သားသားမီးမီးတွေရဲ့ ဝမ်းပြဿနာ ကာကွယ်ဖို့ ဘယ်တွေကို အဓိကထားစားရမလဲ

by: Nang Htwe
 0 comments  0 love

အစာအိမ်အူလမ်းကြောင်းက ကျန်းမာသန်စွမ်းနေရပါမယ်။ ကျန်းမာသန်စွမ်းနေမယ်ဆိုရင် သားသားမီးမီးတွေ ဝမ်းမလျှောသလို ဝမ်းမချုပ်တော့ပါဘူး

သားသားမီးမီးတွေ အများဆုံးရင်ဆိုင်ရတဲ့ ပြဿနာတွေထဲမှာ ဝမ်းချုပ်တာနဲ့ ဝမ်းလျှောတာလည်း ပါပါတယ်။ အထူးသဖြင့် အခုလို မိုးရာသီမျိုးမှာ သားသားမီးမီးတွေ ဝမ်းလျှောတာကို ကြုံရပါတယ်။ ဝမ်းလျှောတာရောနဲ့ ဝမ်းချုပ်တာတွေ မဖြစ်ရလေအောင် သားသားမီးမီးတွေကို ကာကွယ်မှုတွေ ပြုလုပ်ပေးထားသင့်ပါတယ်။ အမျှင်ဓါတ်ကြွယ်ဝတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေနဲ့ Prebiotic ပါတဲ့ အစားအသောက်တွေကို နေ့တိုင်းကျွေးရပါမယ်။ အစာအိမ်အူလမ်းကြောင်းတစ်လျှောက်မှာ ကောင်းတဲ့ပိုးတွေ ရှိဖို့ အရေးကြီးပြီး မကောင်းတဲ့ ပိုးတွေကို တိုက်ခိုက်ဖို့အတွက်ပါ။ အစာအိမ်အူလမ်းကြောင်းက ကျန်းမာသန်စွမ်းနေရပါမယ်။ ကျန်းမာသန်စွမ်းနေမယ်ဆိုရင် သားသားမီးမီးတွေ ဝမ်းမလျှောသလို ဝမ်းမချုပ်တော့ပါဘူး။

အခုနောက်ပိုင်း သားသားမီးမီးတွေအတွက် သီးသန့်ထုတ်ထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ Prebiotic ထည့်သွင်းလာတာကို တွေ့ရပါတယ် (Photo by טבע סטוק)

Prebiotic ကြွယ်ဝတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များ

Prebiotic အများစုကို အမျှင်ဓါတ်ကြွယ်ဝတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်နဲ့ ပဲအမျိုးမျိုးတို့မှာ တွေ့ရပါတယ်။ တချို့အမျှင်ဓါတ်တွေကို ခန္ဓာကိုယ်က ကြေအောင် ချေဖြတ်နိုင်ခြင်းမရှိတာကိုလည်း တွေ့ရပါတယ်။ Prebiotic ဟာဆိုရင် မချေဖြတ်နိုင်တဲ့ အမျှင်ဓါတ်တွေကို ကောင်းမွန်အောင် ချေဖြတ်ပေးပါတယ်။ ဒါက Prebiotic ရဲ့ အားသာချက်ပါ။ Prebiotic ကြွယ်ဝတဲ့ အမျှင်ဓါတ်တွေကတော့

  • ပဲအမျိုးမျိုး
  • oat
  • ငှက်ပျောသီး
  • စတော်ဘယ်ရီ
  • ကညွတ်
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ပန်းသီး
  • မုန်လာဥနီ
  • သခွားသီး
  • ဂေါ်ဖီထုပ်
  • ကန်စွန်းဥ
  • ခရမ်းချဉ်သီးနဲ့
  • သရက်သီး စတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံအများစုတို့မှာ တွေ့ရပါတယ်။

Prebiotic ထည့်သွင်းထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းများ

Prebiotic က သားသားမီးမီးတွေအတွက် အလွန်အရေးကြီးပါတယ်။ ဒါကြောင့် အခုနောက်ပိုင်း သားသားမီးမီးတွေအတွက် သီးသန့်ထုတ်ထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ Prebiotic ထည့်သွင်းလာတာကို တွေ့ရပါတယ်။ နို့နဲ့ နို့ထွက်ပစ္စည်းတွေက သားသားမီးမီးတွေရဲ့ တစ်နေတာမှာ အရေးကြီးတဲ့ အစားအသောက် ကဏ္ဍတစ်ရပ်အနေနဲ့ ရှိနေပါတယ်။ သားသားမီးမီးတွေ ကြီးထွားဖွံ့ဖြိုးဖို့နဲ့ ဥာဏ်ရည်မြင့်မားဖို့အတွက် အရေးကြီးပါတယ်။ မနက်စာ စားချိန်မှာ နို့တစ်ခွက်ပါသလို၊ ညအိပ်ချိန်မှာလည်း နို့တစ်ခွက် တိုက်ပေးပါတယ်။ နောက်ပြီး သရေစာမုန့်ပြုလုပ်တဲ့အခါမှာလည်း နို့ကို ထည့်သွင်းအသုံးပြုပါတယ်။နို့နဲ့ နို့ထွက်ပစ္စည်းတွေထဲမှာ မေမေတို့က သားသားမီးမီးတွေအတွက် အဓိကရွေးချယ်တာက နို့မှုန့်ပဲဖြစ်ပါတယ်။  ဒါကြောင့် Prebiotic ထည့်သွင်းထားတဲ့ နို့မှုန့်ကိုမေမေတို့ ရွေးချယ်ပေးမယ်ဆိုရင် ဝမ်းချုပ်တာ၊ ဝမ်းလျှောတာနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ဖြေရှင်းပြီးသား ဖြစ်သွားပါမယ်။

Prebiotic အများစုကို အမျှင်ဓါတ်ကြွယ်ဝတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်နဲ့ ပဲအမျိုးမျိုးတို့မှာ တွေ့ရပါတယ် (Photo by Liefdeslicht )

သားသားမီးမီးတွေအတွက် အသက်အရွယ်အလိုက် သီးသန့်ထုတ်လုပ်ထားပြီး Prebiotic ထည့်သွင်းထားတဲ့ နို့မှုန့်ကို မေမေတို့ ရွေးချယ်ပေးမယ်ဆိုရင် နို့မှာပါတဲ့ ကယ်ဆီယမ်၊ ပရိုတိန်း၊ ဗီတာမင် D၊  Riboflavin၊ ဖော့စဖောရပ်၊ ပိုတတ်ဆီယမ်၊ ဗီတာမင် A,B12 နဲ့ Niacin တို့ပါဝင်တာကြောင့်

  • အရိုးတွေကို သန်မာစေခြင်း
  • ကယ်ဆီယမ်စုပ်ယူမှု အားကောင်းခြင်း
  • စွမ်းအင်တွေရရှိခြင်း
  • ကြွက်သားတွေသန်မာလာခြင်း
  • သွေးဖိအား မှန်ကန်ခြင်း
  • အမြင်အာရုံနဲ့ အသားအရည် ကောင်းမွန်လာခြင်း
  • သွေးနီဆဲလ်တွေအတွက် အထောက်အကူပြုခြင်းနဲ့

Prebiotic ပါဝင်တာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်း ကောင်းမွန်လာစေပြီး

  • ဝမ်းချုပ်တာနဲ့ ဝမ်းလျှောတာ နည်းသွားခြင်း
  • အူလမ်းကြောင်းတစ်လျှောက်မှာ ကောင်းတဲ့ ဘက်တီးရီးယားတွေ တိုးလာခြင်း
  • အူမကြီးနဲ့ ပတ်သက်တဲ့ ရောဂါများ ဖြစ်ပွားနှုန်းနည်းသွားခြင်း
  • ကင်ဆာရောဂါကို ကာကွယ်ပေးခြင်းနဲ့
  • ဆဲလ်တွေကို ကျန်းမာစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ထပ်မံရလာစေပါတယ်။

 

 

 

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို စီးပွားဖြစ်လုပ်ကိုင်နေသော မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with

Tag: diaryfoodsPrebiotic

Comments

0 comments
Latest video
Refer to more useful articles
x