲလောက်ကစပြီး သူငယ်ချင်းတွေနဲ့ ပေးကစားပါ။ ဒီလို ဆော့ကစားတာက နားလည်တတ်ခြင်း၊ သည်းခံတတ်ခြင်းနဲ့ ပေါင်းသင်းဆက်ဆံရေးတွေကို တိုးတက်စေပါတယ်။ ဘယ်လို သူငယ်ချင်းကို ဘယ်လိုစကားပြောရမယ်ဆိုတာက အစ သူတို့လေးတွေ ဥာဏ်ရည်နဲ့ ဆုံးဖြတ်တတ်လာမှာပါ။

အစားအသောက်တွေထဲမှာ

အဆီဓာတ်ကြွယ်ဝတဲ့ငါးတွေနဲ့ ဘလူးဘယ်ရီသီးတွေကနေစလို့ ခရမ်းချဉ်သီးတွေနဲ့ဖရုံသီးစေ့တွေအထိ ထည့်သွင်းကျွေးမွေးပါ။ သားသားမီးမီးလေးတွေ ဥာဏ်ကောင်းအောင် အစားအစာတွေကလည်း ထောက်ပံ့နိုင်ပါတယ်။ ဒီလိုမျိုး ပြုစုပျိုးထောင်မယ်ဆိုရင် ဦးနှောက် ဥာဏ်ရည်ကောင်းတဲ့ သားသားမီးမီးလေးတွေ ဖြစ်လာစေမှာနော်။

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles