သားသားမီးမီးလေးတွေ စိတ်ဓါတ်ကျသွားနိုင်တဲ့ မိဘတွေရဲ့ စကားများ

by: Nang Htwe
 1 comments  1 love

ကလေးငယ်ရဲ့ စိတ်ခံစားချက်ကို ဂရုမစိုက်တာ၊ လှောင်ရီတာနဲ့ အထင်မကြီးတဲ့ စကားလုံးတွေ ပြောတာက  သူတို့လေးတွေကို စိတ်ဓါတ်ကျသွားစေပါတယ်။

သားသားမီးမီးလေးတွေရဲ့ နူးညံ့လှတဲ့စိတ်ထားလေးက ခံစားရလွယ်ပါတယ်။ တစ်ခါတစ်လေ မေမေတို့ရဲ့ စေတနာစကားတွေက ကလေးငယ်ကို စိတ်ဓါတ်ကျသွားနိုင်ပါတယ်။

သားသားမီးမီးလေးတွေက နူးညံ့လှတဲ့စိတ်ထားလေးက ခံစားရလွယ်ပါတယ် (Photo by saovui.net)

အော်ဟစ်ခြင်း

ကလေးငယ်တွေရဲ့ စိတ်ထားဟာ နူးညံ့လွန်းတာကြောင့် မေမေတို့က ဒေါသနဲ့အော်ဟစ်လိုက်တယ်ဆိုရင် အကြောက်လွန်ပြီး ဝမ်းနည်းသွားစေပါတယ်။ မကြာခဏ အော်ခံနေရမယ်ဆိုရင် ကလေးငယ် စိတ်ဓါတ်ကျလာနိုင်ပါတယ်။ ကလေးငယ် အကြောက်လွန်ပြီး ဘာလုပ်ရမှန်းမသိအောင် အမှားအမှန်မခွဲခြားနိုင်တာမျိုး ကြုံရနိုင်ပါတယ်။

စိတ်ခံစားချက်

ကလေးငယ်ရဲ့ စိတ်ခံစားချက်ကို ဂရုမစိုက်တာ၊ လှောင်ရီတာနဲ့ အထင်မကြီးတဲ့ စကားလုံးတွေ ပြောတာက  သူတို့လေးတွေကို စိတ်ဓါတ်ကျသွားစေပါတယ်။

အရှက်ခွဲခြင်း

ဆွေမျိုး၊ မိတ်ဆွေ၊ မောင်နှမ၊ သူငယ်ချင်းတွေရှေ့မှာ ကလေးငယ်ရဲ့ အားနည်းချက်ကို ပြောပြတာ၊ လှောင်ရယ်ကြတာနဲ့ နှိမ်တာတွေက ကလေးငယ်ကို စိတ်ဓါတ်ကျသွားစေပါတယ်။

အပြစ်လွှဲချခြင်း

မေမေဖေဖေတို့ရဲ့ အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြြေခင်းတွေကို ကလေးငယ်အား လွှဲချတာ ဒါမှမဟုတ် အပြစ်ပုံချတာတွေက ကလေးငယ်ကို စိတ်ဓါတ်ကျသွားစေပါတယ်။

ကလေးငယ် ကြောက်အောင် မကြာခဏ ခြိမ်းခြောက်ပြောဆိုတာကလည်း သူတို့လေးတွေ စိတ်ဓါတ်ကျသွားစေပါတယ် (Photo by Sittercity.com)

ကြောက်အောင်ပြောခြင်း

သားသားမီးမီးလေးတွေကို ကြောက်အောင်ခြိမ်းခြောက်တာတွေကလည်း ကလေးငယ်ကို စိတ်ဓါတ်ကျဆင်းသွားစေပါတယ်။

ရိုက်နက်ခြင်း

ကလေးငယ်ကို မကြာခဏ ရိုက်နက်တာတွေကလည်း သူတို့လေးတွေ စိတ်ဓါတ်ကျသွားနိုင်တဲ့ အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။

ခိုင်းစေခြင်း

သားသားမီးမီးလေးတွေကို အတင်းအကျပ် ခိုင်းစေတာနဲ့ သူတို့လေးတွေ မလုပ်ချင်တဲ့အရာတွေကို ပြုလုပ်ခိုင်းတာတွေက ကလေးငယ်တွေ စိတ်ဓါတ်ကျသွားစေပါတယ်။

မယုံကြည်ခြင်း

ကလေးငယ်အပေါ် ယုံကြည်မှုတွေမရှိတာ၊ မယုံကြည်တဲ့စကားတွေပြောတာနဲ့ သံသယဝင်တာတွေက သားသားမီးမီးလေးတွေ စိတ်ဓါတ်ကျသွားစေပါတယ်။

ခြိမ်းခြောက်

ကလေးငယ် ကြောက်အောင် မကြာခဏ ခြိမ်းခြောက်ပြောဆိုတာကလည်း သူတို့လေးတွေ စိတ်ဓါတ်ကျသွားစေပါတယ်။

ကြမ်းတမ်းတဲ့စကားများ

ကလေးငယ်ကို ကြမ်းကြမ်းတမ်းတမ်း စကားတွေပြောတာ၊ ဆဲတာနဲ့ ဆူငေါက်တာတွေကလည်း သူတို့လေးတွေကို စိတ်ဓါတ်ကျစေနိုင်ပါတယ်။

သားသားမီးမီးလေးတွေ စိတ်ဓါတ်ကျသွားနိုင်တဲ့ အမူအရာတွေ၊ စကားတွေနဲ့ ရိုက်နက်တာတွေ မပြုလုပ်ဖို့ Kalay ကနေ ပြောပြပေးလိုက်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles