သားသားမီးမီးလေးတွေ အားကျအတုယူရတဲ့ မိဘတွေဖြစ်အောင်

by: Phyo Pyae Thu
 2 comments  4 love


ဖေဖေ မေမေတို့ရေ ဖေဖေ မေမေတို့ဟာ သားသားမီးမီးလေးတွေအတွက်တော့ စံနမူနာထားစရာ၊ လေးစားစရာ ကောင်းလှတဲ့ ပထမဆုံးသော ပဲ့ကိုင်ရှင်တွေပါပဲ။ သားသားမီးမီးလေးတွေအတွက် လက်ဦးဆရာပါ။ ဒီလို လက်ဦးဆရာတွေ ဖြစ်တဲ့ ဖေဖေ မေမေတို့အပေါ်ကို သားသားမီးမီးလေးတွေ အမြဲတမ်း ယုံကြည်လေးစား သက်ဝင်နေအောင် ဆုံးမပြောပြပေးဖို့ လိုသလို ဖေဖေ မေမေတို့ ကိုယ်တိုင်ကလည်း သားသားမီးမီးလေးတွေက သူတို့ရဲ့ ဘဝမှာ Super Hero ကြီးလို့ ထင်တဲ့အထိ နေပြပေးဖို့တော့ လိုပါတယ်။ ဒီအတွက် Kalay ကနေ နည်းလမ်းကောင်းလေးတွေ ပြောပြပေးမယ်နော်။

ဖေဖေ မေမေတို့ဟာသားသားမီးမီးလေးတွေအတွက် လက်ဦးဆရာပါ(Photo:MOM)

အတုယူ

ဖေဖေ မေမေတို့ရေ သားသားမီးမီးလေးတွေဟာ အတုယူ၊ အတုခိုး လိုက်လုပ်တတ်တဲ့နေရာမှာ နှစ်ယောက်မရှိအောင် တော်လွန်းပါတယ်နော်။ သားသားမီးမီးလေးတွေ အရှေ့မှာ မယဉ်ကျေးတဲ့ စကားတွေ ပြောဆိုမိမယ်ဆိုရင် သားသားမီးမီးလေးတွေက အဓိပ္ပါယ်ကို မသိပါဘဲ လိုက်ပြောကြမှာ အသေအချာပါပဲ။ ဒါကြောင့် ဖေဖေ မေမေတို့ အနေနဲ့ သူတို့လေးတွေရှေ့မှာ အပြောအဆို၊ အပြုအမူ ယဉ်ကျေးအောင် အရင်နေပြပါနော်။

ဖေဖေ မေမေတို့ အနေနဲ့ သူတို့လေးတွေရှေ့မှာ အပြောအဆို၊ အပြုအမူ ယဉ်ကျေးအောင် အရင်နေပြပါနော်(Photo:MOM)

 အသက်(၂) နှစ်ခွဲ‌လောက်ဆိုရင် ဖုန်းကနေ ဂိမ်းတွေ ဆော့တတ်နေပြီနော်

ဖေဖေ မေမေတို့က နွေးထွေးပြဖို့ လိုပါတယ်။ ဖုန်းတွေ တီဗီတွေ ဖယ်ထားလိုက်ပါ။ ဖေဖေ မေမေတို့ ကိုယ်တိုင်က FB သုံး၊ ဇာတ်ကားတွေကြည့်ပြီး သားသားမီးမီးလေးတွေအနား မနေတာမျိုး မလုပ်ပါနဲ့နော်။ နွေးနွေးထွေးထွေး နေပြပါ။

ကျန်းမာရေးကိုလည်း သားသားမီးမီးလေးတွေ အလေးထားအောင်လည်း

လုပ်ဆောင်ပေးရမှာပါ။ ဖေဖေမေမေတို့ ကိုယ်တိုင်က ကျန်းမာရေးကို လိုက်စားမှ ကလေးတွေကလည်း လိုက်စားရမယ်လို့ အလေးထားတတ်မှာပါ။ ဒါမှလည်း ကျန်းမာမှာနော်။ သားသားမီးမီးလေးတွေ အားကျ အတုယူတဲ့ ဖေဖေ မေမေ ဖြစ်အောင်လုပ်ဆောင်ရမှာပါ။ လမ်းအတူတူ လျှောက်တာ၊ ရေကူးတာ၊ ဘောလုံးကန်တာလေးတွေ လုပ်ပေးနော်။

မိဘတွေအနေနဲ့ ကလေးကို မပြောသင့်တဲ့ စကားများ

မေမေတို့ရေ တခါတလေမှာ ကလေးငယ်ကို စိတ်တိုပြီး အော်ငေါက်မိတာတွေ၊ ဒေါသကြောင့် နာနာကျည်းကျည်းပြောမိတာတွေ ပြုလုပ်မိပါတယ်။ ဒီလိုကြုံတွေ့လာတဲ့အခါ မေမေတို့ သတိထားရမှာတွေ ရှိပါတယ်။ ကလေးငယ်တွေရဲ့ ခံစားချက်က နူးညံ့လွန်းပါတယ်။ မေမေတို့ ပြောလိုက်တဲ့ စကားက ကလေးငယ်ကို ထိခိုက်စေနိုင်လို့ပါ။ ဘယ်နေရာတွေ ထိခိုက်လာနိုင်လဲ။

ကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေပါတယ်။ ကလေးငယ်ရဲ့ တောက်ပနေပြီး မျှော်လင့်ချက် ပြည့်ဝနေတဲ့ ဘဝတစ်လျှောက်မှာ စိတ်ဒဏ်ရာတွေ မရအောင် မေမေတို့ သတိထားပါ။ မေမေတို့အတွက် ကလေးငယ်ကို လုံးဝမပြောသင့်တဲ့ စကား(၅)မျိုးကို Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

(၁) တဖက်သက်ပြုလုပ်ခြင်း

ကလေးငယ်ကို  အောင်မြင်စေချင်တာ၊ ပညာတက်ကြီးဖြစ်စေချင်တာနဲ့ အောင်မြင်စေချင်တာတွေက မေမေဖေဖေတို့ရဲ့ စေတနာတွေပါ။ ဒါပေမယ့်လည်း ကလေးငယ်ရဲ့ ဆန္ဒမပါဘဲ မပြုလုပ်သင့်ပါဘူး။ အတင်းဇွတ်တက်ခိုင်းတာ၊ ပြုလုပ်ခိုင်းတာတွေက ကလေးငယ်ရဲ့ စိတ်ကို ဒဏ်ရာတွေ ဖြစ်လာစေပါတယ်။ ကလေးဘဝမှာ ရခဲ့တဲ့ ဒဏ်ရာတွေဟာ အသက်ကြီးလာတဲ့အထိ မပျောက်သွားတာကို မေမေဖေဖေတို့သတိထားပါ။ မေမေတို့ဖြစ်ချင်တာနဲ့ ကလေးငယ်ဖြစ်ချင်တာကို ဆွေးနွေးဖို့လိုအပ်ပါတယ်။ ကလေးငယ်ကို ဘာကြောင့် ပြုလုပ်သင့်တယ်၊ တက်သင့်တယ်ဆိုတာကို စိတ်ရှည်ရှည်နဲ့ နားလည်အောင် ရှင်းပြရပါမယ်။ အဓိက က မေမေတို့ စိတ်ရှည်ဖို့ လိုအပ်ပါတယ်။

(၂) အငိုတိတ်အောင်ပြုလုပ်ခြင်း

ကလေးငယ်ကို အငိုတိတ်အောင် ရိုက်တာ၊ ခြောက်တာနဲ့ အော်ဟစ်တာတွေက နုနယ်တဲ့ သူတို့လေးတွေရဲ့ စိတ်ကို ဒဏ်ရာရစေပါတယ်။ ကလေးငိုတဲ့အခါ ညင်ညင်သာသာချော့တာ ဒါမှမဟုတ် ဒီအတိုင်းထားလိုက်ပါ။ ငိုလို့ဝသွားတဲ့အခါ ရပ်သွားပါလိမ့်မယ်။ အငိုတိတ်မှ မေမေတို့ စိတ်ရှည်ရှည် ပြောပြပေးပါ။

(၃) နှိုင်းယှဉ်ခြင်း

ကိုယ့်ကလေးကို တခြားကလေးတွေနဲ့ မနှိုင်းယှဉ်ပါနဲ့နော်။ ကလေးငယ်တွေရဲ့ စိတ်က နူးညံ့တာကြောင့် နှိုင်းယှဉ်ခံရတာ များလာတဲ့အခါ မနာလိုစိတ်နဲ့ ဒဏ်ရာတွေ ဝင်ရောက်လာပါတယ်။

(၄) ငယ်လွန်ခြင်း

ကလေးငယ်ကို ငယ်လွန်းတယ်ဆိုပြီး သူတို့လေးတွေရဲ့ စိတ်ဝင်စားမှုကို မသိကျိုးကျွန်ပြုတာ၊ လူရာမသွင်းတာနဲ့ အနိုင်ကျင့်တာတွေက ကလေးငယ်ရဲ့ စိတ်ကို ဒဏ်ရာတွေ ရစေပါတယ်။

(၅) နားမထောင်ခြင်း

ကလေးငယ်ပြောတဲ့ စကားကို နားမထောင်တာ၊ မသိသလိုနေတာနဲ့ အရာမသွင်းတာတွေများလာတာကလည်း သူတို့လေးတွေရဲ့ စိတ်ကို ဒဏ်ရာတွေ ရလာစေပါတယ်။

ကလေးငယ်တွေကို အနားလည်ဆုံးသူက မေမေတို့ပါ။ မေမေတို့က ကလေးငယ်ရဲ့ စိတ်ခံစားချက်၊ လိုအပ်ချက်နဲ့ အပြုအမူတွေအားလုံး နားလည်တဲ့သူပါ။ ဘာကြောင့် ကလေးငယ်ရဲ့ လိုအပ်ချက်တွေကို မေမေတို့က သိနေရတာလဲ။ ကလေးငယ်ရဲ့ တစ်နေ့တာ အချိန်ဇယားတွေကို မေမေတို့က စီမံခန့်ခွဲပေးနေရတာကြောင့် အားလုံးကို သိနေရခြင်းဖြစ်ပါတယ်။

သားသားမီးမီးလေးတွေ အားကျရတဲ့ စံပြနမူနာ ဖေဖေ မေမေ ဖြစ်ဖို့ ကြိုးစားတာဟာ နည်းနည်းတော့ မလွယ်ပါဘူး။ ဒါပေမယ့် ဖေဖေ မေမေတို့မှာ စိတ်အားထက်သန်မှုနဲ့ ကြိုးစားအားထုတ်မှုလေးသာ ကောင်းမယ်ဆိုရင် သားသားမီးမီးလေးတွေ အားကျရတဲ့ စံနမူနာ ဖြစ်ပြီနော်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles