သားသားမီးမီးလေးတွေရဲ့ ဖြူစင်တဲ့စိတ်ထားလေး အရောင်တွေမဆိုးမိစေဖို့

by: Nang Htwe
 0 comments  0 love

မကြာခဏ ရိုက်တာတွေနဲ့ ဆူငေါက်တာတွေက သားသားမီးမီးလေးတွေရဲ့ စိတ်ကိုခြောက်ခြားစေပြီး အကြောက်လွန်ကာ ဖေဖေမေမေတို့ကို အမှန်မပြောတော့တာတွေ ရှိလာနိုင်ပါတယ်။

ရိုးသားမှုက လောကမှာအရေးကြီးပါတယ်။ ဒါ့ကြောင့် သားသားမီးမီးလေးတွေ ငယ်စဉ်ကတည်းက ရိုးသားမှုရဲ့ တန်ဖိုးကို သိအောင် မေမေဖေဖေတို့ သွန်သင်ဆုံးမဖို့ လိုပါတယ်။ သားသားမီးမီးလေးတွေရဲ့ လက်ဦးဆရာက မိဘတွေဖြစ်တာကြောင့် မေမေဖေဖေတို့ကလည်း သားသားမီးမီးလေးတွေရဲ့အပေါ် ရိုးသားအောင် နေထိုင်ဖို့လည်းလိုပါတယ်။

သားသားမီးမီးလေးတွေ ငယ်စဉ်ကတည်းက ရိုးသားမှုရဲ့ တန်ဖိုးကို သိအောင် မေမေဖေဖေတို့ သွန်သင်ဆုံးမဖို့ လိုပါတယ် (Photo by tintm)

သားသားမီးမီးလေးတွေ ရိုးသားခြင်းကို တန်ဖိုးထားတတ်အောင်

၁။ ရိုးသားပါ

သားသားမီးမီးလေးတွေရဲ့ စံပြဖြစ်တဲ့ မေမေဖေဖေတို့ ရိုးသားမှသာ သူတို့လေးတွေကလည်း အတုယူနိုင်မှာပါ။ သားသားမီးမီးလေးတွေအပေါ် ကတိတွေပေးထားခဲ့ရင်လည်း တည်ဖို့လိုပါတယ်။ အားလပ်ရက်မှာ ကစားကွင်းလိုက်ပို့ပေးမယ်လို့ ကတိပေးထားတယ်ဆိုပေမယ့်လည်း တကယ်တမ်းရောက်လာတဲ့အခါမှာ အကြောင်းအမျိုးမျိုးကြောင့် လိုက်မပို့ပေးနိုင်ခဲ့ရင် သူတို့လေးတွေ ဝမ်းနည်းရပါတယ်။ ဒီလိုကိစ္စတွေများလာတဲ့အခါမှာ သူတို့ရဲ့စိတ်ထဲမှာ မေမေဖေဖေတို့ကို အယုံအကြည်နည်းလာပြီး သူတို့လေးတွေမှာလည်း မေမေဖေဖေတို့နဲ့နည်းတူ ကတိမတည်တာတွေ၊ မရိုးသားတာတွေ ဖြစ်လာနိုင်ပါတယ်။

၂။ အကြောက်လွန်ခြင်း

မေမေဖေဖေတို့အနေနဲ့  သားသားမီးမီးလေးတွေကို ကြောက်အောင်ဆုံးမခြင်းက လိမ်ညာမှုတွေ ဖြစ်ပေါ်စေပါတယ်။ မကြာခဏ ရိုက်တာတွေနဲ့ ဆူငေါက်တာတွေက သားသားမီးမီးလေးတွေရဲ့ စိတ်ကိုခြောက်ခြားစေပြီး အကြောက်လွန်ကာ ဖေဖေမေမေတို့ကို အမှန်မပြောတော့တာတွေ ရှိလာနိုင်ပါတယ်။

ကလေးပုံပြင်လေးတွေက သားသားမီးမီးလေးတွေရဲ့ စိတ်ကို လွမ်းမိုးစေပါတယ် (Photo by wikipedia)

၃။ ပုံပြင်များ

သားသားမီးမီးလေးတွေကို ကလေးပုံပြင်တွေ ဖတ်ပြပါ။ ကလေးပုံပြင်လေးတွေက သားသားမီးမီးလေးတွေရဲ့ စိတ်ကို လွမ်းမိုးစေပါတယ်။ ရိုးသားခြင်းကို အခြေခံထားတဲ့ ပုံပြင်တွေနဲ့ အမှန်တရားပုံပြင်တွေက သားသားမီးမီးလေးတွေမှာ ဖြူစင်တဲ့စိတ်ကောင်းတွေဖြစ်ပေါ်ဖို့ အထောက်အကူပြုပါတယ်။

၎။ သင်ကြားပေးပါ

အမှန်တရားကို သင်ကြားပေးပါ။ သားသားမီးမီးလေးတွေက သင်ယူတက်မြောက်ခြင်းတွေ မြန်ဆန်တာကြောင့် အမှန်တရားကိုလည်းသင်ကြားပေးဖို့လိုပါတယ်။ အမှားအမှန်ခွဲခြားခြင်း၊ အမှန်တရားရဲ့ အကျိုးကျေးဇူးတွေနဲ့ ရိုးသားမှုမရှိခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ပြောပြပေးပါ။

၅။ ချီးမွမ်းပါ

ကောင်းမွန်တဲ့ အပြုအမူတွေကိုဆောင်ရွက်တဲ့အခါမှာ ချီးကျူးပါ။ ကောင်းမွန်ကြောင်း ထောက်ခံပါ။ ရိုးသားမှုက သားသားမီးမီးလေးတို့ရဲ့ ဘဝမှာ မရှိမဖြစ်လိုအပ်တာကြောင့် လက်ဦးဆရာဖြစ်တဲ့ မေမေဖေဖေတို့အနေနဲ့ ငယ်စဉ်ကတည်းက သင်ကြားပေးဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles