လှပပြီးထက်မြက်တဲ့ ကလေးတွေဖြစ်အောင် မိဘတွေက ဘယ်လိုစောင့်ရှောက်မလဲ

by: Nang Htwe
 0 comments  0 love

ဦးနှောက်သုံးပြီး ဆော့ကစားရတဲ့ အရုပ်တွေ၊ သချာင်္ဂဏန်းတွေနဲ့ သင်ကြားနည်းတွေကို မကြာခဏ ဆော့ခိုင်းသင့်ပါတယ်။ ဥာဏ်ရည်ထက်မြက်လာစေပါတယ်။

လိမ္မာပါးနပ်တဲ့ ကလေးလေးတွေ ဖြစ်လာစေချင်တာကလည်း မေမေဖေဖေတို့ရဲ့ ဆန္ဒတစ်ခုပါ။ ကလေးငယ်တွေ လိမ္မာပါးနပ်ဖို့က ဥာဏ်ရည်မြင့်မားနေဖို့ လိုအပ်ပါတယ်။ ကလေးငယ်တွေရဲ့ ဥာဏ်ရည်မြင့်မားဖို့က မေမေ၊ ဖေဖေတို့ရဲ့ ဂရုစိုက်စောင့်ရှောက်မှုအပေါ် အများကြီးမူတည်နေပါတယ်။ လိမ္မာပါးနပ်ပြီး ထက်မြက်တဲ့ ကလေးငယ်ဖြစ်လာအောင် မေမေဖေဖေတို့ ဘယ်လို လမ်းညွှန်ပေးလို့ရနိုင်တယ်ဆိုတာ Kalay ကနေ ပြောပြပေးမယ်နော်။

လိမ္မာပါးနပ်တဲ့ ကလေးလေးတွေ ဖြစ်လာစေချင်တာကလည်း မေမေဖေဖေတို့ရဲ့ ဆန္ဒတစ်ခုပါ (Photo by Closer magazine)

လိမ္မာပါးနပ်ပြီး ထက်မြက်တဲ့ ကလေးငယ်ဖြစ်လာအောင်

မွေးခွန်းများမေးခြင်း

သားသားမီးမီးလေးတွေ အသက်(၃)နှစ်ကျော်လာပြီဆိုရင် မေမေဖေဖေတို့ကို မေးခွန်းတွေ မေးလာပါတယ်။ ငှက်တွေ ဘာကြောင့် ကောင်းကင်မှာ ပျံတာလဲဆိုတဲ့ မေးခွန်းပုံစံလေးတွေပါ။ ဒီလို မေးမြန်းစူးစမ်းနေချိန်မှာ မေမေဖေဖေတို့က နားလည်သလောက် ပြန်လည်ရှင်းပြပေးရပါမယ်။ ဒီလို တိတိကျကျ နားလည်လွယ်တဲ့ ပုံစံနဲ့ ကလေးငယ်တွေကို ရှင်းပြပေးတာက လေ့လာလိုစိတ်ကို တိုးမြင့်ပေးပြီး လိမ္မာပါးနပ်လာစေပါတယ်။ မေမေဖေဖေတို့ သတိထားဖို့က ကလေးငယ်တွေ မေးခွန်းတွေ မေးတဲ့အခါ စိတ်မရှည်တာ၊ ပြန်မဖြေတာနဲ့ မသိသလို ပုံစံပြုလုပ်တာတွေကို လုံးဝရှောင်ရှားရပါမယ်။

စာအုပ်ဖတ်ခြင်း

ကလေးငယ်ကို မကြာခဏ စာအုပ်ဖတ်ပြတာ၊ ပုံပြင်ပြောပြတာနဲ့ ရုပ်ပုံလေးတွေကို ပြသပေးခြင်းတွေက ဥာဏ်ရည်ဖွံ့ဖြိုးမှုကို အထောက်အကူရစေပါတယ်။ အရုပ်ပုံလေးတွေပါတဲ့ စာအုပ်လေးတွေက သူတို့လေးတွေ စာဖတ်ချင်စိတ်များလာအောင် လှုံ့ဆော်ပေးပါတယ်။ ကလေးငယ်ရဲ့ စာဖတ်စွမ်းရည် မြင့်လာတာနဲ့အမျှ လိမ္မာပါးနပ်လာပါတယ်။

ပြဿနာများဖြေရှင်းခြင်း

ကလေးငယ်တွေ ပြဿနာကြုံတွေ့လာခဲ့ရင် မေမေဖေဖေတို့က ရှေ့ကနေ ဖြေရှင်းပေးတာမျိုး မပြုလုပ်ဘဲ သားသားမီးမီးလေးတွေကို ဖြေရှင်းနည်းသင်ပေးသင့်ပါတယ်။ ပြဿနာတွေကို ကိုယ်တိုင်ဖြေရှင်းခြင်းဖြင့် လိမ္မာပါးနပ်လာပါတယ်။

ချီးမွမ်းခြင်း

ကလေးငယ်ရဲ့ ကောင်းတဲ့ ကိုယ်နှုတ်အမူအရာလေးတွေကို မေမေဖေဖေတို့ ချီးမွမ်းပေးရပါမယ်။ ဒီအပြုအမူဟာ မှန်ကန်ကြောင်းနဲ့ မြတ်နိုးသင့်ကြောင်း ကလေးငယ်တွေရဲ့ စိတ်ထဲ စွဲမြဲသွားပြီး လိမ္မာပါးနပ်ပြီး ထက်မြက်လာပါတယ်။

လိမ္မာထက်မြက်တဲ့ ကလေးငယ်တွေ ဖြစ်လာဖို့ဆိုတာ အတွေးအခေါ်တွေ ကောင်းနေဖို့ လိုအပ်ပါတယ် (Photo by Can Stock Photo)

ရည်မှန်းချက်များ

ဒီအသက်အရွယ်လေးတွေမှာ ရည်မှန်းချက်တွေ ခိုင်ခိုင်မာမာတော့မရှိသေးပါဘူး။ ဒါပေမယ့်လည်း ကလေးငယ်တွေကို ရည်မှန်းချက် အတိုလေးတွေ ချထားခိုင်းသင့်ပါတယ်။ ဥပမာ ပုံပြင်စာအုပ်တစ်အုပ်ပြီးအောင်ဖတ်ခိုင်းတာမျိုးနဲ့ ပုံတစ်ပုံကို ပြီးဆုံးအောင်ဆေးရောင်ခြယ်ခိုင်းတာမျိုး ပြုလုပ်ခိုင်းသင့်ပါတယ်။ ဒါဆိုရင် ကလေးငယ်ရဲ့ အသိဥာဏ်ထဲမှာ ခိုင်မာတဲ့ ရည်မှန်းချက်တွေဖြစ်လာပြီး ထက်မြက်တဲ့ ကလေးငယ် ဖြစ်လာပါတယ်။

လေ့ကျင့်ခန်း

ကလေးငယ်တွေကို လေ့ကျင့်ခန်းနေ့စဉ်မှန်မှန် ပြုလုပ်ပေးတာက ကိုယ်ခံစွမ်းအားကောင်းစေပြီး ကျန်းမာစေတဲ့အပြင် ဦးနှောက်သွေးစီးဆင်းမှုကို လှုံ့ဆော်ပေးပါတယ်။ ဥာဏ်ရည်ထက်မြက်တဲ့ ကလေးငယ် ဖြစ်လာစေပါတယ်။

ဦးနှောက်အသုံးပြုခြင်း

ဦးနှောက်သုံးပြီး ဆော့ကစားရတဲ့ အရုပ်တွေ၊ သချာင်္ဂဏန်းတွေနဲ့ သင်ကြားနည်းတွေကို မကြာခဏ ဆော့ခိုင်းသင့်ပါတယ်။ ဥာဏ်ရည်ထက်မြက်လာစေပါတယ်။

သိချင်စိတ်ကို အားပေးခြင်း

ကလေးငယ်တွေရဲ့ သဘာဝက စပ်စုပါတယ်။ ဒီလိုစပ်စုတာကို မေမေဖေဖေတို့ အားပေးရပါမယ်။ ကလေးငယ်တွေကို မေးခွန်းတွေမေးခိုင်းပါ။ မေမေဖေဖေတို့ကလည်း ကလေးငယ်ဆီကို အဖြေနဲ့ ထင်မြင်ချက်တွေ တောင်းခံပါ။ နေရာပေးပါ။

အတွေးအခေါ်

လိမ္မာထက်မြက်တဲ့ ကလေးငယ်တွေ ဖြစ်လာဖို့ဆိုတာ အတွေးအခေါ်တွေ ကောင်းနေဖို့ လိုအပ်ပါတယ်။ အတွေးအခေါ် မြင့်တင်ပေးနိုင်တဲ့ ပုံပြင်စာအုပ်တွေ၊ ကစားနည်းတွေနဲ့ စဉ်းစားခိုင်းတဲ့ ပုံစံမျိုးတွေကို မကြာခဏ ပြုလုပ်ပေးပါ။

ပါးနပ်ပြီး ထက်မြက်တဲ့ ကလေးငယ်တွေဖြစ်လာအောင် မေမေတို့အနေနဲ့ စနစ်တကျ ဂရုစိုက်လမ်းညွှန်ပေးဖို့ လိုအပ်ကြောင်း Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

 

 

 

 

 

 

 

 

 

 

 

From Kalay with

Tag: clever kidstips

Comments

0 comments
Latest video