မေမေတို့ စဉ်းစားရမယ့် ကလေးတွေ ဘာကြောင့်ဆိုးရလဲ

by: Nang Htwe
 0 comments  1 love

သားသားမီးမီးလေးတွေ စိတ်တိုလွယ်တာ၊ ဒေါသကြီးတာနဲ့ ဆိုးနေတာတွေကို မေမေတို့ ဘယ်လိုဖြေရှင်းပေးရမှန်းမသိ ဖြစ်နေနိုင်ပါတယ်

သားသားမီးမီးလေးတွေ စိတ်တိုလွယ်တာ၊ ဒေါသကြီးတာနဲ့ ဆိုးနေတာတွေကို မေမေတို့ ဘယ်လိုဖြေရှင်းပေးရမှန်းမသိ ဖြစ်နေနိုင်ပါတယ်။ သားသားမီးမီးလေးတွေ ဒီလိုဖြစ်နေတာ အကြောင်းအရင်းတွေရှိပါတယ်။ အကြောင်းအရင်းတွေကိုသိမှာသာ ဘယ်လိုဖြေရှင်းရမယ်ဆိုတာ မေမေတို့ သိမှာပါ။

သားသားမီးမီးလေးတွေ စိတ်တိုလွယ်တာ၊ ဒေါသကြီးတာနဲ့ ဆိုးနေတာတွေကို မေမေတို့ ဘယ်လိုဖြေရှင်းပေးရမှန်းမသိ ဖြစ်နေနိုင်ပါတယ် (Photo by www.merries.co.id)

သားသားမီးမီးလေးတွေ ဆိုးနေရတဲ့ အကြောင်းအရင်းများ

ဗိုက်ဆာနေခြင်း

သားသားမီးမီးလေးတွေ ဗိုက်ဆာနေတဲ့အခါ ဒါမှမဟုတ် ဆာလောင်နေချိန်မှာ မေမေတို့က ထမင်းဟင်းချက်လို့မပြီးသေးတာမျိုးနဲ့ မအားသေးတာမျိုး အချိန်မှာ ကလေးငယ်တွေ ဒေါသကြီးတတ်ပါတယ်။ ဒါကြောင့် မေမေတို့အနေနဲ့ မအားသေးဘူးဆိုရင် အဆာပြေမုန့်လေးတွေကို ကျွေးထားနိုင်ပါတယ်။

အိပ်ရေးမဝတာ

ညအိပ်ချိန်နည်းတာနဲ့ မနက်စောစောထရတာတွေကြောင့်လည်း သားသားမီးမီးလေးတွေမှာ စိတ်မကြည်တာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အိပ်ရေးဝဝ အိပ်ခိုင်းဖို့ လိုအပ်ပါတယ်။

လုံခြုံမှု

သားသားမီးမီးလေးတွေက အရွယ်ရောက်လာနဲ့အမျှ ရှက်တတ်လာပါတယ်။ ဒါကြောင် အိမ်သာ၊ ရေချိုခန်း အသုံးပြုတဲ့အခါ လုံလုံခြုံခြုံ ပြုလုပ်ပေးသင့်ပါတယ်။

စိတ်ပူ

ကလေးငယ်တွေမှာလည်း လူကြီးတွေလို စိုးရိမ်ပူပန်မှုတွေရှိကြပါတယ်။ ဒီစိုးရိမ်ပူပန်မှုတွေကနေ ဒေါသအသွင်ပြောင်းသွားနိုင်ပါတယ်။ ဒါကြောင့် သားသားမီးမီးလေးတွေ ဘာစိုးရိမ်လဲဆိုတာ စုံစမ်းပါ။

ကြောက်ရွံ့ခြင်း

ကြောက်ရွံ့တဲ့စိတ် များနေတယ်ဆိုရင်လည်း ကလေးငယ်မှာ ဒေါသကြီးနေတတ်ပါတယ်။

လွမ်းမိုးခြင်း

ကလေးငယ် တီဗီကြည့်နေတဲ့အချိန် ဒါမှမဟုတ် ဆော့နေတဲ့အချိန်မှာ မေမေတို့က တားဆီးတာ၊ သိမ်းဆည်းတာမျိုး ပြုလုပ်တဲ့အခါမှာ ဒေါသထွက်လာပါတယ်။ ဒါကြောင့် စည်းကမ်းလေးတွေ ထားသင့်ပါတယ်။

