ကလေးတွေနဲ့ သင့်တော်တဲ့ လေ့ကျင့်ခန်းရွေးချယ်နည်း

by: Nang Htwe
 0 comments  0 love

ကလေးဟာဆိုရင် အားကစားကို သူငယ်ချင်းတွေနဲ့အတူတူ ပြုလုပ်ရလို့ ပျော်ရွှင်မှုတွေရရှိစေသလို အိမ်မှာ ကခုန်တာကလည်း ကလေးငယ်အတွက် ပျော်စရာကောင်းပါတယ်

ကလေးငယ်တွေ အားကစားလုပ်ခြင်းက ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှု၊ ကျန်းမာရေး အတွက်သာမက ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းမွန်လာစေပါတယ်။ ဘောလုံးကစားတာ၊ ကခုန်တာနဲ့ တောင်တက်တာတွေက ကလေးငယ်တွေ အကြိုက်ဆုံး အားကစားတွေပါ။ တစ်ယောက်နဲ့တစ်ယောက် ဝါသနာပါတာချင်းတော့ မတူညီကြပါဘူး။

မေမေတို့ရေ ကလေးတွေဝါသနာပါတဲ့ အားကစားကို နေ့တိုင်းပြုလုပ်ဖို့ တိုက်တွန်းသင့်ပါတယ် (Photo by Kildare Now)

နှလုံးကျန်းမာရေး

နှလုံးက နေ့တိုင်း၊ အချိန်တိုင်း အလုပ်လုပ်ပါတယ်။ အေရိုးဗစ်လေ့ကျင့်ခန်း လုပ်တာက နှလုံးကျန်းမာရေးကို ပိုမိုကောင်းမွန်လာစေပါတယ်။ အေရိုးဗစ်လေ့ကျင့်ခန်းလုပ်တဲ့အခါ လေကို ရှူထုတ်ပိုမိုလုပ်တာကြောင့် နှလုံးအတွက် အောက်စီဂျင်တွေ ပိုရလာသလို ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးအတွက်လည်း အောက်စီဂျင်တွေ လုံလုံလောက်လောက် ရလာပါတယ်။ ရှူလိုက်တဲ့လေကနေ အောက်စီဂျင်ကိုယူပြီး နှလုံးကနေတဆင့် ခန္ဓာကိုယ်အနှံ့ ရှောက်ရှိပါတယ်။

ကလေးတွေအတွက် နှလုံးကျန်းမာရေးကောင်းတဲ့ အားကစားတွေကတော့

  • ရေကူး
  • ဘတ်စကက်ဘော
  • ဟော်ကီ
  • လမ်းလျှောက်
  • စကိတ်စီး
  • ဘောလုံး
  • စက်ဘီးစီးနဲ့
  • ကြိုးခုန်တို့ ဖြစ်ပါတယ်။

ကြွက်သားသန်မာစေတဲ့ လေ့ကျင့်ခန်းတွေကတော့

  • ဒိုက်ထိုးတာ
  • ပြေးတာ
  • ခုန်တာနဲ့
  • စက်ဘီးစီးတာတွေပါ။

အိမ်မှာ ကခုန်တာကလည်း ကလေးငယ်အတွက် ပျော်စရာကောင်းပါတယ် (Photo by Mommy Nearest)

ခန္ဓာကိုယ် Flexible ဖြစ်စေတဲ့ လေ့ကျင့်ခန်းတွေကတော့

  • ကျွမ်းဘား
  • ယောဂ
  • ကခုန်နဲ့
  • ကရာတေး တို့ဖြစ်ပါတယ်။

ကောင်းမွန်ခြင်း

ကလေးဟာဆိုရင် အားကစားကို သူငယ်ချင်းတွေနဲ့အတူတူ ပြုလုပ်ရလို့ ပျော်ရွှင်မှုတွေရရှိစေသလို အိမ်မှာ ကခုန်တာကလည်း ကလေးငယ်အတွက် ပျော်စရာကောင်းပါတယ်။ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်တာက ကလေးတွေက စိတ်ထားကောင်းမွန်ကြတယ်လို့ လေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အခါ ဦးနှောက်ထဲက ပျော်ရွှင်စေတဲ့ ဓါတုဓါတ်တွေ ထုတ်လုပ်ပေးပါတယ်။ နောက်ပြီး လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့ ကလေးတွေက ဥာဏ်ကောင်းပြီး အိုင်ဒီယာအသစ်တွေ ရရှိပိုင်ဆိုင်စေပါတယ်။

မေမေတို့ရေ ကလေးတွေဝါသနာပါတဲ့ အားကစားကို နေ့တိုင်းပြုလုပ်ဖို့ တိုက်တွန်းသင့်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: exercise


Comments

0 comments
Latest video
Refer to more useful articles