ဗိုက်နာတယ်ဆိုတာ ဘာလဲ?
ညပိုင်း ကလေးဗိုက်နာလို့ ကလေး ငိုတယ်။ အိပ်မပျော်ဘူး။ ညသန်းခေါင်ကျော်သွားတဲ့အချိန် အိပ်ပျော်သွားတယ်။ မနက်ခင်း ဗိုက်နာတာရှိနေသေးတယ်။ အဲဒီအချိန်ကြမှ ကလေးမှ မေမေဖေဖေတို့ကို ညက ဗိုက်နာနေတဲ့အကြောင်း ပြောပြကြတာပါ။
ကလေးတွေက ဗိုက်နာနာချင်း လူကြီးတွေကို ချက်ချင်းမပြောပါဘူး။ တော်တော်ကြာတဲ့အထိမပျောက်မှ မိဘကို ပြောတာပါ။

ကလေးတွေက ဗိုက်နာနာချင်း လူကြီးတွေကို ချက်ချင်းမပြောပါဘူး (Photo by Scholastic)
ဘာကြောင့် ဗိုက်နာတာလဲ?
ဗိုက်နာတာက အပြင်ကနေ မြင်ရတဲ့ပြဿနာ မဟုတ်ပါဘူး။ ဗိုက်နာတဲ့ ပြဿနာတွေ အများကြီးရှိတယ်။ ကလေးအများစု ဗိုက်နာတာက အစာအိမ်နဲ့ အူလမ်းကြောင်း ကြောင့်ပါ။
လေ
ကာဗွန်ပါတဲ့အချိုရည်တွေ၊ ကော်ဖီ၊ စပ်တဲ့အစားအစာတွေ အစားများရင် လေနာနိုင်တယ်။ ပြီးတော့ အချဥ်အစားများတဲ့အခါ ဒါမှမဟုတ် ပဲအစားများတဲ့အခါမှာလည်း လေနဲ့ပတ်သက်တဲ့ ပြဿနာကြောင့် ဗိုက်နာနိုင်တယ်။
ဝမ်းချုပ်
ဝမ်းချုပ်လွန်းတာကြောင့်လည်း ဗိုက်နာတတ်တယ်။
အစားများတာ
အများကြီးစားတာ၊ တနင့်တပိုးစားတာတွေကြောင့်လည်း ဗိုက်နာနိုင်တယ်။
Lactose
နွားနို့နဲ့ နွားနို့ကနေ လုပ်ထားတဲ့ အစားအသောက်တွေထဲမှာ Lactose ပါပါတယ်။ တချို့ကလေးတွေက Lactose နဲ့ မတည့်ပါဘူး။
စိတ်ဖိစီးမှု
စိတ်ဖိစီးမှုတွေများရင်လည်း ဗိုက်နာတတ်ပါတယ်။

ကလေးဗိုက်နာတဲ့အခါ ဆရာဝန်နဲ့ ပြတာအကောင်းဆုံးပါ (Photo by Kids Clinic)
ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယား
ကလေးနေထိုင်ရာပတ်ဝန်းကျင်က ဗိုင်းရပ်စ်နဲ့ ဘက်တီးရီယား ကူးစက်ခံရတာကြောင့် ဗိုက်နာနိုင်တယ်။
အူအတက်
အူအတက်ရောင်တာကြောင့်လည်း ကလေးဗိုက်နာနိုင်တယ်။
ဓါတ်မတည့်တာ
အစားအသောက်အချို့နဲ့ မတည့်လို့လည်း ဗိုက်နာတာအထိ ဖြစ်လာနိုင်တယ်။
ဘယ်လိုကုသမလဲ?
ကလေးဗိုက်နာတဲ့အခါ ဆရာဝန်နဲ့ ပြတာအကောင်းဆုံးပါ။ ဆရာဝန်က ဗိုက်နာတာ သက်သာအောင် သောက်ရမယ့်ဆေး ညွှန်ကြားပေးမှာပါ။ အူအတက်ရောင်ရင်တော့ ခွဲစိတ်ကုသမှု ပြုလုပ်ပေးပါလိမ့်မယ်။ စိတ်ဖိစီးမှုကြောင့်ဆိုရင်တော့ စိတ်ပညာရှင်ကျွမ်းကျင်သူတွေဆီ လွဲပြောင်းပေးမှာပါ။
Comments