သားသားမီးမီးလေးတွေမှာ စိတ်မလုံခြုံတဲ့ ပြဿနာ ကြုံရတယ်ဆိုရင်လည်း ဒေါသထွက်တာနဲ့ ခပ်ပေပေဖြစ်တာမျိုး ကြုံရနိုင်ပါတယ် (Photo by radionursery.com)

စိတ်မလုံခြုံခြင်း

သားသားမီးမီးလေးတွေမှာ စိတ်မလုံခြုံတဲ့ ပြဿနာ ကြုံရတယ်ဆိုရင်လည်း ဒေါသထွက်တာနဲ့ ခပ်ပေပေဖြစ်တာမျိုး ကြုံရနိုင်ပါတယ်။

မေ့တာ

မေမေဖေဖေတို့က သားသားမီးမီးလေးတွေကို မေ့နေတာ၊ ဂရုစိုက်နည်းတာနဲ့ ကတိမတည်တာတွေက ကလေးငယ်တွေ စိတ်တိုစေပါတယ်။

စိတ်ပျက်

သားသားမီးမီးလေးတွေကို ပိတ်ပင်တာ၊ တာမြစ်တာနဲ့ မလုပ်ခိုင်းတာတွေက ကလေးငယ်တွေ စိတ်ပျက်စေလာပါတယ်။

ဝမ်းနည်းခြင်း

ဝမ်းနည်းလွယ်တဲ့ ကလေးငယ်တွေနဲ့ နာကျင်မှုစိတ်ဒဏ်ရာရှိတဲ့ သားသားမီးမီးလေးတွေမှာ ဒေါသထွက်လွယ်ပါတယ်။

တွန်းအားပေးခြင်း

ကလေးငယ်ကို တွန်းအားပေးတာ၊ ဖိနှိပ်တာ၊ အတင်လုပ်ခိုင်းတာနဲ့ သားသားမီးမီးလေးတွေ မကြိုက်တဲ့ အရာတွေ ပြုလုပ်ခိုင်းတာက သူတို့လေးတွေ ဒေါသထွက်လာပြီး ဆိုးလာစေပါတယ်။

ကန့်သတ်တာနဲ့ချုပ်ချယ်တာ

သားသားမီးမီးလေးတွေအပေါ် ကန့်သတ်တာနဲ့ ချုပ်ချယ်မှုတွေ ပြုလုပ်တာက စိတ်ထွက်ပေါက်အဖြစ် ဒေါသထွက်လာစေပါတယ်။

စိတ်ဖိစီးမှုတွေများတဲ့ သားသားမီးမီးလေးတွေမှာလည်း ဒေါသကြီးပါတယ် (Photo by Freepik)

ဝါသနာ

ကလေးငယ်ရဲ့ ဝါသနာကို မထောက်ခံတာနဲ့ ပိတ်ပင်တာတွေကလည်း သူတို့လေးတွေ ဒေါသထွက်လာစေပါတယ်။

စိတ်ဖိစီးမှု

စိတ်ဖိစီးမှုတွေများတဲ့ သားသားမီးမီးလေးတွေမှာလည်း ဒေါသကြီးပါတယ်။

ကြမ်းတမ်းတဲ့ စကားများ

ကလေးငယ်တွေအပေါ် ကြမ်းတမ်းတဲ့ စကားတွေ မကြာခဏ အသုံးပြုတာကလည်း သူတို့လေးတွေ ဆိုးလာစေပါတယ်။

ဆုံးမခြင်း

မေမေဖေဖေတို့ရဲ့ မှားယွင်းတဲ့ ဆိုဆုံးမမှုတွေက ကလေးငယ်တွေကို ဆိုးလာစေပါတယ်။

သားသားမီးမီးလေးတွေ ဘာကြောင့်ဆိုးနေတယ်ဆိုတာကို မေမေဖေဖေတို့ အကြောင်းအရင်းရှာဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: Childrenreasons


Comments

0 comments
Latest video
Refer to more useful articles