သားသားမီးမီးတို့ ခန္ဓာကိုယ်သန်စွမ်းစေဖို့ အရိုးကျန်းမာရေးကို ဂရုစိုက်ကြပါစို့

by: Khin Nyein Lwin
 0 comments  1 love

အရိုးကြီးထွားဖွံ့ဖြိုးမှုဟာ ကလေးအရွယ်မှာ အလျင်အမြန်ဆုံးဖြစ်ပါတယ်။ ကလေးငယ်တွေ အရွယ်ရောက်လာ ချိန်မှာ အရပ်နဲ့ကိုယ်အလေးချိန် ဖွံ့ဖြိုးမှုကို ရရှိဖို့အတွက် သူတို့လေးတွေ ငယ်ရွယ်စဉ်အချိန်မှာ ပြည့်စုံသော အာဟာရဓာတ်ကို ထောက်ပံ့ပေးဖို့လိုအပ်ပါတယ်။

အရိုးသိပ်သည်းဆနည်းတဲ့ ကလေးတွေဟာ အရိုးကျိုးတာတွေဖြစ်တတ်ပါတယ်။

မိဘတစ်ဦးအနေဖြင့် မိမိတို့ရဲ့ ချစ်စရာသားသမီးလေးများကို အကောင်းဆုံးဖွံ့ဖြိုးမှုရရှိစေဖို့ အထောက်အပံ့ပေးလိုကြမှာပါ။ ဒါကြောင့် သူတို့လေးတွေရဲ့ အရိုးကျန်းမာရေးကို အထောက်အကူပြုစေမည့် အာဟာရဓာတ်အကြောင်းနဲ့ အရိုးကျန်းမာရေးအတွက် လုပ်ဆောင်သင့်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

အရိုးတည်ဆောက်ဖို့အတွက် လိုအပ်သော အာဟာရဓာတ်များ

ကြီးထွားဖွံ့ဖြိုးဖို့အတွက် ကျန်းမာသန်စွမ်းသော အရိုးများရရှိစေဖို့ အောက်ဖော်ပြပါ အာဟာရဓာတ်များ အလွန်အရေးကြီးပါတယ်။

  • ကယ်လ်စီယမ် – အရိုးနဲ့ သွားများ ဖွဲ့စည်းမှု၊ တည်ဆောက်မှုနှင့် ၄င်းတို့ သန်မာစေရန် အထောက်အကူပြုပါတယ်။
  • ဗီတာမင် ဒီ – ကယ်လ်စီယမ်စုပ်ယူမှုကို မြှင့်တင်ပေးပြီး အရိုးအဆစ်များသန်မာစေရန် ထိန်းသိမ်းပေးပါတယ်။
  • ဖော့စ်ဖရပ်စ် ကယ်လ်စီယမ်ဖော့စဖိတ်ဖြစ်ပေါ်စေရန် ကယ်လ်စီယမ်နှင့် ပေါင်းစပ်ပေးပြီး အရိုးများသန်မာစေရန် အထောက်အကူပြုပါတယ်။
  • မဂ္ဂနီဆီယမ် ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ မဂ္ဂနီဆီယမ် ရဲ့ ၅၀ ရာခိုင်နှုန်းဟာ အရိုးထဲမှာ တွေ့ရှိရတာဖြစ်ပြီး အရိုးတွေရဲ့ ဖွဲ့စည်းတည်ဆောက်မှုအတွက် အထောက်အကူပြုပါတယ်။

ကျန်းမာသန်စွမ်းတဲ့အရိုးတွေရရှိစေမယ့်အချက်များ

  • ကယ်လ်စီယမ်ကို မမေ့ပါနဲ့ – ကလေး နေ့စဉ်စားသုံးတဲ့ အာဟာဓါတ်တွေထဲမှာ နို့နဲ့ အခြား ကယ်လ်စီယမ်ကြွယ်ဝတဲ့ အစားသောက်တွေ ပါဝင်ပါစေ။

         (၁နှစ်ကနေ ၃နှစ်အရွယ် ကလေးတွေဆိုရင် တစ်နေ့ကို ကယ်လ်စီယမ် 500mg ရရှိရန် လိုအပ်ပြီး အသက် ၄ နှစ်ကနေ ၆နှစ်အရွယ် ကလေးတွေဆိုရင်တော့ တစ်နေ့ကို 600mg၊7နှစ်ကနေ ၉နှစ်အရွယ်ဆိုရင်တော့ တစ်နေ့ကို 700mg အထိ လိုအပ်ပါတယ်။)

  • နေ့စဉ်စားတဲ့အစားအသောက်တွေဟာ အာဟာရဓာတ်မျှတပါစေ– နေ့စဉ်စားသောက်တဲ့ အစားအစာတွေဟာ အာဟာရဓာတ်ပြည့်စုံမျှတပြီး အရိုးကျန်းမာဖို့အတွက် ဗီတာမင်နဲ့ သတ္တုဓာတ်တို့ပါဝင်ဖို့လိုအပ်ပါတယ်။
  • အစာအာဟာရဓါတ်တွေကို လုံလောက်စွာခန္ဓာကိုယ်ကစုပ်ယူထားပါစေ– ကယ်လစီယမ်ဓါတ်တွေကို စုပ်ယူနိုင်ဖို့ ဗီတာမင် D ဟာ မရှိမဖြစ်လိုအပ်တာကြောင့်  ဗီတာမင် D ရရှိဖို့ဟာ အရေးကြီးပါတယ်။
  • အမြဲတစေတက်ကြွလန်းဆန်းနေပါစေ– ကျန်းမာသန့်ရှင်းတဲ့ အစားအသောက်တင်မကဘဲ၊ လှုပ်လှုပ်ရှားရှားအားကစားပြုလုပ်ခြင်းဟာလည်း အရိုးဖွံ့ဖြိုးဖို့ အခြေခံအချက်ပဲဖြစ်ပါတယ်။ အသက်အရွယ်ချင်းစီအလိုက်သင့်လျော်ပြီးနေ့စဉ်ပုံမှန်လုပ်နိုင်မယ့် ခန္ဓာကိုယ်လှုပ်ရှားမှုမျိုးကိုပြုလုပ်ပေးပါ။

ဒါ့အပြင် PediaSure က သင့်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို မြှင့်တင်စေရန် အထောက်အကူပြုပေးနိုင်တာကြောင့်  သင့်ကလေးရဲ့အစားအစာထဲမှာ PediaSure ကို ဖြည့်စွက်စာတစ်ခုအဖြစ် ထည့်သွင်းစဉ်းစားနိုင်ပါတယ်။ PediaSure တွင် ပါဝင်သော ပရိုတင်း၊ ကယ်လ်စီယမ်နှင့် ဗီတာမင် ဒီ တို့က သင့်ကလေးရဲ့ အရိုးနဲ့ ကြွက်သားများ ဖွံ့ဖြိုးစေဖို့အထောက်အကူပြုပါတယ်။ 

PediaSure မှာ ကလေးတွေနေ့စဉ်လိုအပ်တဲ့ အာဟာရဓါတ် (၃၇)မျိုး ပါဝင်ပြီး ကိုယ်ခံစွမ်းအားနှင့် ကြီးထွားဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးနိုင်ရန် သိပ္ပံနည်းကျ စီမံဖော်စပ်ထားတာကြောင့် ကလေးတွေရဲ့ အရပ်နဲ့ ကိုယ်အလေးချိန်ကို အကောင်းဆုံးကြီးထွားဖွံ့ဖြိုးမှုကို ရရှိစေနိုင်မှာဖြစ်ပါတယ်။  PediaSure သည် ပရိုတင်း၊ သတ္တုဓာတ်နှင့် ဗီတာမင်များအတွက် US စားသောက်မှုဆိုင်ရာ ညွှန်းဆိုမှုစံ နှုန်းကိုပြည့်မှီအောင် ပေးစွမ်းနိုင်သည့် အသက် ၃ နှစ်မှ ၁၀ နှစ် ကလေးငယ်များ သောက်သုံးနိုင် သော ဖော်စပ်ဖြည့်စွက်စာ ဖြစ်ပါတယ်။

Ref. https://abbottfamily.com.sg/articles/science/bone-development

Kalay.com.mm မှ ရေးသားဖော်ပြနေသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များမှ Facebook Page များအတွက် ပြန်လည်ကူးယူခြင်း၊ ဆင်တူယိုးမှား ဖော်ပြခြင်းများ မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။
From Kalay with



Comments

0 comments
Latest video
Refer to more useful articles
x