သံဓာတ်လိုအပ်ချက် ဖြည့်ဆည်းခြင်းက စာသင်တဲ့အရွယ်မှာ သင်ယူနိုင်စွမ်းမြင့်မား

by: Swe Mar
 0 comments  1 love

ကြက်သား၊ ဝက်သား၊ အမဲသား၊ အသည်း၊ ပဲအမျိုးမျိုးစတဲ့ အစားအသောက်တွေကနေ သံဓာတ်အာဟာရကို သဘာဝနည်းနဲ့ ရရှိစေမှာ ဖြစ်ပါတယ်

မေမေတို့ရဲ့ သားသားလေး ကျောင်းနေအရွယ်ရောက်တဲ့အခါ  ကျောင်းသင်ခန်းစာအပြင် တခြားသင်ယူလေ့လာစရာကိစ္စရပ်တွေကို သင်ယူနိုင်စွမ်းဟာ တခြားကလေးတွေထက် နောက်မကျဖို့ လိုအပ်ပါတယ်။ ဒီလိုနောက်မကျဖို့က အာဟာရလိုအပ်မှုတွေကို ဖြည့်ဆည်းဖို့ အရေးကြီးပါတယ်။ သင်ယူလေ့လာနိုင်စွမ်းကောင်းမွန်ဖို့အတွက် ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်ကတော့ သံဓာတ်အာဟာရပဲဖြစ်ပါတယ်။

သံဓာတ်လုံလောက်ဖို့ ဘာကြောင့်လိုအပ်တာလဲ

ဟေမိုဂလိုဘင်ထုတ်လုပ်ဖို့ ခန္ဓာကိုယ်က အသုံးပြုတဲ့ အရေးကြီးအာဟာရကတော့ သံဓာတ်ပဲဖြစ်ပါတယ်။ ဟေမိုဂလိုဘင်မရှိရင် ခန္ဓာကိုယ်က ကျန်းမာတဲ့ သွေးနီဥတွေကို မထုတ်လုပ်နိုင်တော့ဘူး။ ကလေးရဲ့ ကြွက်သား၊ တစ်ရှုးနဲ့ ဆဲလ်တွေမှာ အောက်ဆီဂျင်မရရှိနိုင်တော့ဘူး။ နို့စို့တဲ့ကလေးတွေကတော့ အမေတွေဆီကနေ သံဓာတ်ကိုရရှိနိုင်ပါတယ်။ သံဓာတ်ကြွယ်ဝတဲ့ နို့မှုန့်တွေလည်း အများကြီးရှိပါတယ်။ (၆)လကျော်လို့ နို့စို့တာနဲ့တင်မလုံလောက်တော့တဲ့ ကလေးတွေအတွက် သံဓာတ်လုံလောက်ဖို့ အထူးအရေးကြီးလှပါတယ်။ တချို့ကလေးတွေ သံဓာတ်ချို့တဲ့မှုတွေ ဖြစ်တတ်ကြပါတယ်။

သံဓာတ်ချို့တဲ့ လာတဲ့အခါ

သံဓာတ်ချို့တဲ့တဲ့အခါ သင်ယူမှုနဲ့ အပြုအမူဆိုင်ရာ ကိစ္စရပ်တွေ၊ လူမှုရေးဆိုင်ရာ တက်ကြွလှုပ်ရှားမှုတွေ အားနည်းလာပြီး ကိုယ်လက်လှုပ်ရှားမှုနှေးကွေးခြင်းနဲ့ ကြွက်သားအားလျော့လာတာ စတာတွေဖြစ်ပေါ်ပါလိမ့်မယ်။ သံဓာတ်က ခုခံစနစ်အတွက် အရေးကြီးပါတယ်။ သံဓာတ်မလုံလောက်မှုက ကူးစက်ရောဂါတွေကိုဖြစ်စေတယ်။ တုတ်ကွေးနဲ့ ကူးစက်ရောဂါတွေကို ဖြစ်ပေါ်စေပါတယ်။

ကြက်သား၊ ဝက်သား၊ အမဲသား၊ အသည်း၊ ပဲအမျိုးမျိုးစတဲ့ အစားအသောက်တွေကနေ သံဓာတ်အာဟာရကို သဘာဝနည်းနဲ့ ရရှိစေမှာ ဖြစ်ပါတယ်။

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles